Part 1

20 2 0
                                    

    လူတိုင်းက ပြောကြတယ် "ထက် နင်ရူးနေပြီ သိလား "  "ကိုယ့်ကိုယ့်ကို ထိန်းဦးနော် မဟုတ်သေးဘူး နင့်ကြည့်ရတာ ပုံမှန်ကို မဟုတ်တော့ဘူးဟာ" "နင့်လဲ တစ်နေ့ တခြား ပိုရူးလာတယ်ဟာ" ဟုတ်ပါတယ် ကျွန်မလဲ ကျွန်မကိုယ် ကျွန်မ ခံယူထားပါတယ် အချစ်ရူးဆိုပြီးတော့ပေါ့..  လူတိုင်းလဲ အချစ်ကိုယ်စီ ရှိကြတာပဲ ကျွန်မလဲ ချစ်တတ်တာပေါ့ရှင်။ ကျွန်မ အရမ်းချစ်တဲ့ သူတစ်ယောက်လဲရှိတာပေါ့ ဒါပေမဲ့ အဲ့ကျွန်မ ချစ်နေတဲ့သူက ဘယ်သူဖြစ်နေလဲဆိုတော့ .. ဟိုး ကောင်းကင် ထက်က တိမ်လေးကို ဖမ်းယူနေသလိုပါပဲ ဟုတ်ပါတယ် အဲ့ ကောင်းကင်ထက် က တိမ်တိုက်လေးပါပဲ သူက တော့ ဟိုး ကျွန်မနဲ့ မိုင် ထောင် ပေါင်းများစွာ ဝေးတဲ့ Korea မှာ iKON ဆိုပြီး နာမည်ကြီးနေတဲ့ Boy Group ထဲ က Kim HanBin (B.I ) ဆိုတဲ့ ကောင်လေးပဲပေါ့ရှင်.. ဟင်းဟင်း.. ကျွန်မ ခုလိုပြောပြလိုက်တော့ ရှင်တို့လဲ ကျွန်မ ကို အရူးတစ်ယောက်လို့ထင်သွားကြပြီမလား .. ဟုတ်ပါတယ် ကျွန်မဆိုတဲ့ ထက် ဟာ အဲ့ Kim HanBin ဆိုတဲ့ တိမ်တိုက်လေး ကို ချစ်မိနေတာပါ..
                      ~~~    ~~~      ~~~
  "Hey ထက် ဘာလုပ်နေတာလဲ" ယု က ကျွန်မကိုမေးပါတယ်.. " ဪ နင်ကလဲ ထုံးစံ အတိုင်းပေါ့အေ Oppa တွေ သီချင်းနားထောင်နေတာပေါ့ဟ ဟီး" "အေးအေး စာမေးပွဲက နောက်အပတ်နော် ကြည့်လဲလုပ်ဦး" "အေးပါဟဲ့ မျက်စိမှိတ်ဖြေမှာပေါ့လို့ ဟီဟီ" "အေးပါဟယ် နင်လဲ နင့်iKON KONလိုက်ဦး ငါလဲ ငါ့Oppaတွေကို stalk လိုက်ဦးမယ်" ယု က ပြောပြောဆိုဆိုနဲ့ သူ့ ဖုန်းနဲ့ အလုပ်ရှုပ်နေပါတော့တယ်"
ထိုစဉ် ကျွန်မလဲ သီချင်းအေးအေးနဲ့ fb newsfeed လေးကိုပွတ်နေပါတော့တယ်.. "Ooneul mohae naeil mohae🎶.. အာာာာာားးးးးးးး!!! Daebak !!!မဖြစ်နိုင်တာ miedo andwaeeeee!!!!!" ကျွန်မ သတင်း တစ်ပုဒ်ကြည့်ပြီး အော်လိုက်မိတာပါ.. "ဟဲ့ ဟဲ့ ထက် ဘာဖြစ်တာလဲ အကောင် တွေလို့လား ဘာလဲ ဘာဖြစ်တာလဲ??!!! " ယုတို့ အုပ်စုက အလန့်တကြားနဲ့မေးကြပါတယ်။ ကျွန်မက " ယု ရေㅠㅠ အားးးး ယု ရေ" ဆိုပြီး ပြောရော ယု က "ဟဲ့ ကမ ဘာဖြစ်နေတာတုန်းက ပြောမှာပြောစမ်းပါ နင့်ဟာက လဲ Yang Papa comeback တစ်ခု လုပ်ဖို့ အရေး ဆန့်တစ်ငင်ငင်လုပ်ပေးနေသလိုပဲ" လို့ပြောပါတယ်. " ယု iKON မြန်မာပြည်လာမယ်တဲ့" "LOL ကမ ရွှီးမနေနဲ့ ရူးနေလားညမအိပ်တာများပြီး ဂေါက်သွားပြီလား????"
"!!!!! ဟာာာာာာ!! မဟုတ်ဘူးဟ တကယ်ပြောနေတာဟ တကယ်ဟ" ကျွန်မပြောသံတွင် ငိုသံ ပါနေလေပြီ~ "ဒီမှာကြည့်  Lion Gold company က iKON ကိုခေါ်ပြီး ပွဲကျင်းပပေးမှာတဲ့" "ဟယ် ပြစမ်း!!!!!" ပြောပြောဆိုဆိုနဲ့ ကျွန်မဖုန်းကို ယူပြီးကြည့်လိုက်ပါတယ်
  "LION GOLD Company မှ Korea နိုင်ငံမှ နာမည်ကြီး Boy Group iKON ကို ဖိတ်ခေါ်၍ ပွဲကျင်းပမည်"

"Omo??! ဟုတ်တယ်ဟ ထက်ရေ နင်တော့ ကံကောင်းတာပေါ့ဟ!! နင် bkk ပွဲတုန်းကလဲ မသွားရဘူးလေ!! ခု နင့်ဘက်ကို ကံတွေက ရောက်လာပြီ!! တူတူသွားကြည့်မယ်နော် အိမ်ကိုရအောင် ပြောထားနော် ရမှာပါ သိလား!!" ဟု ယုကပြောသည်.. ကျွန်မလေ ဝမ်းသာအားရနှင့် ခေါင်းငြိမ့်ပြီး " အင်း ကြည့်မှာပေါ့ဟ လုံးဝကိုကြည့်မှာ!!!! နန်းတို့ မွန်မွန် တို့ နင်တို့လဲ လိုက်ကြည့်နော် .... နော် နော်... " "အေးပါဟဲ့ ကြည့်မှာပေါ့ဟဲ့! စိတ်ချ"

ကျွန်မလေ အိမ်ပြန်ရောက်သည်ထိ ရင်တွေခုန် နှလုံးတွေ တုန်နေတုန်းပဲ ဒါ အိပ်မက်လား ဘာလားဆိုတာလဲ ကိုယ့်ကိုယ်ကို ဆွဲစိတ် ပါးရိုက်ကြည့်လို့လဲ လက်တွေ ပါးတွေနီရဲနေပြီ သိလား ဟီးဟီး.. ပျော်လိုက်တာရှင် .. အိမ်က လူတွေကို ပြောပြတော့ ကြည့်ဆိုပြီး ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုကြတယ် ဘယ်ခွင့်မပြုပဲ နေမလဲရှင် သူတို့သမီးအရူးမက နေ့တိုင်း HanBin HanBin နဲ့ဖြစ်နေမှတော့ ခု အဲ့ HanBin ကိုယ်တိုင်က ဒီထိလာပြီဆိုတော့ ခွင့်ပြုတာပေါ့!! ကျွန်မလေ အဲ့ညက ပြောလွန်းလို့ အိပ်တောင် အိပ်မပျော်ဘူး .. ဖင်လှည့် ခေါင်းလှည့်နဲ့ ညကို ကုန်ဆုံးခဲ့တယ်

နောက်နေ့ရောက်တော့ ကျွန်မ Lion Gold company ကိုဖုနိးဆက်ပြီး ဘယ်နေ့ ပွဲရက် Oppa တွေ လာမဲ့ရက်ကိုမေးပြီး အိမ်ကိုလိုအပ်တာတွေပြောထားတယ်.
ကျွန်မတော့ ပျော်လွန်းလို့ အစားတောင် သိပ်မစားနိုင်ဘူးရယ်..ဪ. Oppa တွေလာမာဆိုတော့ သူတို့သိအောင် message လေးပို့ဦးမှ!! Instagram ကိုဖွင့်ပြီး imnobody_95 ကိုရှာပြီး စာရိုက်လိုက်ပါတယ်..
" Opppa Annyeong နေကောင်းလား? Oppa တို့ မြန်မာနိုင်ငံလာမယ်ဆို? မျှော်နေပါတယ် နောက်ဆုံးတော့ Oppa တို့ကို တွေ့ရတော့မယ်!!! Yay!!! HanBin Oppa ရော နေကောင်းလား သူ ည သုံးလေး နာရီတွေ အထိ နေတုန်းလားဟင်??? Oppa သူ့ကိုပြောပေးပါနော် ကိုယ့်ကိုယ် ဂရုစိုက်ပါလို့ Oppa တို့တွေ အကုန်လုံးလဲ နေကောင်းအောင် နေကြနော်.. မကြာခင် တွေ့ရတော့မှာပါ.. I love you all💕 Saranghae ❤️😭" send ဆိုတဲ့ ခလုပ်လေးနှိပ်ပြီး ကျွန်မပြုံးနေလိုက်သည်.. ပျော်နေတယ်လေ မကြာခင်တွေရတော့မှာပါ ဆိုပြီး အရင်ကတော့ Oppa တွေဆီ ဒီလို စာတွေပို့ရင် မရေရာ မသေချာတွေနဲ့ မျော်လင့်နေရာ ခုတော့ တကယ်တွေ့ရပါပြီလေ..

Kekekeke thx for reading my ff.. ^^
I will try to update quickly ~ xoxo 💕

Romance of a Fan girlWhere stories live. Discover now