Part 2

8 1 0
                                    

   "ဟူး ဘာလိုလိုနဲ့ Oppa တွေတောင် နောက်တစ်ပတ်ဆို လာတော့မယ်ဟေးးးးးးး" ကျွန်မ ယုကို လှမ်းပြောလိုက်ပါတယ်။ " အေးဆိုဟဲ့ နင့် အစားငါတို့တွေတောင် ရင်ခုန်နေတာ..အဲ့ချိန်ကျ နင် သူ့တို့ကို တွေ့တဲ့ချိန် မေ့လဲမသွားနဲ့ဦးနော်" ယုက စနောက်နောက်နောက်နဲ့ ကျွန်မကို ပြောလေသည်•• "အမလေး စိတ်ချ ဒေါ်ယု ရေ မလဲစေရဘူး သူ့တို့ မျက်နှာလေးတွေကို မျက်လုံးထဲ စွဲသွားအောင်ကို သေချာကြည့်ပစ်မှာ ဟွန်း" ကျွန်မကလဲ ရယ်ရင်းနဲ့ ပြန်ပြောသည်.. ပြောသာပြောရသည် တကယ်အပြင်မှာတွေ့ရင် ကျွန်မဒီလို ရယ်နိုင်ဦးမလားဆိုတာ မသိပါ..မေ့လဲနိုင်ခြေလဲတကယ်ရှိသည်.. xD မြန်မာနိုင်ငံသို့ MONSTAX တို့လာတုန်းငကင် ကျွန်မတို့တည်းတဲ့ hotel ကို သူတို့တွေရောက်လာတော့ လူကောင်ကြီးလိုက်ရှေ့မှာမြင်ရတော့ ခြေဖျားလက်ဖျားများ အေးပြီ ဘာမှမပြောနိုင်ပဲ ဆွံ့အခဲ့ရတာကို ခုထိမှတ်မိသေးသည်.. ကျွနိမ ဒီတစ်ခါရော MonstaX တွေကို ကံကောင်းစွာတွေ့ခဲ့ရသလို ကျွန်မရဲ့ iKON Babies လေးတွေကို အနီးကပ်တွေ့နိုင်ပါမလား.. စိုးရိမ်စိတ်တွေ ရင်မောနေခဲ့ပါတယ်. HanBin လေးဘလိုတွေ Fanservice ပေးမလဲ သူတို့အကုန် ဒီကလူတွေကို မြင်ရင် ဘလို တွေ လုပ်ပြမလဲ ကျွန်မ အစုံ အစုံတွေရင်းနဲ့ အိပ်မက်ပေါင်းများစွာမက်ပြီး ကျော်ဖြတ်ခဲ့ပါတယ်.
One week Later..
ဟော.. iKON Show week ကိုရောက်ပါပြီ ကျွန်မမျှော်လင့်စောင့်စားနေရတဲ့ရက်တွေ ရောက်လာပြီလေ.. ကျွန်မ ရန်ကုန်သွားဖို့အတွက် ပြင်ဆင်နေပြီလေ.. လိုအပ်တဲ့ ပစ္စည်းတွေ ထည့်နေချိန် မေမေက အနားရောက်လာပါတယ်.. "ဟဲ့ ပစ္စည်းတွေက များလှချည်လား? ဟင် အင်္ကျီ တွေ ဘာတွေကနဲနဲလေးကါ ဒီ အထုပ်တွေက ဘာတုန်းဟဲ့??" "ဟီး မေကလဲ ဒါတွေက Oppa တွေ အတွက်လေ.. ဒီ ဦးထုပ်လေးက JinHwan အတွက် JinHwan Oppa ကိုသိတယ်မလား ပုပုလေးနဲ့လေ သမီးတောင် 13cm လို့ခေါ်သေးတယ်လေ.. ပြီးတော့ ဒီ အရုပ်လေးကလဲ သူ့အတွက်ပဲ.. ချစ်စရာကောင်းလို့ သူနဲ့တူလို့.. ဒီအင်္ကျီ ဘောင်းဘီနဲ့က Junhwe အတွက်လေ အသက်ပြည့်တာမှမကြာသေးဘူး ကဲနေတဲ့ sexy လေးလေ ဟီးး.. ဒါကတော့ DongDong အတွက်အင်္ကျီ.. ဒါက Chanu လေးအတွက် အရုပ် နဲ့ အင်္ကျီ ဒါက YoYo အတွက် Lipsbalm အရုပ်.. ဒါက Bobby အတွက် ယုန်ရုပ် ဟီးဟီး သူက ယုန်လေးနဲ့တူတယ်လေ မေမေ သိတယ်မလား..? ပြီးတော့ ဒီခေါင်းစည်းပုဝါလေးတွေကလ သူ့အတွက်ပဲ သူက အဲ့လိုလေးတွေကြိုက်တယ်.. ကဲ ဟောဒီဟာတွေကတော့ မေ့ သမက် သမီးယောကျာ်း HanBin အတွက်တွေလေ.. ဒါက MickeyMouseအရုပ် ဒါက အင်္ကျီ ဘောင်းဘီ ပြီးတော့ သူ့အတွက် သမီး သူ့ကိုသတိရရင် အမြဲရေးထားတဲ့ စာအုပ်  အဲ့ဒါရောပေးမှာ.. လက်စွပ်တွေ ဆွဲကြိုးတွေ လက်ကောက်တွေကတော့ ၇ယောက်လုံးအတွက်ကါတယ်လေ.. ဒါက Konbat လေ မေမေ ပွဲရောက်ရင်ကဲရမှာ ဒီ LightStick ကြီးနဲ့.." ကျွန်မကတော့ မမောနိုင် မပန်းနိုင်နဲ့ ရှင်းပြနေပါတယ် မေမေကတော့ " အမလေးဟဲ့ တော်ပါတော့ ညည်းလဲ မြန်မြန်သွားမှ ဘာမှကိုနားမလည်နိုင်ဘူး ဟွန်း .. " ဆိုပြီး ထွက်သွားသည်.. ကျွန်မကတော့ ကျွန်မfeeling နဲ့ကျွန်မ အပျော်တွေလွန်ပြီး နေနေပါသည်. Oppa တွေဆီ msg ပို့ဦးမှ..
to imnobody_95
Oppa ရေ သဘက်ခါဆိုရင်တွေ့ရတော့မယ်နော် ဒီကတော့ ရင်တွေတောင်ခုန်နေပြီ မြန်မြန် oppaa တို့ကိုတွေ့ချင်နေပြီ .. Airport မှာလဲ လာကြိုမယ်နော် gifts လေးတွေ အဲ့ကျပေးလိုက်မှာ မြန်မြန်တွေ့ချင်ပြီ Oppa ရယ်.. နေကောင်းအောင်နေနော် ဒီမှာ အသားကုန်ကဲဖို့ အားတွေစုထား ဟီဟီ I Love you all Bye Saranghae "
ကျွန်မပြောချင်တာတွေပြောချပြီး ဖုန်းကိုပိတ်လိုက်ပါတယ်.. သီချင်းလေးနားထောင်ရင်းနဲ့ အိပ်ပြီလေ မနက်ဖြန် မနက် မြန်မြန်ရောက်ချင်လို့ပေါ့.. Hanbinah GoodNight❤️

Part2 already finished.. Thx for reading my ff .. xoxo 💕

Romance of a Fan girlWhere stories live. Discover now