Ace of Wolves-6

284 39 4
                                    

'ဟင် ဒါ Greatwallက ရလာတဲ့ ၀ှက်စာနောက်တခုပေါ့ ဟုတ်လား ဘယ်နှယ့်သစ်သားတုံးကြီးလည်း မသိဘူး အပေါ်မှာ ထွင်းထားတာကလည်း စာလား သင်္ကေတလား ဟူး ခေါင်းစားခြင်း အစ်စ် နော့ မိုင်စတိုင်'

သဲလွန်စ သစ်သားပြားကိုကြည့်ပြီး ဗြစ်တောက်ဗြစ်တောက်လုပ်နေသော Kristineပုံစံကိုကြည့်ပြီး Chanyeolကတော့ အ ပါပေ့ဟူသော မျက်နှာပေးနှင့် (Chanyeolသည် ဘယ်ဘ၀က ရန်ငြိုးတွေပါသည်တော့မသိ Kristineကိုဆို စတွေ့ကတည်းက တစက်လေးမှကို ကြည့်မရ။ တွေ့သမျှ ယောက်ျားတွေ အကုန်လုံးကို သူ့အလှဗန်းပြပြီး မြူစွယ်နေသည်ဟု ထင်မြင်သည်။ ပထမနေ့ကလည်း သူ့အကြောင်းပြောပြပြီး Chanyeolကို သနားအောင် လုပ်ပြသည် မျက်ရည်ကျနေလို့ သုတ်ပေးတော့လည်း အကောင်းမမြင်ပြန် သူ့မျက်နှာကို မဲအောင် လုပ်ရသလား ရန်တွေ့သေးသည်။ ခုတမျိုးတော်ကြာတမျိုးနှင့် တတ်ပဲတတ်နိုင်လွန်းတဲ့သူ တွေ့မယ်ဆိုပြီး အနည်းငယ် ရှက်တတ်လာအောင် Greatwallပေါ် လေဒီဂါဂါဝတ်စုံဝတ်ပြီး တက်ခိုင်းကာမှ သူကမဖြုံတဲ့အပြင် ရဲနှစ်ယောက်နဲ့တောင် တွဲကပြီးအပြန် FlyKissတွေ ပေးနေသေးသည်။ ပြီးတော့ မသိနားမလည် အူတူတူ Taoကိုပင် ဘယ်အချိန်က ကြာပစ်လိုက်မှန်းမသိ ဟိုကမနက်ဖြန်စေ့စပ်ပွဲ ရှိတာတောင် တရုတ်အထိလိုက်ပြီး သက်စွန့်ဆံဖျား လာကယ်ရသေးတယ်ဆိုတော့ ဒီဘိုမက သူ့ဘေးကယောက်ျားတွေကို ဟိုဆေးဒီဆေးတွေများ သုံးပြီး ဆွဲထားတတ်လားမသိ သံသယတောင်ဝင်သည်)

'ဟွန်း မိန်းမတွေများ ပြောမပြောချင်ဘူး ဗဟုတုတ မရှိတာမှ လွန်ပါလေရော ဘာမှကိုမသိဘူး ဒီသစ်သားပေါ်မှာ ရေးထားတာက Latinဘာသာလို့ခေါ်တယ် ဟုတ်တယ်နော် အစ်ကိုSuho'

Suhoကတော့ Chanyeolစကားကို မထောက်ခံနိုင် သူ့ဟာနဲ့သူ ဘာသာပြန်ရန် ခက်ခဲပြီး ချာလည်လည်နေသည်။

'အာ ဒါကြီးတွေက အဓိပ္ပါယ်ကို မရှိဘူး တမျိုးကြီးပဲ ပြောင်းပြန်ကြီး ဖြစ်နေတာလား'

ပြောင်းပြန်ဆိုသော အသံကြားမှ Kristineခေါင်းထဲ အကြံတခု ပေါ်သွားသလိုလို
'Suho ssi ဒီသစ်သားပြားရှေ့မှာ မှန်လေးထောင်ကြည့်လိုက်ပါလား မှန်ထဲကစာကိုမှ ဘာသာပြန်လိုက်ရင်ရော'

Ace of WolvesWhere stories live. Discover now