Ace of Wolves Part-5

420 56 7
                                    


ရှန်ဟိုင်းသို့သွားမည့် လေယာဉ်ကြီးပေါ်တွင် Kristine Chanyeolနှင့် Suhoတို့ ခေါင်းချင်းဆိုင်ပြီး Great Wall တွင် ပစ္စည်းရှာရန် အစီစဉ်ဆွဲနေကြသည်။ 'ဘာာ ညဘက်ကြီး လေဒီဂါးဂါးလိုဝတ်ပြီး ဂရိတ်ဝေါပေါ် တက်ရမယ်ဟုတ်လား ရှင်Kristineကို သတ်နေတာလား' Kristineသည် ထိုသို့ဝတ်ရမည်ကို ရှက်ချင်ယောင် ဆောင်နေခြင်းဖြစ်သည်။ တကယ်တော့ သူကမီယာမီတို့ ဟာဝိုင်အီတို့ ဘာလီတို့မှာ ဘီကနီနဲ့ ကဲနေကျ လေဒီဂါးဂါးလောက်တော့ Kristineတို့က သနားတယ်။ အခုဟာက မှောင်ကြီးမဲကြီး ဂရိတ်ဝေါလို ရှေးဟောင်း တံတိုင်းကြီးမှာ တစ်ယောက်တည်းအရင်တက်ရမည်တဲ့ သရဲဆိုတာ ဘယ်လောက်တောင် ပေါလိုက်မလဲ တွေးကြည့်တာနဲ့ ကြက်သီးထသည်။ သူက လူလေးငါးဆယ်ယောက်နှင့် သိုင်းချဖို့မကြောက်သော်လည်း ဂရိတ်ဝေါက မမြင်နိုင်သော သရဲများကို ကြောက်ပါ၏ သို့သော် အခုဟာက ကိုယ့်ကိစ္စအတွက် သွားနေရတာ ဆိုတော့လည်း ကိုယ်ကစပြီး ကြောက်ပြလို့မဖြစ် ကိုယ့်ဟာကိုယ် ထက်မြက်တဲ့ မာဖီးယားခေါင်းဆောင်လို့ ပြောထားတယ်ဆိုတော့ ဟန်ကလည်း လုပ်ရသေးသည်။ Kristine၏ ငြင်းဆန်မှုကို Suhoလည်း ထောက်ခံပါ၏ 'ဟုတ်သားပဲ Chanyeolရယ် မင်းဟာကလည်း နင်ဂျာလို ၀တ်ခိုင်းတယ်ဆိုတာမှ ဟုတ်သေးတယ် မဆီရယ် မဆိုင် ငါတို့က ၂၁နှစ်အောက်မကြည့်ရ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ' Chanyeolလည်း ဖြေရှင်းချက် ပေးရှာပါသည် 'အော် သူရှေ့ကနေ အဲဒီလို ၀တ်ပြပြီး အစောင့်ရဲတွေကို အာရုံပြောင်းထားမှ ကျွန်တော်တို့က လှုပ်ရှားလို့ရမှာပေါ့ ဂရိတ်ဝေါဆိုတာ အစ်ကိုSuhoအိမ်လို တံခါးမရှိ ဓါးမရှိ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် လို့မှ မရတာ' ထိုသို့ တဲ့ပြောမှသာ သူတို့တွေ သဘောပေါက်သွားသည်။ 'အော် ဒီလိုလား' သူတို့ ထိုကဲ့သို့ ဆွေးနွေးနေသည်ကို ချောင်းမြောင်းနားထောင်နေသည့် သူကလည်း ရှိပါ၏ သူကတော့ ကျားဖြူဂိုဏ်း မှလွှတ်လိုက်သည့် စပိုင်Lay။ လွန်ခဲ့သော ၇နှစ်ခန့်က Layသည်လည်း Kristineကဲ့သို့ပင် အတိတ်မေ့ပြီး တရုတ်ကျေးရွာလေးက ဆင်းရဲသူအဖွား၏ အိမ်ကလေးသို့ ရောက်သွားသည်။ ထိုအဖွားသည် သူတတ်နိုင် သလောက် Layကို ကျွေးမွေးရှာပါသော်လည်း ကျားဖြူဂိုဏ်းခေါင်းဆောင် KYM၏အကြွေးများကို မဆပ်နိုင် သည့်အဆုံးတွင် Layကို ဂိုဏ်းသားအဖြစ် ခေါ်သွားရန် ထည့်လိုက်ရတော့သည်။ Layသည် သူတို့၏ဒုစရိုက် ဂိုဏ်းသားတွေထဲတွင် တိုက်ရည်ခိုက်ရည် ကောင်းမွန်သည့်အပြင် အဝေးမှ ပစ်မှတ်ကိုပင် တချက်တည်းနှင့် ပြီးမြောက်အောင် ရှင်းနိုင်သည့် စနိက်ပါတစ်ယောက်လည်း ဖြစ်သည်။ KYMသည် တရားမ၀င်ကိစ္စများ Layကိုခိုင်းခါနီးဆိုလျှင် အဖွားဖြစ်သူ၏ အသက်အန္ဒရာယ်နှင့် ခြိမ်းခြောက်လေ့ရှိသည်။ ယခုလည်း ထိုကဲ့သို့ ခြိမ်းခြောက်ထားသောကြောင့် Layမှာ ကြိုးစားပမ်းစား လုပ်နေရခြင်းဖြစ်သည်။ သတင်းသိပြီဖြစ်သဖြင့် Henry ဆီသို့ အကြောင်းပြန်လိုက်သည်။ Henryမှာ ကျားဖြူဂိုဏ်းမှ Lay၏ဂိုဏ်းတူအစ်ကိုဖြစ်သည်။ ကျားဖြူဂိုဏ်း တခုလုံးတွင်မှ Henryတစ်ယောက်ကိုသာ Layခင်မင်သည်။ 'ပစ်မှတ်ရဲ့ နေရာကိုသိပြီ လှုပ်ရှားကြတော့မလား' 'နေအုံး တို့တွေက နေရာသိပေမယ့် ဘယ်လိုရှာရမယ့် မသိသေးဘူး သူတို့ပစ္စည်းရလာမှ လှုပ်ရှားကြတာပေါ့'
-------------------------------------------
Night duty ကျသည့် ရဲဝန်ထမ်း Jackson နှင့် BamBam မှာ စောင့်ရတာ ပျင်းလွန်းလာသဖြင့် အိပ်ချင်ပြေ Pokemon ကတ်တောက်တမ်း ဆော့နေကြလေ၏ (ဖဲဆော့ရင် ဒဏ်ပေးခံရမည်ဟု အရာရှိက ပြောထားသဖြင့်) ထိုအချိန်တွင် ချောက်ချောက်ချက်ချက် အသံလိုလို နားထဲကြားမိသဖြင့်သဖြင့် လှည့်ကြည့်လိုက်လေသော် LadyGaGa style၀တ်ပြီး ၅လက်မဒေါက်နှင့် Catwalk လျှောက်ပြနေသော Kristineကို မြင်လေသော် 'WOW နည်းနည်းနောနောကြီး မဟုတ်ပါလား အရပ်ကိုပြောပါတယ် ဘိုမကြီးလားမသိ မိုက်တယ် မိုက်တယ် မိုက်တယ် မိုက်တယ် မိုက်တယ်' Kristineလည်း အသွင်တူအောင် သရုပ်ဆောင်ရမည် ဆိုတော့ကာ 'မိုက်လား မိုက်လား မိုက်လား မိုက်လား မိုက်လား' Jackson BamBamတို့နှင့် Kristine 3ပါးသွားကနေသောအချိန်တွင် Suhoနှင့် Chanyeolမှာ လရောင်တည့်တည့်ကျသည့် အမြင့်ဆုံးနေရာမှ 22ချပ်မြောက်အုတ်ခဲကိုခွာကာ ပစ္စည်းကို အမြန်ရှာရသည်။ သိပ်မဖွလိုက်ရပါ အထုတ်တစ်ထုတ် တွေ့ရသည်။ လိုချင်သည့်ပစ္စည်းကို ရှာတွေ့ပြီဖြစ်သဖြင့် Kristineကို လှမ်းအချက်ပေးလိုက်သည်။ သို့မှသာ Kristineက အခုမှအမူးပြေသယောင်ဆောင်ပြီး 'ဟင် ကျွန်မ ဘယ်ရောက်နေတာလဲ ရှင်တို့တွေက ဘယ်သူလဲ' Jackson နှင့် BamBamတို့ကလည်း 'ဟို ဟိုလေ အမက ဒီနေရာကို ကိုယ့်ဟာကိုယ်မူးပြီး ရောက်လာတာပါ ကျွန်တော်တို့က ကူညီပေးမလို့ ရဲတွေလေ သိတယ်မလား ကူညီပါရစေ ကူညီပါရစေခင်ဗျ' 'ရပါတယ် မလိုတော့ပါဘူး အမူးပြေသွားပြီ နောက်မှတွေ့မယ် ဘိုင် Fly Kiss' ပြီးတာနဲ့ ခပ်သုတ်သုတ်ပြေးတော့သည်။ Jackson နှင့် BamBamတို့ကလည်း သဘောကောင်း ရှာပါသည် ပြန် Fly Kissသည် 'အဟင့် ဖုန်းနံပါတ်တောင် မတောင်းလိုက်ရဘူး' သတ်မှတ်ထားသော နေရာရောက်မှ Suhoနှင့်Chanyeolကို တွေ့ပြီး 'ရှာတွေ့ခဲ့တဲ့ပစ္စည်း ဘယ်လိုပုံစံလည်း ပြပါအုံး' ထိုအချိန်တွင် သူတို့ကို အသင့်ချိန်ထားသည့် စနိက်ပါLayနှင့်အဖွဲ့ကလည်း မောင်းခလုတ်ကို ဆွဲလုဆွဲခင်တွင် 'သတိထားးးး' Tao ရုတ်တရက် ရောက်ချလာပြီး Kristineပေါ်ခုန်အုပ်ပြီး လှဲချလိုက်သည်။ (ရုပ်ရှင်ထဲကလိုတော့ Tao Kiss Scene မလုပ်လိုက်ရပါ LadyGaGa ဦးထုပ် အချွန်အတက်ကြီး ရှိနေသောကြောင့်) Suhoနှင့်Chanyeolလည်း အကွယ်ယူပြီး ၀ပ်ချလိုက်သည်။ ထို့နောက် သေနတ်သံများ ထွက်ပေါ်လာတော့၏ 'ဒိုင်း ဒိုင်း ဒိုင်း……………..' 'ရှင်ကဘာလဲ ဘယ်ကနေ ဘယ်လိုသိပြီး ရောက်လာတာလဲ' 'ဟေ့ကောင် ပန်ဒါ မင်းBaekကို ဘယ်လိုများ ပြောထားခဲ့ပြီး ထွက်လာတာလဲ' Kristineနှင့်Chanyeolတို့ Taoကိုအပြိုင်အော် နေသည်ကို Suhoက ကြားဝင်ပြီး 'ကဲပါ မေးမြန်းစရာ ရန်တွေ့စရာတွေ နောက်မှပြောကြပါ အခြေအနေ မကောင်းဘူး ကားပေါ်တက် မောင်းပြေးကြရအောင်' Taoတို့မောင်းပြေးသော ကားနောက်သို့ Layတို့တွေ ဆက်မလိုက်တော့ပါ ခုနသေနတ်သံများ ကြားသဖြင့် Jacksonတို့ ရဲတပ်ဖွဲ့တွေ ထွက်လာသောကြောင့် ခဏပုန်းနေကြရသည်။ ပစ်မှတ်လွတ်သွားသဖြင့် Henryသက်ပြင်းချသည်။ 'သွားပြီကွာ အခုဘယ်လိုများ ဆက်လုပ်ကြမလဲ တာဝန်ပေါ့လျော့ရင် ဘယ်လို ဒဏ်ပေးတယ်ဆိုတာ သိတယ်မလား' (ကျားဖြူဂိုဏ်းတွင် တာဝန်ပေါ့လျော့သော ဂိုဏ်းသားအား အခြားဂိုဏ်းသားများက အသေအလဲ ၀ိုင်းရိုက်ပြီးမှ သေနတ်နှင့် ပစ်သတ်ကာ ဒဏ်ခတ်လေ့ရှိသည်) Henryက ရင်ပူနေသလောက် Layကသွေးအေးအေးပင် 'စိတ်မပူပါနဲ့ အစ်ကို ပစ်မှတ်မလွတ်သွားပါဘူး ပွဲကအခုမှစမှာ' 'ဘယ်လို'
စိတ်အေးရပြီဟု ထင်ရသောအချိန်ကျမှ Chanyeolခုနက သိချင်နေသည့်အချက်ကို Taoကို ထပ်မေးပြန်သည်။ 'ဟေ့ကောင် ပြောစမ်းပါအုံး Baekကို ထားခဲ့ပြီး ဒီရောက်လာတဲ့ကိစ္စ' 'မင်းတို့အန္ဒရာယ်တွေ့နေတာကို သိလို့ လိုက်လာခဲ့တာပဲ ရုတ်တရက်လာရတာမို့လို့ Noonaကို ဘာမှမပြောခဲ့ဘူး' Chanyeolဒေါသထွက်သွားသည်။ 'ဘာကွ မနက်ဖြန်က စေ့စပ်ပွဲလေ အဲဒါကို မင်းကဟိုသွားဒီသွား လုပ်နေရလား Baekခမျာ အခုချိန်လောက်ဆို မင်းကိုမတွေ့လို့ ဘယ်လောက်တောင် စိတ်ပူပြီးငိုနေလိုက်မလဲ မင်းမစဉ်းစားဘူးလား ဘာလဲ Baekကချစ်တာမို့ တန်ဖိုးမထားတဲ့သဘောလား' 'ဘယ်လို ParkChanyeol ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ ဒါကကျွန်တော်နဲ့ Baek Noona ကြားကကိစ္စပါ အခုခင်ဗျားတို့ကို အန္ဒရာယ်ကင်းတဲ့နေရာ ပို့ပြီးတာနဲ့ ပြန်မှာပါ စေ့စပ်ပွဲကိုလည်း မဖျက်ပါဘူး ကျွန်တော်စောင့်ကြည့်နေတာကြာပြီ ခင်ဗျားကလေ သူငယ်ချင်းဆိုပြီး လိုတာထက်ပိုကဲနေသလိုပဲ ကိုယ့်ဘာသာကိုယ်သာ ရိုးသားအောင်နေပါ သူများတွေကိုလိုက်ပြီး သံသယ၀င်မနေနဲ့' 'ဘာာာာ' သူတို့ကို Suho၀င်ထိန်းရပြန်သည်။ 'ကဲ တော်ကြပါတော့ Taoလည်း ကားမောင်းရင်း ရန်မဖြစ်ပါနဲ့ ဟောဒီက Suhoမှာ ရည်းစားတောင် မထားရသေးတဲ့ လူပျိုနုနုထွတ်ထွတ်လေးပဲ ရှိပါသေးတယ် ကားတိုက်ပြီး မသေပါရစေနဲ့' ထိုသို့ ဆူညံနေချိန်တွင် Kristineကတော့ ခုနကချောင်းအတိုက်ခံရသည့်ကိစ္စအပေါ် စဉ်းစားခန်းဖွင့်နေဆဲ (အဲဒါဘယ်ဂိုဏ်းက လူတွေပါလိမ့် ငါတို့နဲ့ရန်ငြိုးရှိတဲ့သူလား တကယ်လို့ သူတို့လိုချင်တဲ့ဟာသာ ငါတို့မှာ ရှိနေမယ်ဆိုရင် လွယ်လွယ်နဲ့တော့ လက်လျှော့မှာ မဟုတ်ဘူး)
-------------------------------------
ညကကျည်ဆံတွေကြားမှာ သက်စွန့်ဆံဖျား ပြေးလွှားရသည့်အဖြစ်ကြောင့် Suhoခမျာ ဟိုတယ်ရောက်တော့ တော်တော်နှင့် အိပ်မပျော် မနက်လေယာဉ်စီးပြီး ဆိုးလ်ကကိုယ့်အိမ်ပြန်ရောက်မှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။ 'dook dook dook dook' 'ဟာ အိမ်ရှေ့က ဘယ်သူတုန်း ခုမှအိပ်ပျော်မလို ရှိသေးတယ် ဘဲလ်ရှိတယ် မတီးတတ်ဘူးလား' Suhoစိတ်တိုတိုနှင့် တံခါးဆောင့်ဖွင့်ပြီး ကြည့်လိုက်တော့ အသက်၂၀သာသာ ကောင်မလေးတစ်ယောက်ကို တွေ့ရသည်။ 'ဘဲလ်က တီးပါသေးတယ် ပျက်နေတယ် ထင်တယ် တီးမရဘူး' Suhoမယုံသဖြင့် သူကိုယ်တိုင်တီးကြည့်တော့လည်းမရ (ဒုက္ခပဲ ပျက်သွားပြီလားမသိ) 'ကဲ ပြောပါအုံး ဘာကိစ္စလဲ' ထိုကောင်မလေးက Suhoကို Garfieldလို ရယ်ပြပြီး 'ဟိုဟာလေ ကျွန်မနာမည်က Layပါ အလုပ်လိုချင်လို့ လာလျှောက်တာပါ' 'ဘာ အလုပ်လိုချင်လို့ မရှိဘူး ဒီကုမ္မဏီမှာ အင်မတန်စက်ဆီကျတဲ့ D.Oလိုမင်းသမီး ဂေရှားမယ်လိုဖြစ်အောင်ပြင်တတ်တဲ့ အလှပြင်ဆရာမ Baek ရှိပြီးသား ကဲကြမယ်ဟေ့ ကောင်းကောင်းလို အစီအစဉ်အတွက်က presenterကို မိန်းကလေးမငှားဘူး ဒီတော့ မင်းလုပ်စရာနေရာမရှိဘူး ပြန်တော့' 'အဲ အဲ နေပါအုံး ကျွန်မလာလျှောက်တာက ဟိုမှာကပ်ထားတဲ့ ရာထူးအတွက်ပါ' Lay ပြသည့်နေရာကို Suhoလှမ်းကြည့်လိုက်တော့ 'အမ် ဒါရိုက်ဘာရာထူးအတွက် လာလျှောက်တာလား' Lay ခေါင်းငြိမ့်ပြသည် 'မင်းကကောင်းကောင်းမောင်းတတ်လို့လား' ထိုမေးခွန်းကိုတော့ Layသည် အပြောနှင့်မဟုတ် အလုပ်နှင့်သက်သေပြမည်ဟုဆိုကာ Suhoကိုဘေးမှာထားပြီး ကားမောင်းပြလေတော့၏
ကားစထွက်ကတည်းက Suhoမှာ သူ့အသက်ကို ဖက်နှင့်ထုပ်ထားလိုက်ရသည် 'အမလေး ဘုရား ကယ်ကြပါ ကယ်ကြပါ နင်မောင်းတာကားဟဲ့ ဟတ်စကီးမဟုတ်ဘူး ဖြည်းဖြည်းမောင်းပါ အမလေး အမလေး ရှေ့မှာ လိုင်းကားကြီး ဟူး ဟဲ့ ဟဲ့ ဟိုမီးပွိုင့်က ၀ါသွားပြီ' 'အင်း မရတော့ဘူး သူဌေးအပေါ်ကို မော့ပြီးပြုံးလိုက်နော်' 'အော် အေး (ချပ်) ဘာဖြစ်လို့လဲဟင်' 'မီးနီဖြတ်မိလို့ ကင်မရာက ရိုက်သွားလို့ပါ ပုံထွက်လာရင် လှလှလေး ဖြစ်တာပေါ့ ဟီး ဟီး' ငွေကုန်တော့မည့် ကိစ္စဖြစ်သဖြင့် Suhoဒေါသူပုန်ထတော့၏ 'ဘာ အဲဒါဆို ဒဏ်ကြေးတွေ ဆောင်ရတော့မှာပေါ့ ရပ် အခုချက်ချင်း ကားကိုရပ် နင့်ကိုလည်း ငါအလုပ်မခန့်တော့ဘူး' 'သူဌေး' 'ဘာတုန်း ကားရပ်ပါဆို' 'ဟီး ကားကရပ်မရတော့ဘူး ဆက်မောင်းရတော့မယ်တူတယ်' 'ဘာ ဘာဖြစ်လို့တုန်း' 'ကားက ဘရိတ်ပေါက်သွားပြီ' 'ဘာ ဘရိတ်ပေါက်သွားပြီ အမလေး မိုးနတ်မင်းကြီး ကယ်တော်မူပါ မနေ့က သေနတ်နဲ့ အပစ်ခံရတာတောင် မမှန်ပဲ ဒီကားနဲ့ကျမှ သေရတော့မယ်နဲ့ တူပါတယ် နင်လေကားရပ်သွားဖို့ အကြံတခုခုများ မရှိတော့ဘူးလားဟင်' 'အဟဲ တကယ်တော့ ကားရပ်ဖို့အကြံက မရှိတာမဟုတ်ပါဘူး ရှိတယ် သူဌေးလက်ခံ မခံသာ မသိတာ' 'အမလေး အသက်ဘေးနီးနေတာ စကားပလ္လင်ခံမနေနဲ့ သဘောတူတယ် ကားရပ်လို့ကတော့ ပြော' 'ကားဆိုတာ တခုခုကိုသာ ၀င်ကျုံးပလိုက်လို့ကတော့ ရပ်ပြီးသားပဲ အဲဒါကျုံးပြီး ရပ်လိုက်ရမလားလို့' Lay စကားကို Suhoအနည်းငယ်စဉ်းစားသည် 'အဲ ကျုံးတာတော့ ဟုတ်ပါပြီ မျက်စိထဲတွေ့တာထဲမှာ တန်ဖိုး အနည်းဆုံးသာ ရွေးပြီးကျုံးပလိုက်' 'တကယ်နော်' 'အွန်း' သူသဘောတူလိုက်သည်နှင့် ၀ုန်းခနဲနေအောင် ကျုံးပြီး ကားရပ်သွားသည်။ Suhoသည် မျက်စိမှိတ်ထားသော်ငြားလည်း သူ့ကိုယ်သူ အသက်ရှိမရှိ အင်္ဂါစုံသေး မစုံသေး စမ်းကြည့်ပြီး အားလုံးအိုကေမှသာ မျက်စိဖွင့်ကြည့်လိုက်သည်။ သို့သော် သူစိတ်မဖြေနိုင်ပါ 'Lay' 'Yes Boss' 'အခုဝင်တိုက်လိုက်တာက နင့်မျက်စိထဲမှ တန်ဖိုးအနည်းဆုံးပေါ့နော်' 'ဟုတ်ကဲ့' 'အဲဒါ ငါ့ခြံအုတ်တံတိုင်းဟဲ့ ခြံရောကားရော သွားပါပြီ!@#$$%%%^^^&&&' Suho၏ အတောမသတ်နိုင်သော ညည်းညူသံများသည် Layကိုအဝေးသို့နှင်ထုတ်နိင်ခြင်း မရှိခဲ့ပါ။
to be continued

Ace of WolvesDonde viven las historias. Descúbrelo ahora