In 1395 , during Jo Seon Era **
''မင်းသားလေး..... ကျွန်တော်မျိုး သူမကို ခေါ်ဆောင်လာခဲ့ပါပြီ.....''
နောက်တစ်ရက် ၂ရက်လောက်နေရင် နန်းတက်ရမယ့် သူအဖို့ .... ကြင်ယာတော်ရွေးရတော့မယ်ဆိုတာ အထိန်းတော်ကြီး မပြောလဲသူသိပြီးသားပါ...
ဒါပေမယ့်... သူ့ မှာ ချစ်ဦးသူက ရှိနှင့်နေပြီးသား.....
''ငါကိုယ်တော်မြတ် ရှေ့ မှောက် အရောက်ခစားစေ......''
ရှေးရှေးတုန်းက ဘုရင်မင်းမြတ်တွေဆိုတာ မိဖုရားတွေအများကြီးရှိကြသတဲ့...
အားလုံးကိုလဲ ဂရုစိုက်နိုင်လို့ လားဆိုတော့လည်းမဟုတ်...
တစ်ရက်တစ်ယောက်နှုန်းနဲ့ မိဖုရားများ နန်းဆောင်ကို ကြွချီမယ်ဆိုရင်တောင် ဒီဘက် လကနေ ဟိုဘက် လက နေ့ ရက်တွေကိုချေးငှားရလောက်အောင် မိဖုရားမြောက်မြားစွာတို့ ကိုလဲ သူ မလိုအပ်ပါ.....
ထိုကဲ့သို့ မိဖုရားများထားရှိခဲ့သည့်.....မိမိရှေ့ က ဘိုးဘွားများကိုလည်း...သူနားမလည်နိုင်ပါချေ...
သူ့ ရှေ့မှာ မျက်လွှာချကာ ခစားရန်ရောက်ရှိနေသော သူမ ကိုသာ သူ့ မျက်လုံးအစုံဖြင့် စိုက်ကြည့်နေမိသည်..
''မောင်မင်းတို့ သွားနိုင်ပြီ....''
သူမနောက်က ကျန်ရှိနေသေးသော အထိန်းတော်တစ်ချို့ ကို ခန်းမအပြင်သို့ ထွက်ရန် အချက်ပြပြောဆိုလိုက်ပြီးသည်နှင့်
''SoHee...ah...မျက်နှာလေးတစ်ချက်မော့ကြည့်ပါဦး...''
''မသင့်တော်ဘူးထင်ပါတယ်...
Taemin အရှင်မင်းမြတ်''
သူထိုင်နေရာက ထလိုက်ပြီး....
Sohee ဒူးထောက်ထားတဲ့နေရာဆီကို မသိမသာ သွားပြီး... ငုံ့ နေတဲ့ မျက်နှာလေးကို သူပါလိုက်စောင်းကြည့်လိုက်လေသည်.....
''ဒီမယ် ...ငါတို့ ၂ယောက်ရှိနေတဲ့ အချိန် ငါ့ကို အဲ့လိုမခေါ်ပါနဲ့ လို့ ဘယ်နှစ်ခါပြောရမလဲ...''
YOU ARE READING
King of My Heart
Fanfictionနာကျင်ရခြင်းတွေထဲမှာ ချစ်ခြင်းကြောင့် နာကျင်ရခြင်းသည် နှလုံးသားအား ခံရခက်စေသည်... ထို့ ထက် ရန်သူကိုမှ ချစ်မိခြင်းသည် နာကျင်ရခြင်းထက်ပိုသော.....