It Hurts Me

129 21 6
                                    

" ဟေ့... ဟိုနားမှာ ထိုင်နေတဲ့တစ်ယောက် ဒီလာစမ်း"

Minho အိပ်ခန်း တံခါးအပြင်ဘက်၌ Changmin မတ်တပ်ရပ်လျက် Kai ကိုဆင့်ခေါ်လိုက်သည်

"မင်း မနေ့ညက Taemin ကိုဘာပြောလိုက်လဲ... အခု ဘာတွေဖြစ်ကုန်ပြီလဲ မြင်လား..."

"ကျ ကျ ကျွန်တော်မျို မျိုး.... အမှားကြီးမှားသွားပြီ Changmin Hyung T.T "

သူ့ပုံစံမှာလည်း ကတုန် ကယင်နဲ့ မင်းကြီးနဲ့ Minho တို့ ၂ယောက်ကို Changmin Hyung နဲ့တူတူ ရပ်ကြည့်နေကြလေသည်

Taemin နမ်းလိုက်ရင် Minho အသက်ဆုံးရှုံးမည်ဆိုသော အယူအဆမှာ အခြေအနေ တစ်ခုပေါ်တွင်မူတည်ကြောင်း Taemin မသိလိုက်ရရှာဘဲ Minho ကို ညတုန်းက ခိုးနမ်းခဲ့မိသည့်အပြစ်မှာ Kai ၏ သတင်းပေးမှု ကြောင့်ဆိုတာ သိသာထင်ရှားနေပေသည်

"Taemin သာ နိုးလာလို့ အခု အခြေအနေကိုသိသွားရင်...မင်းတော့ သူ့လက်ထဲမှာ.. မလွယ်လောက်ဘူး"

"ကျွန်တော်မျိုးကို အခုချက်ခြင်း အဖိုးဆီသာ ပို့လိုက်ပါတော့ဗျာ...😭😭😭"

မင်းကြီးက သာမန်အချိန်တွေဆို ကလေးလေးလို ဖြူဖြူစင်စင်နဲ့ ချစ်စရာကောင်းသလောက် ဒေါသများ ထွက်လာပြီဆို ရှူးရှူးရှဲရှဲနဲ့ဖြစ်နေတက်တာမို့ Kai တစ်ယောက် မှာနေစရာမရှိချေ... မင်းကြီးရဲ့ ကိုယ်ရံတော်ဆိုပေမယ့် Minho အိပ်ခန်းထဲရောက်သွားရင်တော့ သူ့မှာ မင်းကြီးကို အဝေးကနေ ငေးကြည့်ကာနေကျန်ခဲ့ရစမြဲ.. သူ၏ မျက်ကွယ်၌ Taemin က သူလုပ်ချင်ရာ စွတ်လုပ်လိုက်သည်မို့ ဖြစ်လာသော အရှုပ်အထွေးများအား Kai ကတော့ ရှင်းရပေဦးတော့မည်.

Taemin မျက်လုံးများ ပွင့်ဟလို့ လာသည့်အခါ Minho ကိုစမြင်ရလေသည်

ခါတိုင်းနဲ့ မတူ ကြီးမားသော မျက်လုံးအစုံတို့က ပြူးကျယ်စွာနဲ့ သူ့အားစိုက်ကြည့်နေတော့ အိပ်ချင်နေသော သူ၏မျက်လုံးများလည်း Minho၏ အကြည့်များနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတော့သည်

-- ငါ့ကိုဘာလို့ အဲလောက်တောင် စိုက်ကြည့်နေရတာလဲ...--

အရုပ်တစ်ခုကို ဒီခေါတ်က လူတွေက ဒီလိုပဲ ကြောင်တောင်တောင် စိုက်ကြည့်တတ်သလား?

King of My HeartWhere stories live. Discover now