Transparent and Useless

179 25 12
                                    


တကယ်တော့ မနေ့ ညက Minho သာ ဒီ မင်းကြီး အ၇ုပ်ကလေးကို ဖက်မအိပ်ခဲ့ရင် သူဆိုတာ ဖြစ်လာမှာမဟုတ်ဘူး...

ညက မိုးရွာထားတော့ မနက်ကျတော့ ချမ်းချမ်းစီးစီးနဲ့ Minho အိပ်ရာထဲမှာ ကွေးကွေးလေး အိပ်ပျော်နေသည်မှာ Alarm ပေးထားသော သူ့ ဖုန်းဆီမှ အသံမကြားရခင်အထိဖြစ်ပါသည်...

" အာ.... မိုးကလည်း လင်းရပြန်ပြီ...."

Alarm ထမြည်တော့ Minho အိပ်ရာထဲမှ အတင်းကုန်းရုန်းထရပြန်သည်..

ကျောင်းသွားဖို့  စိတ်ကူးမရှိသော်လည်း Thesis မပြီးသေးတာနဲ့ လေးဖင့်စွာ ကျောင်းစာကြည့်တိုက်ထဲသို့ Minho ခမျာ အိပ်ချင်မူးတူးနဲ့ အရုပ်လေးတစ်ဖက် laptop တစ်ဖက် ကိုင်ကာ ရောက်လာ၇တော့သည်...


ကျောင်းက စာကြည့်တိုက်က မနက် ၄ ၅ နာရီလောက်ဆို စဖွင့်တာဆိုပေမယ့် စာကြိုးစားလွန်းသူ Minho ကတော့ မနက် ၃နာရီခွဲကတည်းက ကျောင်းစာကြည့်တိုက်ရှေ့ကို စောရောက်နေတာနဲ့ ကျောင်းရှေ့က ထိုင်ခုံလေးမှာဘဲ မနက်စာ ထမင်းလိပ်နဲ့ Fish cake ကို ထိုင်စားနေရင်း လက်ထဲက အရုပ်လေးကို ဘေး ခဏချထားလိုက်သည်..


Taemin မနက်က Minho နိုးလာကတည်းက သူ့ နောက်လျောက်လိုက်နေ၇တာ ခုမှ သေချာ Minho ကျောင်းကို ကြည့်မိလေသည်...

ကျောင်းကြီးက နတ်မင်းတွေ ဘာတွေ အစည်းအတားမရှိတော့ သူဝင်လို့ ရနိုင်ပြီ...


ခက်တာက Minho ရဲ့ ရင်ထဲက နုလုံးခုန်သံနဲ့ တိုက်ရိုက်တွေ့ ဆုံပြီးမှ ဖြစ်လာတဲ့ အနွေးဓာတ်က သူ့ကို ၁၂ နာရီသာ အသက်ရှင်စေနိုင်တာဘဲ...

ခုတောင် ည ၁၀နာရီတုန်းက ဖက်အိပ်ထားတဲ့ အချိန်က ၅ နာရီခွဲကျော်သွားပြီ...ည ၈နာရီဆိုရင် ငါပျောက်ကွယ်သွားရတော့မှာ...

Minho ကလည်း ငါ့ကို ညတိုင်း ဖက်ပြီး အိပ်ဖို့ ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...အနည်းဆုံးတော့ သူ့ကို သတ်ပြီးမှဘဲ ငါသွားနိုင်မယ်...


''Taemin shi....''


အသံကြားရာဆီကို အထိတ်တလန့်  သူ လှမ်းကြည့်မိလိုက်တယ်.. ဒီဘက်လောကမှာ သူတစ်ယောက်တည်း ရှင်သန်လာခဲ့တာမဟုတ်လား...

King of My HeartDonde viven las historias. Descúbrelo ahora