သာယာတဲ့မနက်ခင်းလေးမှာ တက္ကသိုလ်ရဲ့ ကန်တင်းတစ်ခုမှာ ကျောင်းသူကျောင်းသား တစ်စု အဖွဲ့ကျနေလေရဲ့။ စကားဝိုင်းလေးက တစ်စုံတစ်ယောက်ကို ထောပနာပေးနေခြင်းသာ...
'' Baek ရာ နင်ကတော့ လုပ်တော့မယ် Sohee က ကောက်ပီဆို အနည်းဆုံး တစ်လပဲ ခုချိန် Hyun Bin မျက်နှာဇီးရွက်ပဲ ကျန်တော့မှာ မြင်နေတယ် ''
ကျောင်းသူတစ်ယောက်ရဲ့ အပြောကို ကျောင်းသူနောက်တစ်ယောက်က ထောက်ခံသလို စကားဆိုတယ်။
'' အေးလေဟယ် ဟိုနေ့က သူ့ခမျာ နင်မွှေလိုက်လို့ အော်ကြီးဟစ်ကျယ် လာဝုန်းတာ ငါတောင် လန့်တယ် Sohee ဆို ရှက်လွန်းလို့ မျက်နှာကြီးရဲလို့။ Hyung Bin လို အနေအေးတဲ့သူကို ဒီလောက် ဒေါသထွက်အောင် နင်ဘာတွေလှော်ပေးလိုက်လဲ ''
ထိုအမေးရဲ့အဖြေကို စောင့်မျှော်နေတဲ့ သူတွေကတော့ ဆံပင်ပန်းရောင်ဖျော့ဖျော့ ဆိုးထားကာ ခြေချိတ်ထိုင်နေတဲ့ ကောင်လေးဆီ အကြည့်တွေစုပြုံနေကြတယ်။ ထိုကောင်လေးကတော့ ပြုံးစိစိလုပ်ကာ စကားပြောဟန်ပြင်တော့ အားလုံးတိတ်ဆိတ် သွားကြတယ်
Flashback . . . . . .
'' Boya!! ''
ကျယ်လောင်စူးရှတဲ့ အသံကြောင့် Baek မျက်လုံးတစ်ဖက် မှိတ်ကျသွားကာ အာပြဲအော်လိုက်တဲ့ Hyun Bin နားက ခေါင်းကို အနည်းငယ်နောက်ဆုတ်လိုက်တယ်။ ဒီ vocal ဆို နားစည်ကွဲလောက်တယ်လေ။
ဒါပေမယ့် ဒေါသထွက်နေပုံရတဲ့ သူငယ်ချင်းကြီး ပခုံးကိုပုတ်ကာ အားပေးလိုက်တယ်။'' စိတ်လျော့ပါကွာ အစက ငါပြောသင့်မပြောသင့်ချိန်နေမိတာ။ မင်း သူ့ကိုဘယ်လောက်ချစ်လဲ ငါသိတော့ ပြောမထွက်ခဲ့ပေမယ့် ခုအခြေအနေက မပြောလို့မဖြစ်တော့ဘူးမို့လေ "
မျက်နှာမကောင်းတဲ့ Baek ကို ကြည့်ပီး Hyun Bin လဲ
'' စိတ်မကောင်းမဖြစ်ပါနဲ့ Baek ရာ ဒီကိစ္စက မင်းကိုတောင်ကျေးဇူးတင်ရမှာ သူ့အပေါ် ငါယုံကြည်ခဲ့သမျှ အလကားပဲ မနေ့ကထိ ငါက အချစ်ဆုံးပါပြောနေတဲ့ သူက မြွေဟောက်လိုမိန်းမပဲ။ ငါကလဲ သူလိုမိန်းမမျိုးကို ယုံမိလောက်အောင် မွှန်နေမိတာကိုး ''