My Naughty Puppy (2)

4.8K 481 15
                                    

'' Baekhyun ya . . . ''

'' မိတ်ဆက်ပေးပါဟ ငါ မုန့်ဝယ်ကျွေးမယ် လေနော် ''

ဘေးနားက ပွစိပွစိ တွတ်ထိုးနေတဲ့ ငတိမတွေကို Baekhyun နားကြားမြင်းကပ်လာသည်။ ဒီလိုမှန်းသိရင် ဟိုလူကြီးကို ခေါ်မလာခဲ့ပါ။ ဒီမလာခင်က ပုံစံပြရင် လှည့်တောင်ကြည့်ချင်မှာ မဟုတ် မနက်က အရှက်ကွဲမှာစိုးကာ ဌက်သိုက်ဆံပင်တွေ သပ်သပ်ရပ်ရပ် လုပ်ပေးပီး မျက်ကပ်မှန်တပ်ပေး suit အပြည့် ဝတ်လာခိုင်းမိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိတော့တယ်။ ခုတော့ ကျောင်းထဲဝင်လာထဲက ဝိုင်းကြည့်ခံနေရတာ ခုလို မိတ်ဆက်ခိုင်းတဲ့ အဆင့်ဖြစ်ရော။

'' ဒါဆို မုန့်အရင်ဝယ်ကျွေး ''

Baekhyun စကားကြောင့် ကောင်မလေးတွေ ပြာယာခတ်ကာ

'' ကျွေးမှာပေါ့ ငါတို့ Baekhyun လေး ဘာစားမလဲ ကြိုက်တာပြော . . . . ''

တစ်ယောက်ကပြောလို့ မပီးသေး နောက်တစ်ယောက်က Baekhyun လက်ကိုဆွဲကာ

'' ခုပဲ ကန်တင်းသွားမယ်လေ လာ ''

'' နေပါဦး အားလုံးနဲ့ မိတ်ဆက်ပေးမှာမို့ အားလုံးဆီက စားမှာ အိမ်ဖို့ ပါဆယ်ပါဆွဲသွားမယ် ကျေနပ်လား အားလုံး ''

'' ok ''

မရောက်တာကြာပီဖြစ်တဲ့ ကျောင်းဝင်းထဲ လျှောက်ပတ်နေရတာ ကြည်နူးစရာကောင်းပေမယ့် ခုဝတ်ထားတဲ့ အဝတ်အစားတွေကြောင့် နေရထိုင်ရ ကျင်းကြပ်နေသလိုပင်။ ဒီနေ့လောက် လူကြည့်တစ်ခါမှ မခံဘူးတာမို့ ချွေးပင်ပြန်နေရတယ်လေ။ စာအုပ် မိတ်ဆက်ပွဲ ကိုတောင် စိတ်ရှုပ်လို့ အကျင်းချုံးသာ လုပ်ခဲ့တာ မဟုတ်လား။ ဟိုကောင်လေး မွှေမှ လူကြားထဲ ရောက်တော့တယ်။ ဟော အသက်ရှည်ဦးမှာ ဖုန်းဆက်နေပြန်ပီလေ သတိရသေးတာ ကျေးဇူးတင်ရမယ်

'' Hello ''

'' Hello လုပ်မနေနဲ့ လူကြီး ခုရောက်နေတဲ့ နေရာကနေ ကျောင်းကားပါကင်ဆီ အမြန်ပြေးထွက်ခဲ့ ကျွန်တော် လာခဲ့မယ်။ ပြေးထွက်ခဲ့နော် နောက်ကျရင် ကျွန်တော်လဲမတတ်နိုင်ဘူး ကိုယ့်ကိစ္စကိုယ်ရှင်းဘဲ ''

'' Hello . . Hello Ashii!! ''

ပြောချင်တာပြောပီး ဖုန်းချသွားတဲ့ Baekhyun ကို စိတ်ထဲက အသာကျိန်ဆဲမိလိုက်တယ်။ ချွေးထွက်တာ ခုမှ သိပ်ရုံရှိသေး ပြေးရဦးမယ် ဒင်း ဘာတွေမွှေထားပြန်ပီလဲ မသိချေ။ ဝဋ်ကျွေးရှိတော့လဲ ခံပေဦးတော့ Chanyeol ရေ . . . .

My Naughty PuppyWhere stories live. Discover now