part~6

678 86 1
                                    

ရာသီဥတုကြီးသာယာနေသလောက် ကျွန်တော့်ရင်ထဲ မိုးရွာနေသည်။ ပိုးစိုးပက်
စက်သည်းထန်းနေတဲ့ မိုးပါလေ။

အကြောင်းရင်းကာ ချစ်ရတဲ့ ကျွန်တော့်ကလေး
လေး အခု ကျွန်တော့်အနားမှာမရှိဘူးလေ။
အလွမ်းပြေမျက်နှာလေးတောင်မမြင်ရ။
မိသားစုလိုက် ဂျပန်သွားကြသည်တဲ့လေ။
ကလေးရဲ့ဒယ်ဒီအလုပ်ကိစ္စနဲ့သွားပေမဲ့ မာမီ
က တမင်လိုက်သွားခြင်း။
ခုချိန်မှာသူကလဲစာမေးပွဲဖြေနေရချိန်ဖြစ်တာ
ကြောင့် ကလေးကို ကျွန်တော်နဲ့မထားခဲ့ကြ။

လွမ်းလိုက်တာကွာ
စာကျက်နေရတာကတမျိုး လွမ်းတာကတမျိုး

စာကြည့်စားပွဲပေါ် လက်ထောက်ကာ မကျက
ချင်ကျက်ချင်ဖြင့် သူစာကျက်နေရသည်။

တီ တီ

messageရောက်လာပြီ။ ကလေးဆီကပဲ နေမှာ

"ကိုကို သတိရတယ်လို့ စာကျက်နေတာလား
fighting"တဲ့
ကြည့်!!ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်
တဲ့ ကလေးလဲ။

messageဖတ်ရင်း ပါးစပ်ကနားရွက်တက်ချိတ်
တော့မည်။
မြန်မြန်ဆန်ဆန်ပဲ စာရိုက်ပြီးပြန်ပို့လိုက်သည်။

"အင်း!!ကိုကိုလဲအရမ်းလွမ်းတယ် မနက်ဖြန်
ဖြေရမဲ့ စာအတွက် ကိုကိုခေါင်းပူနေတယ် "

စာပြန်ပို့ကာ ကလေးဆီက messageပြန်အ
လာကို ဖုန်းကိုကြည့်မေးထောက်ကာ စောင့်
နေလိုက်သည်။

တီ တီ
ဟော!ရောက်လာပြီ။ ကလေးဆီက အားပေး
စကားလေးတော့ကြားရမှာပဲ။ သေချာတယ်။
ဘာပဲဖြစ်ဖြစ် မနက်ဖြန်အတွက်တော့ ကလေး
ရဲ့အားပေးစကားလေးကြောင့် အားရှိသွားမှာ
ပဲ။

"ကိုကိုရယ် ခေါင်းပူရင်ရေခဲအုံပေါ့ အဟိ"

ငင့်။ သေရော ကလေးစုတ်လေး။ဒါ အားပေး
တာလား ။ဒီကကိုကိုကတော့ မျှော်လင့်လိုက်
ရတာ။  ကြည့်ဦးး ရေခဲအုံတာဗျာ အဟိ ဆိုတာ
လေးက ပါလိုက်သေး။ ခွေးပေါက်လေး အသဲ
ယားတာကွာ။

"ကလေးကလဲ!!ကိုကိုတကယ်ပြောနေတာနော် "

နောက်ထပ် စာတစ်စောင်သူ ထပ်ပို့လိုက်သည်။
မကြာပါ messageဝင်လာသည်။

ကိုကိုရဲ့​ရစ်​စိန်​Where stories live. Discover now