လူအများ ချစ်တယ်ပြော နေတဲ့ကြားထဲမှာ
ငါနင့် ကိုချစ်တယ်ဆိုတာ မှေးမှိန်နေပြီလား ။လူအများ နင့်ကို မြတ်နိုး ကြ တဲ့ထဲမှာ
ငါ့မြတ်နိုးမူ က အရာတောင် မထင်ပါလား။လူအများ နင့်အတွက် လုပ်ပေးနေတဲ့ချိန်မှာ
ငါ ဟာ ဘာမှမလုပ်နိုင်ဘဲ စိတ်နဲ့ပဲကျေနပ် နေရသူပါလား။အချစ်ဆိုတာ ပူလောင်တယ်
နင့်ကိုချစ်ရတာ ပင်ပန်းပေမဲ့ မလွှတ်ချမိဘဲ အပူခံ ပင်ပန်းစွာ ဆက်ချစ်နေမိတဲ့
ငါဆိုတဲ့ ပိုးဖလံလူသား ငမိုက်သား။နင် မသိနိုင်တဲ့ ကမ္ဘာ့ တနေရာကနေ
နင့်ကိုဂရုစိုက်နေ တဲ့ ငါ့ရဲ့ရပ်တည်မူတောင် မသိတဲ့လူတယောက် ကို ချစ်မိနေတဲ့
ငါဆိုတဲ့ အရူးတယောက်။နင်နဲ့ပတ်သတ်ရင် စနောက်မူလေး တခုကတောင်ရင်နာစေနိုင်တာ
နင် သိရဲ့လား ချစ်သူ။ပိုင်ဆိုင်ခွင့်မရှိမှန်း လဲသိတယ်
တချိန် ချိန် တယောက်ယောက် ရဲ့ ဘဝလက်တွဲဖော်အဖြစ် ရောက်သွားမှာလဲသိတယ် ။စိတ်ကူးနဲ့ရူးသွပ် ရတဲ့ ငါ့အတွက်
ကျေးဇူးပြု၍ ငါ့စိတ်ကူးထဲမှာ ငါ့ကိုမထားသွားပါနဲ့ ငါ့ကိုအားပေးစကားတွေဆက်ပြောနေပေးပါ
ငါ့ဘေးနားမှာ နင်ဆိုတဲ့ ငါဖန်တီးထားတဲ့ အတုအယောင် ပုံရိပ်လေးရဲ့ နွေးထွေးမူ ကိုတောင် ငါမစွန့်လွှတ်နိုင်လို့ပါ ချစ်သူ။
6AM

BẠN ĐANG ĐỌC
Just my feeling
Phi Hư CấuMy belove Luhan ငါ မျက်ရည်တွေကိုနှစ်သက်တယ် ရှုံ့ မဲ့ အော်ဟစ် ညစ်ထုတ် ပြီးထွက်လာ တဲ့ မျက်ရည် က ရင်ထဲက ခံစားချက်ကို ပြေပျောက်စေတယ် ဒါပေမဲ့ ငါနှစ်သက်တဲ့ မျက်ရည် မျိုး မဟုတ်ဘူး မျက်လုံး လေး ကို ဝိုင်းပြီး လျှံ တတ်လာ လို့ ပါးပြင်ပေါ်ကျ ဆင်းလာတဲ့မျက်ရည်...