Chapter-1

425 39 3
                                    

မွှေးပျံလှသောရနံ့နှင့်အတူ နီရဲကာ လေပြေဝှေ့တိုင်း ယိမ်းနွဲ့ကာ က နေကြသည့် နှင်းဆီပန်းခင်းကြီးကို အပေါ်စီးမှ ကြည့်လျှင် အလွန်ပင် ရင်သက်ရှုမောဖွယ်ကောင်းလှသည်။ ထိုအပြင် မိုးစက်မိုးပေါက်လေးများ ပျော်ရွင်စွာ ကျဆင်းလာကြသောအခါ ခြံထဲတွင်ရှိသော စိမ်းညှို့ညှို့ အပင်များနှင့် နီနီရဲရဲ နှင်းဆီပန်းများမှာ မိုးရေ၏ အကူအညီဖြင့် ပို၍ပင် တောက်ပနေသယောင်။

လေပြည်လေညှင်းလေးသည်လည်း တိုက်ခတ်နေသောကြောင့် ရာသီဥတုမှာ အေးစိမ့်စိမ့်နှင့် နေရထိုင်ရ အတော်ပင်အဆင်ပြေလှသည်။ ထိုအေးစိမ့်စိမ့်ရာသီ ဥတုနှင့်အပြိုင် ပူနွေးနွေး Coffee တစ်ခွက်ကို အပေါ်ထပ်ဧည့်ခန်းတွင် Laptop တစ်ခုနှင့် စိမ်ပြေနပြေ သောက်နေသော Xiumin မှာလည်းအလွန်ပင် ဇိမ်ကျလှ၏။

Pink Palace ခေါ်သူ၏အိမ်တော်ကြီးအား ရှုထောင့်အမျိုးမျိုးမှ ရိုက်ထားပြီးသော ပုံအချို့ကို Facebook , Line , Instagram နှင့် အခြားအခြားသော Social site များတွင် သူ၏ Chingu များမြင်စေရန် တင်နေလေသည်။ တနည်းပြောရလျှင် ကြွားနေသည်ဆိုသော အကြောင်းအချက်က ပို၍ မှန်လိမ့်မည်။

ထိုသို့ အများမြင်စေရန်တင်သော ပုံအောက်တွင်လည်း Comment များက မနည်းမနောတက်လာလေသည်။

"" လှလိုက်တာ..." ""ဈေးတော်တော်ပေးရမှာပဲ"" စသည်စသည်ဖြင့် comment များတက်လာလေသည်။

ထိုစဉ် Line မှ message တစ်စောင်ရောက်လာလေသည်။

From:Oohsehun

"" Hyung......အိမ်ကိုပြောပြီးသွားပြီ......လာခဲ့မယ် ""

Sehun ဆီမှ massage ရောက်လာသောအခါ Xiumin ပြုံးကာ စာပြန်ရိုက်လိုက်သည်။

"" ဒီည Flight နဲ့လာခဲ့လေ......မနက်ဖြန် မနက်ရောက်မှာပေါ့ ""

Massage ထပ်ရောက်လာပြန်သည်။

"" Ok......အိတ်တွေပြင်ဆင်လိုက်ဦးမယ်......ရောက်ရင်လာရမယ့်နေရာ ပို့ပေးဦး ""

Xiumin သူ၏အိမ်လိပ်စာကို ပို့လိုက်ပြီးနောက် Laptop အားပိတ်လိုက်တော့သည်။

Kris တို့ Shooting အဖွဲ့အား အိမ်၏ အပေါ်ထပ် ညာဘက်ထောင့်စွန်း ရှိအခန်း ငါးခန်းအား နေရာပေးထားလေသည်။ Xiumin နှင့် Luhan တို့ ညီအစ်ကိုမှာ သဘောမနော ကောင်းလှသောကြောင့် သူတို့အား ငြိုငြင်သည့် အရိပ်အရောင် လုံးဝမျှမရှိ။ အိမ်သားများကဲ့သို့ပင်ဖော်ဖော်ရွေရွေ ရှိကြသည်။

"" Tao ရေ ထတော့ဟေ့...... ခဏနေရင် ညစာစားကြမယ်......""

""Ne hyung ......ထပြီ ""

Tao တစ်ယောက်အိပ်နေရာမှထထိုင်လိုက်ပြီး Tao ၏ ဘေးတွင်တော့ Kai မှာ ဝမ်းလျားမှောက်လျက် Game ဆော့နေသည်။

'" Kyungsoo Hyung Bathroom က ဘယ်နားမှာလဲ? ""

Tao တစ်ယောက် အိပ်မှုန်စုတ်ဖွားနှင့် ထလာကာ ကြမ်းပြင်တွင်ထိုင်ကာ Camera များအား ဖုန်သုတ်နေသော Kyungsoo ကိုမေးသည်။

"" အခန်းထဲမှာ Bathroom ပါပြီးသားလေ...... အင်္ကျီဘီဒိုတွေရဲ့ နောက်က လမ်းအတိုင်းဝင်သွား အဲ့ဒါBathroom ပဲ ""

"" Ne......""

Tao တစ်ယောက် Kyungsoo ပြောသည့်အတိုင်း Towel တစ်ခုပုခုံးတွင်တင်၍ Bathroom ထဲသို့ဝင်လာလေသည်။ ထိုသို့ Bathroom သို့သွားရာလမ်းရှိ နံရံတွင်ချိတ်ထားသော မှန်တစ်ချပ်မှ ဘောလုံးပိုက်ထားသော အနီရောင်အင်္ကျီဖြင့်ကလေးတစ်ယောက်၏ ပုံရိပ်မှာ Tao အားကြည့်နေလေသည်။ သို့သော် Tao ထိုမှန်အား ဖြတ်ကျော်သွားသည်နှင့် မှန်အတွင်းရှိပုံရိပ်မှာလည်း ရုတ်ချည်းပျောက်ကွယ်သွားလေသည်။

ပတ်ဝန်းကျင်သည် အနည်းငယ်မှောင်စပျိုးလာလေသည်။ မှောင်ရီပျိုးလာသည်နှင့် လေများလည်း ပို၍တိုက်ခတ်လာကာ ခြံထဲတွင်ရှိသော ဒန်းကြီးမှာ ရှေ့နောက်လှုပ်ရှားကာ တကျီကျီ နှင့် အသံထွက်နေလေသည်။

"" ရှက်......ရှက် ""

Chocolate တစ်ခွက်ကိုက်ကာ အပေါ်သို့တက်လာသော Luhan တစ်ယောက် ခြေသံကြောင့် နောက်လှည့်ကြည့်မိသည်။ သို့သော် လှေကားတွင် သူမှလွဲပြီး မည်သူမှရှိမနေ။ ထိုကြောင့် ခေါင်းတစ်ချက်ခါကာ အပေါ်သို့ဆက်၍တက်သွားလေသည်။ သို့သော် လှေကားတွင် အသက်မဲ့စွာရပ်နေသော School uniform နှင့် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကိုတော့မြင်နိုင်မည်မဟုတ်ချေ။

Writing by Kim Jei and HH Town characters by EXOL Myat'Su Hunnie

Hallucination94
exolmyatsuhunnie

Pink Palace (Exo horror Fiction)Where stories live. Discover now