Prologue

688 38 0
                                    

              ညနေခင်း၏ လေရူးသည် သစ်ရွက်များပွတ်တိုက်အသံထွက်ယုံမျှတိုက်ခတ်နေသည်။ မွှေးပျံသော နှင်းဆီရနံ့များသည်လည်း လေထဲတွင်နေရာ ယူထားလေသည်။ ပိုင်ရှင်မရှိ ကျယ်ဝန်းလှသော ခြံကြီးထဲတွင် လှပသော နှင်းဆီ အနီ များစိုက်ပျိုးထားပြီး ခြံ၏အလယ်တွင်တော့ အခန်းရာပေါင်းများစွာပါဝင်သည့် Pink Palace ခေါ်အိမ်ဂေဟာကြီးမှာ နေရာယူထားလေသည်။

                 လေတိုက်လိုက်တိုင်း ကြွေကျပြီးသော အနီရောင် သစ်ရွက်တို့ မှာလည်း မြေပြင်ပေါ်တွင် လူးလွန့်လျက်ရှိသည်။ လေ၏ အဟုန်ကြောင့် ဝက်သစ်ချပင်ကြီး၏ အောက်တွင် ရှိသော ဒန်းကြီးမှာ တကျွီကျွီနဲ့ အသံမျိုးစုံထွက်နေသည်။ ထို ဒန်းကြီးတွင်တော့ ခေါင်းငိုက်စိုက်နှင့် အမျိုးသမီးတစ်ဦး ထိုင်ကာ ခြေထောက်အသုံးပြု၍ ဒန်းကိုလွှဲနေလေသည်။

"" ဖြေးဖြေးလုပ်ကြပါဟ………အဲ့တာတွေက တန်ဖိုးကြီးတယ်……… hey……ဟိုတစ်ယောက် အဲ့ Sofa ကို ဖြေးဖြေးသယ်……""

Pink palace ၏ အိမ်ရှင် အသစ်ဖြစ်လာသူ Xiumin တစ်ယောက် ခြံထဲတွင် ခါးထောက်၍ အလုပ်သမားများအား Manage လုပ်နေသည်။ သူ၏ ညီဖြစ်သူ Luhan မှာတော့ Instagram ပေါ်တင်ရန် Pink Palace နှင့်အတူ Selfie ဆွဲလေသည်။

"" Luhan……Luhan ရေ…… Ya!!!! Luhan ငါခေါ်နေတာ မကြားဘူးလား??''

""Ne………""

Xiumin အော်လိုက်သည့်အခါမှသာ Ne ဆိုသော အသံထွက်လာသည်။

"" ရိုက်ကူးရေးအဖွဲ့ဘယ်တော့ ရောက်မှာလဲတဲ့………""

""5 နာရီလောက်ထင်တယ်………""

Luhan …… Xiumin ၏ အမေးကို ပြန်ဖြေလိုက်သောအခါ Xiumin တစ်ယောက် ခေါင်းငြိမ့်နေလေသည်။

"" Ya!!!……Do ပြူး မြန်မြန်မောင်းပါဟ လွတ်သွားတော့မှာပဲ………""

"" တစ်နေရာထဲဦးတည်သွားပါတယ်ဆိုမှ လွတ်မလား ဟ!!!""

Kyungsoo ၏ စကားကို Kai က ခေါင်းခါ၍ phone ကိုသာသဲကြီးမဲကြီးနှိပ်နေသည်။

""Oppa…… Myat su တို့ကားနောက်ကို ကားတစ်စီးလိုက်နေသလိုပဲ………""

stylist Myat Su ၏ စကားကြောင့် Kris အပါအဝင် အခြားသူများမှာ နောက်လှည့်ကြည့်မိသည်။

"" အဲ့တာ Photographer Do ရဲ့ကားမဟုတ်လား?""

""ဟုတ်တယ်…Photographer ရဲ့ကားပါ။………""

Jei ၏စကားကို Kris ၏ manager Chen က ခေါင်းငြိမ့်ကာထောက်ခံသည်။
ထိုနောက်အသီးသီး အလုပ်ကိုယ်စီနှင့်။

"" ကဲ ရောက်ပြီ ဆင်းကြတော့………""

""Yeah …… ရောက်ပြီကွ……""

""Ah……ထိုင်လိုက်ရတာ ခါးညောင်းလိုက်တာ……""

အသံပေါင်းစုံထွက်၍ Kris အပါအဝင်အခြားသူများ ကားပေါ်မှဆင်းလာကြသည်။ ထိုနောက် ခြံ၏ Bell ကို Chen က နှိပ်လိုက်သည်။
Bell နှိပ်ပြီးသိပ်မကြာခင်တွင် ခြံတခါးပွင်းသွားပြီး နှင်းဆီးပန်းများ ခြံရံကာလှနေသည့် Pink Palace ကို တွေ့မြင့်ရသည်။

"" ကျွီ……ကျွီ………""

""Wow ဒန်းရှိတယ်……""

ရိုက်ကူးရေးအဖွဲ့မှ Hanna တစ်ယောက် ဒန်းပေါ်သို့ထိုင်ပြီးလွဲနေသည်။ သို့သော် သူမ၏ ဘေးတွင် စိတ်ဆိုးသော အမူအရာဖြင့်ရပ်နေသော မိန်းကလေးကို မူ မြင်နိုင်မှာမဟုတ်ချေ။

""မင်းတို့နှစ်ယောက်က ရှုပ်ကို ရှုပ်ပါတယ်ကွာ……""

Kyungsoo၏စကားကို Kai မှမျက်မှောင့်ကြုံ့၍……

"" ဒီမှာ Hyung……လိုက်ခဲ့ပါလားလို့ခေါ်တာ Hyung……စကားကို ပလာတာ မလုပ်ပါနဲ့။
""

"" အေးပါ……မှားပါတယ်……ဟိုရွစိတက်ကလဲ ငြိမ်ငြိမ်နေနော်…… လားလား လားလား နဲ့ပုံမမြင်ချင်ဘူး……""

ကားပေါ်မှာ အအေးဘူးကို ပိုက်နှင့် စုပ်ကာ ဆင်းလာသော Tao တစ်ယောက် အအေများသည်းသွားပြီး Kyungsoo အားမျက်ထောင့်နီနှင့်ကြည့်လိုက်သည်။

"" ဒီမှာ Hyung……ဟိုမှာ Kai အဲ့……ဒီမှာ hyung……ကျွန်တော်က ငြိမ်ငြိမ်မနေပဲ Kris ကို ဆွဲလားရမ်းလား သွားလုပ်မှာမို့လား……ဖက်နမ်းမှာမို့လာ?… ကိုက်စားမှာမို့လား?""

""မင်းစကားကလည်းကွာ…ကြောက်စရာကြီး……ကဲ ဆင်းကြတော့ရောက်ပြီ……ငါ့နောက်ကလိုက်ခဲ့""

Kyungsoo camera နှင့် လိုအပ်သော အိတ်များဆွဲကာ Pink Palace ခြံကြီးထဲသို့ ဦးဆောင်ဝင်သွားလေသည်။ ထို့နောက် Kai နှင့် Tao ပါဝင်သွားသည်။ သို့သော် ကြောက်တက်လှပါသည်ဆိုသော် Tao ၏ အင်္ကျီစကို ကိုင်၍ သူတို့နှင့်အတူ လိုက်ဝင်လာသော အရိပ်မဲမဲတစ်ခုကိုတော့ သိနိုင်မည်မဟုတ်ပေ…………။  ။

Writing by Kim Jei and HHtown
Story Characters by Exol Myat su hunnie

Pink Palace (Exo horror Fiction)Where stories live. Discover now