💓💕အချစ်စစ်သာ တည်စေသော်💓💕
အချိန်တွေကြာလွန်ခဲ့ပြီ။ရာသီဥတု တွေက အမျိုးမျိုးပြောင်းလဲခဲ့ပြီ။ချယ်ရီတောထဲ ချယ်ရီပွင့်တွေပင် ကြွေပြီ ပြန်ပွင့်လိုက်နှင့် ကျွန်တော်လည်း ငယ်ရွယ်တဲ့အချိန်ကလေ ရင့်ကျက် အရွယ်သို့ ရောက်ပြီလေ။အရာအားလုံး ပြောင်းလဲခဲ့ပေမယ်။ကျွန်တော်ရင် ထဲက sooကို သတိရနေတဲ့အကျင့်တွေက မပြောင်းလဲသေးပါ။
'sooနဲ့ကျွန်တော် မတွေ့ရတာ၅နှစ်ရှိခဲ့ပြီ။အခုဆိုရင်ကျွန်တော်အသက်၁၈နှစ်ဖြစ်နေပြီ မကြာခင်ထီးနန်း ဆက်ခံရတော့မယ်။မှတ်မိသေးတယ်။လွန်ခဲ့တဲ့၅နှစ်က ချိုမြိန်မှုကို sooနဲ့ကျွန်တော် အမြဲတွေ့ဖြစ်ခဲ့ကြတယ်။ တွေးတိုင်း ကျွန်တော်ကိုယ့်ကိုယ်ကို မင်းသားတစ်ယောက်ဆိုတဲ့အတွေးမျိုးတောင် မရှိအောင် သူနဲ့အတူတူ ပျော်ရွှင်ရဖူးတယ်။တခြားသူကို မစတတ်တဲ့ကျွန်တော် sooကိုဆို အမြဲမထိတထိ စခဲ့တယ်။sooစိတ်ကောက်သွားရင် ကျွန်တော်ချော့ရမနည်းပဲ။sooရဲ့ အသံချိုလေးနဲ့သီချင်းတွေဆိုပြခဲ့တယ်။မှတ်မိတယ် ကျွန်တော်နဲ့sooတွေ့ဖို့ချိန်းခဲ့တဲ့နောက်ဆုံးနေ့လေးကို
လွန်ခဲ့တဲ့၅နှစ် က
'မင်းသားလေး ဒီနေ့ အရမ်းပျော်နေသလိုပဲ ကြည့်ရတာ´
'ပျော်တာပေါ့ ဦးရီးတော်ရဲ့ ဒီနေ့ ကျွန်တော် sooလေးသွားတွေ့မှာလေ´
'soo...soo...sooနဲ့တsooတည်းsooနေတာ အာ့မိန်းကလေးနဲ့ဦးရီးတော်ကို ပေးမတွေ့စေချင်ဘူး´
'မပေးတွေ့ချင်ပါဘူး။ဦးရီးတော်က လည်း ဦးရီးတော်ရဲ့luဆိုတဲ့ သမင်မလေးရဲ့အချစ်သာယူပါ။ကျွန်တော်sooကိုလာမထိနဲ့´
Chanyeolအကျီကို သေချာ သပ်ရပ်အောင်လုပ်ပြီ ပြောလိုက်သည်။
Sehunကလည်း လက်ထဲက ပန်းသီးကို တစ်ကိုက် ကိုက်၍
'အေးပါကွာ luကလည်း ငါ့ဘက်ပါနေပါပြီ။မိန်းကလေး မို့ မူနေတာ။´
'ဟုတ်ပါပြီဗျာ ။ဦးရီးတော် ဒါဆို ကျွန်တော် သွားတော့မယ်။´
Chanyeolပြောပြီ အထွက် အထိန်းတော်က ရောက်လာကာ
'မင်းသားလေး မင်းသားလေး အရှင်မင်းကြီး အရမ်းနေမကောင်းဖြစ်နေလို့ မင်းသားလေးကို ဆင့်ခေါ်လိုက်တယ်´
YOU ARE READING
အချစ်စစ်သာ တည်စေသော်
أدب الهواةChansooနန်းတွင်းnormal ficလေးပါ။အားပေးကြပါနော်။