Z-1

939 56 2
                                    

စီးဆင်းလျက်​ရှိ​သော ​စမ်း​ချောင်းငယ်​တစ်​ခုမှာ
လိုက်​ပါစီးနင်းလျက်​ ဖြတ်​သန်းခဲ့တဲ့ဘဝတစ်​ခု
ရေစုန်​​ရေဆန်​တို့က ပြာလဲ့ရွှင်​ပြမ​နေ
ညိုညစ်​ညစ်​ စိတ်​ပျက်​ဖွယ်​ အပြည့်​ဖြင့်​သာရှင်​သန်​ စုန်​ဆန်​စီးရသည်
အရာရာက ​ခြောက်​ကပ်​ပျင်းရိဖွယ်အတိ
လူတို့၏လိုချင်​တက်​မက်​ဖွယ်​ အမြင်​အာရုံ
ကျွန်​​တော့ အတွက်​​တော့ အတိုင်းအဆမရှိ
ခြားနားထားတဲ့ စည်းတစ်​ခုအဖြစ်​ ဖြစ်​တည်​လာသည်​က နှစ်​​ပေါင်းများစွာ
လူသားတစ်​​ယောက်​အ​နေဖြင့်
လူသားမဆန်​စွာ ​နေထိုင်​ခဲ့ရသူတစ်​​ယောက်၏
နှလုံးသား ဒဏ်​ရာ ထက်​ ပူ​လောင်​​ဆွေးမြလှသည်
နာကျင်လှတဲ့ေ​ဝဒနာ ​တွေကိုကုစား​​ပေးနိုင်သူ
ကျွန်ေ​​တာ့ဘဝမှာ တစ်ေ​ယာက်ထဲရှိခဲ့ဖူးသည်
ထိုသူက.........​ဖေ​​ဖေ။
~~~~~~~~~~~~~
"​​​ ​မေ​မေ"
အသံကြားရာ မီးဖိုခန်းထဲသို့ ​ခေါ်မိခြင်းဖြစ်​သည်
"သား..Tae​လေး နိုးပြီလား မနက်​စာစား​တော့မလား"
မေ​မေ့ရဲ့ အ​မေးကို​ခေါင်း​လေးညိတ်​ပြလိုက်​သည်
မေ​မေ အခုဆို ဘယ်​လိုပုံစံမျိုးပါလဲ
မေ​မေ ဘယ်​လို​တွေများ ​ပြောင်းလဲသွားမည်​လဲ
မေ​မေ့ ဆံပင်​​လေး​တွေက​ရော ဘယ်​လိုအ​နေအထားမှာရှိ​နေမလဲ
ကျွန်​တော်​ မသိရဘူး မမြင်​ရဘူး
တကယ်​​တော့ ခံစားခွင့်​ ​ပျောက်​လွင့်​ခဲ့ရခြင်းသာ
ကျွန်​​တော့ကို ​နွေး​ထွေးယုယစွာ ကြင်​နာ​ပေးသူ
ဆိုလို့ ​​ဖေ​ဖေ ကျွန်​​တော့်​အနားမှ
ှထွက်​သွားကတည်းက
မေ​မေနဲ့ အကို တို့ နှစ်​​ယောက်​သာရှိသည်
အကို ဆို​​ပေမယ့် ​ ​မေ​မေ့ ​မောင်​​လေး ရဲ့သား
သူက ကျွန်​​တော့်​ကို သူ့ရဲ့ ညီ​လေး အရင်း
တစ်​​ယောက်​လို အရမ်းချစ်​သည်
ကျွန်​​တော်​လည်း သူ့ကို အလွန်​အားကိုးသည်
ချစ်​သည်
မနက်​ အိပ်​ရာနိုးတိုင်း
"သား Tae Tae ​လေး ထ​တော့" ဆိုပြီး ကလိထိုးကာ အိပ်​ရာလာနိုးတတ်​​သော ​ဖေ​ဖေ့ရဲ့ ပုံရိပ်​​လေးက မျက်​ဝန်းထဲမှာ ယခုအချိန်​ထိ စွဲထင်​လျက်​ရှိသည်
ကုတ်​ပိုးပြီး ​ရေချိုးခန်းထဲသို့​ခေါ်သွားကာ
မျက်​နှာသစ်​ သွားတိုက်​တာကအစ
ဂရုစိုက်​​ပေး​သော ​ဖေ​ဖေ့ကိုလွမ်းလိုက်​တာ..
ဘာလို့များ ​ကျွန်​တော့ကိုထားခဲ့ပြီး ​လောကကြီးထဲက အ​စောကြီးထွက်​သွားခဲ့ရတာလဲ ​ဖေ​ဖေ...
အဲ့တုန်းက ကျွန်​​တော်​တို့ မိသားစု​လေးက
ငြိမ်းချမ်းသည်​ဟုဆိုရသည်​ထက်​ ပို​သော
ပျော်​ရွှင်​မှုနှင့်​ ပြည့်​စုံလွန်းသည်
ကျွန်​​တော့်​ မျက်​လုံးများမှ ပူ​နွေး​နွေး မျက်​ရည်​စများ
ပါးပြင်​​ပေါ်သို့ တွဲခိုဆင်းကျလာသည်
မေ​မေ့ရဲ့ လက်​ဖဝါးနုနု ​လေးများက ပါးပြင်​တို့
လာ​ရောက်​ထိ​တွေ့မှုတို့က ​နွေး​ထွေးလွန်းလှသည်​.......။
--------------------
"Tae Hyung အပြင်​သွားမယ်​​လေ"
အကို နဲ့ ကျွန်​​တော်​က အမြဲတမ်းလိုလို အပြင်​​ထွက်​​လေ့ရှိသည်
ဘာရယ်​မဟုတ်​ လမ်း​လျှောက်​ထွက်​ရုံ​လေးပါ
တခြား​နေရာ​တွေသွားမယ်​ဆိုလဲ
ကျွန်​​တော့လို လူအတွက်​ ဘယ်အရာက​​မှ အသုံးမဝင်

I can see youWhere stories live. Discover now