စီးဆင်းလျက်ရှိသော စမ်းချောင်းငယ်တစ်ခုမှာ
လိုက်ပါစီးနင်းလျက် ဖြတ်သန်းခဲ့တဲ့ဘဝတစ်ခု
ရေစုန်ရေဆန်တို့က ပြာလဲ့ရွှင်ပြမနေ
ညိုညစ်ညစ် စိတ်ပျက်ဖွယ် အပြည့်ဖြင့်သာရှင်သန် စုန်ဆန်စီးရသည်
အရာရာက ခြောက်ကပ်ပျင်းရိဖွယ်အတိ
လူတို့၏လိုချင်တက်မက်ဖွယ် အမြင်အာရုံ
ကျွန်တော့ အတွက်တော့ အတိုင်းအဆမရှိ
ခြားနားထားတဲ့ စည်းတစ်ခုအဖြစ် ဖြစ်တည်လာသည်က နှစ်ပေါင်းများစွာ
လူသားတစ်ယောက်အနေဖြင့်
လူသားမဆန်စွာ နေထိုင်ခဲ့ရသူတစ်ယောက်၏
နှလုံးသား ဒဏ်ရာ ထက် ပူလောင်ဆွေးမြလှသည်
နာကျင်လှတဲ့ ဝေဒနာ တွေကိုကုစားပေးနိုင်သူ
ကျွန်တော့ဘဝမှာ တစ်ယောက်ထဲရှိခဲ့ဖူးသည်
ထိုသူက.........ဖေဖေ။
~~~~~~~~~~~~~
" မေမေ"
အသံကြားရာ မီးဖိုခန်းထဲသို့ ခေါ်မိခြင်းဖြစ်သည်
"သား..Taeလေး နိုးပြီလား မနက်စာစားတော့မလား"
မေမေ့ရဲ့ အမေးကိုခေါင်းလေးညိတ်ပြလိုက်သည်
မေမေ အခုဆို ဘယ်လိုပုံစံမျိုးပါလဲ
မေမေ ဘယ်လိုတွေများ ပြောင်းလဲသွားမည်လဲ
မေမေ့ ဆံပင်လေးတွေကရော ဘယ်လိုအနေအထားမှာရှိနေမလဲ
ကျွန်တော် မသိရဘူး မမြင်ရဘူး
တကယ်တော့ ခံစားခွင့် ပျောက်လွင့်ခဲ့ရခြင်းသာ
ကျွန်တော့ကို နွေးထွေးယုယစွာ ကြင်နာပေးသူ
ဆိုလို့ ဖေဖေ ကျွန်တော့်အနားမှ
ှထွက်သွားကတည်းက
မေမေနဲ့ အကို တို့ နှစ်ယောက်သာရှိသည်
အကို ဆိုပေမယ့် မေမေ့ မောင်လေး ရဲ့သား
သူက ကျွန်တော့်ကို သူ့ရဲ့ ညီလေး အရင်း
တစ်ယောက်လို အရမ်းချစ်သည်
ကျွန်တော်လည်း သူ့ကို အလွန်အားကိုးသည်
ချစ်သည်
မနက် အိပ်ရာနိုးတိုင်း
"သား Tae Tae လေး ထတော့" ဆိုပြီး ကလိထိုးကာ အိပ်ရာလာနိုးတတ်သော ဖေဖေ့ရဲ့ ပုံရိပ်လေးက မျက်ဝန်းထဲမှာ ယခုအချိန်ထိ စွဲထင်လျက်ရှိသည်
ကုတ်ပိုးပြီး ရေချိုးခန်းထဲသို့ခေါ်သွားကာ
မျက်နှာသစ် သွားတိုက်တာကအစ
ဂရုစိုက်ပေးသော ဖေဖေ့ကိုလွမ်းလိုက်တာ..
ဘာလို့များ ကျွန်တော့ကိုထားခဲ့ပြီး လောကကြီးထဲက အစောကြီးထွက်သွားခဲ့ရတာလဲ ဖေဖေ...
အဲ့တုန်းက ကျွန်တော်တို့ မိသားစုလေးက
ငြိမ်းချမ်းသည်ဟုဆိုရသည်ထက် ပိုသော
ပျော်ရွှင်မှုနှင့် ပြည့်စုံလွန်းသည်
ကျွန်တော့် မျက်လုံးများမှ ပူနွေးနွေး မျက်ရည်စများ
ပါးပြင်ပေါ်သို့ တွဲခိုဆင်းကျလာသည်
မေမေ့ရဲ့ လက်ဖဝါးနုနု လေးများက ပါးပြင်တို့
လာရောက်ထိတွေ့မှုတို့က နွေးထွေးလွန်းလှသည်.......။
--------------------
"Tae Hyung အပြင်သွားမယ်လေ"
အကို နဲ့ ကျွန်တော်က အမြဲတမ်းလိုလို အပြင်ထွက်လေ့ရှိသည်
ဘာရယ်မဟုတ် လမ်းလျှောက်ထွက်ရုံလေးပါ
တခြားနေရာတွေသွားမယ်ဆိုလဲ
ကျွန်တော့လို လူအတွက် ဘယ်အရာကမှ အသုံးမဝင်