Part-20

3.1K 340 4
                                    

သူတို့... ကျွန်တော့်ကို ဘာလုပ်ကြမလို့လဲ???

Wu Yi Fan !!!!!!!!!!!!!!!!!
ကျွန်တော် အာခေါင်ခြစ်အော်ပြီး အော်လိုက်တယ်။
ဒီပါးစပ်ကလည်း အရေးကြောင်းရယ်ဆို အဲဘိုးတော် နာမည်ပဲ ထွက်လာတယ် ><

သူ့တစ်ကိုယ်လုံးကို ကျွန်တော်အပေါ်က အုံ့မိုးထားပီး ကျွန်တော့်ပုခုံးနှစ်ဖက်ကို လာဖမ်းကိုင်တော့ ကျွန်တော် တတ်နိုင်သမျှ အားကုန်သုံးပီး ပိတ်ကန်ပစ်လိုက်တယ်။

"အာ့ ChanYeol yar!"

ဟင်... ကျွန်တော့်နာမည် ခေါ်လိုက်သလားလို့ :/
လူကြီးအသံလားလို့ :/

ကျွန်တော် မျက်လုံးကို ဖြည်း၂ချင်းဖွင့်ကြည့် လိုက်တော့...

လခွမ်း ငါအိပ်မက်မက်နေတာဟ xD

အယ်... လူကြီးက ကျွန်တော်ယောင်ပီး လူမှားကန်လိုက်လို့ ကုတင်အောက်မှာ ကုန်း၂ကြီး :3

"အဟမ်း... ခင်ဗျားကြီး ဘာလို့ ကုတင်အောက်မှာ ကုန်းကွနေတာလဲ"

အလဲ့... Park ChanYeol တို့ ဟန်ဆောင်ကောင်းချက် xD

"ကလေးပဲ ကန်လိုက်တာလေ... အားလားလား... ခြေသံပြောင်ချက်ပဲ"

"ငင့် >< ခင်ဗျားကြီးက ဘာလို့ ကျွန်တော်ပေါ်မှာ လာခွနေတာလဲ"

သူအခုထိ ကုတင်အောက်မှာပဲ... တော်တော်အထိနာသွားတယ်ထင်တယ်... ထက်ုမလာတော့ဘူး xD
ကျွန်တော်ကတော့ ကုတင်ပေါ်က စောင်ပုံကြားမှာ စူပုတ်၂လေးပေါ့ ခိခိ

"ကလေးက ကယောင်ကတမ်းတေ လျှောက်အော်နေလို့ ကိုယ်က စိတ်ပူလို့ပါ... အိပ်မက်ဆိုးမက်နေတာမလားဟင်"

ပြောရင်း ထလာပီး ကျွန်တော့်ပါးကို လာကိုင်တယ်။
သတ်သတ်မဲ့ လူကို အသားယူတာ -_-

သူပြောမှပဲ ကျွန်တော်လည်း ညက အိပ်မက်ကို ပြန်မှတ်မိတယ်။ တော်သေးတာပေါ့... အိပ်မက်မလို့... ကြောက်လိုက်တာ ㅠㅠ
ရုတ်တရက် ငိုချင်လာတယ် ㅠㅠ

"ဟင့် ㅠㅠ"

"Wae ChanYeol? ကလေး ဘာဖြစ်လို့လဲ... ဘယ်နားနေမကောင်းလို့လဲ"

ပြာပြာသလဲ ကျွန်တော့်နဖူးကို စမ်းပီး မေးလာတဲ့ လူကြီးရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။

ကျွန်တော်လိုအပ်တာ လူကြီးပဲ...

"ကလေး..."

"ဟင်..."
ကျွန်တော် သူ့ရင်ခွင်ထဲကနေပဲ အသံသေးသေးလေး ပြုလိုက်တယ်။

"ကိုယ့်ကို ကြည့်ပါအုံး ကလေးရဲ့"

"ဟင့်အင်း... မကြည့်ချင်ဘူး"

"ဘာလို့လဲ ကလေးရဲ့"

ဂါးးး အဘိုးကြီး တော်တော်လျှာရှည်တယ် -_-

"ခုရုပ်ဆိုးနေတယ် ><"

"Haha ရုပ်ဆိုးလေးပေါ့... ပြပါအုံး အဲရုပ်ဆိုးကို ကြည့်ချင်လို့ရယ်"
ပြောရင်းဆိုရင်း အတင်းကိုပဲ သူ့ရင်ခွင်ထဲ ဝင်ပုန်းနေတဲ့ ကျွန်တော့်မျက်နှာကို လိုက်ကြည့်နေတယ် -_-

"ဟာဗျာ... ခင်ဗျားကြီး ဘယ်လိုတေ ဖြစ်နေတာလဲ"

မွ :*

လူကြီး ကျွန်တော့်ပါးလေးကို နမ်းလိုက်တယ် o.O

"Yarrrrr!!!!! ခင်ဗျားကြီးကို သတ်မယ် ဂါးးးး မျက်နှာလည်း မသစ်ဘဲနဲ့ ညစ်ပတ်တယ် ခင်ဗျားကြီး ဂါးးးး ကျွန်တော့်ကို လာနမ်းတာ မကြိုက်ပါဘူးဆိုတာကို ဂါးးးးး"

သူများစုံတွဲတေမှာဆို တူတူနေရရင် မနက်ခင်းဟာ လှပတယ်လေး ဘယ်နေ့ရက်နဲ့မှ မလဲနိုင်တာလေး ဘာလေးညာလေးပေါ့...

ကျွန်တော်နဲ့ လူကြီးကတော့
တစ်အိမ်လုံးပတ်ပြေးပီး စိန်ပြေးတမ်း ဆော့လိုက်ရတယ် -_-

###
Lol
ဘာမုန်တိုင်းမှ မတိုက်သလို တဝက်တပျက် တိုက်တဲ့ မုန်တိုင်းလည်း မဟုတ်ပါဘူးလို့ xD
နောက်ကြည့်တာ xD

I'm officially 18 #Completed# Where stories live. Discover now