"ရော့...."စီနီယာအစ်ကို ကမ်းပေးသော ရေဗူးကို
လှမ်းယူရင်း ပြုံးပြမိသည်....။ရေဗူးအဖုံးဖွင့်နေရင်း
ကြည့်နေကျ နေရာလေးကို လှမ်းကြည့်မိတော့
ပြုံးဖြစ်နေကြအပြုံးတို့ အသက်ဝင်သွားရသည်....။ဒီလိုအချိန်ဆို ကွင်းထဲလာပီး
ဆော့နေတဲ့သူတွေကို ငေးကြည့်နေတတ်သော
အရိပ်လေးတစ်ခုက ကျနော့်အာရုံကို
ဖမ်းစားနိုင်ခဲ့သည်....။ပါဝါပါလားမပါလားမသိသော
မျက်မှန်လေးထောင့်လေးကို တပ်ထားတာကြောင့်လားမသိ ကလေးဆန်လွန်းသော
ပုံရိပ်လေးက ကျနော့်ကို ညှို့နိုင်စွမ်းသည်...။ဖိုင်လေးကို ရင်ခွင်ထဲပိုက်ပီး Hoddieပွပွရဲ့
ခေါင်းစွပ်ကို ခေါင်းမှာ စောင်းထားသော
သူလေးက မြင်မြင်သမျှလိုက်ငေးနေပြန်သည်...။နောက်တပါတ်ကျင်းပမယ့်
ကျောင်းပွဲအတွက် လေ့ကျင်နေရသော
ကျနော်ဟာ သူရောက်လာရင် မောရမယ်မှန်းမသိ...။ကျနော်ကစားနေရင်ရော
သူကြည့်နေလေမလား.....။အတွေးနဲ့တင် ရင်ကို နွေးမြစေသည်.....။
ခုလို နားနေရင်တော့ သူကဒီဘက်ကို
ယောင်လို့တောင် မကြည့်သဖြင့်
ကျနော် စိတ်ကြိုက်သူ့ကို ငေးခွင့်ရနေတာ.....။အင်္ကျီကသူနဲ့ပွလွန်းနေကာ
လက်ဖျားလေးတွေတောင် မြင်နေရရုံလေး....။ဟက်... ဘယ်လိုဟာလေးလဲမသိဘူး....
အတွေးက အသံပါထွက်သွားစေတဲ့အထိ...။
ဘယ်သူမှမကြားပေမယ့်
ကိုယ့်ဘာသာ ရှက်ကာရယ်မိလေသည်...။သူရောက်မလာတဲ့နေ့တွေဆို
လွမ်းဆွေးခြင်းကို ကျနော် ခံစားတတ်နေပီ....။"ဘယ်လိုလဲ... Yi Fan.. စိတ်ဝင်စားလို့လား..."
"ဗျာ..."