"အုန်း... ဝုန်း..."နားထဲမှာကျယ်လောင်စွာ
မြည်ဟီးသွားခဲ့သော ပေါက်ကွဲသံတစ်ခု...."ဆရာ.. မြန်မြန်ထွက်..
စက်ရုံထဲ မီးလောင်နေပီ...."ဒီတစ်လအတွင်းမှာ ပြဿနာမျိုးစုံနဲ့
ရှုပ်ထွေးနေခဲ့သော ဒီစက်ရုံမှာ
လုပ်ကြံနေတဲ့ အတွင်းလူတစ်ယောက်တော့
ရှိကိုရှိနေသည်မို့ သေချာထဲထဲဝင်ဝင်လေ့လာခဲ့မိပီးနောက်မှာ..
အန္တရယ်ဆိုတာ တကယ်လက်တွေ့ကြုံရလေပီ...တစ်ညတာ ထိုလူယုတ်မာနဲ့စကားပြောဆိုပီးနောက်မှာ ကျူးလွန်ခဲ့သော သူ့အပြစ်တွေကို
လုံးဝသက်ညှာမပေးနိုင်ပါဘူးဟု
ဆုံးဖြတ်ခဲ့တာကြောင့် ထိုလူရဲ့ယုတ်မာမှူက
အဆုံးထိပါ...စက်ရုံထဲက ကိုယ်ကလွတ်ပေမယ့်
မလွတ်သေးသည့် လုပ်သားတွေကို
ကူညီပေးဖို့ကြည့်နေမိတုန်းမှာ
လက်ကိုလာဆွဲပီးပြေးလေသော
ဒီရောက်မှ သိရသည့်အတွင်းရေးမှူးရယ်လေ...နောက်ကိုကြည့်မိတော့
နီရဲတင်းမာနေသည့် မျက်နှာထားနဲ့
သံတုတ်ကိုကိုင်ပီး ပြေးလာနေသော
အပြစ်သား.......အတွင်းရေးမှူးခေါ်တဲ့အတိုင်း
ကားပေါ်ပါလာပီးနောက်မှာလဲ..
နောက်ကထပ်ကြပ်မကွာလိုက်လာသော
ထိုလူကြောင့် အသက်လုမောင်းပြေးနေသည့်
အတွင်းရေးမှူးဆီမှ..."အဲ့ဒီလူ စိတ်ဖောက်ပြန်သွားပီတဲ့...
တစ်ညလုံးဆရာ့ကို သတ်မယ်ပဲပြောနေတာတဲ့
သူတကယ်သတ်မှာ...""ဟင်.."
ခုနက မူမမှန်ဟု ထင်ခဲ့မိသည့်
မျက်ဝန်းတွေက ပေါ်လာရသည်....ကားကတော့ တဖြည်းဖြည်း နဲ့ ကျနော်မသိသည့်နေရာတွေရောက်လာရသည်.....
"Mr Kim... အရှိန်လျှော့ပါလား..."
ခွင့်ပြုထားသော အရှိန်ထပ်များစွာပိုနေပီမို့
ပြောလိုက်မိသည်..."ဒုတ်.. "
ဇကောထဲလှိမ့်သလို ဖြစ်နေသည့်ကားကြောင့်
ကုတ်အင်္ကျီအတွင်းအိတ်ထဲ
ထည့်ထားမိသော ဖုန်းကလျောကျလာသည်...