EPISODE-2
နှင်းတွေရိုက်ကာ... ရေခဲတောင် အလား အလွန် အေးခဲနေသည့်... ဂူကြီးတစ်ဂူထဲတွင် မှော်ဆရာမ တစ်ယောက် ဒဏ်ရာတွေနှင့် လဲကျ နေသည်......
ထိုမှော်ဆရာမကား အသက် 500 ရှိပြီ ဖြစ်သော် လည်း ငယ်ရွယ်ကာ လှပနေသေးသည့် အသက် 20 အရွယ်ခန့်မိန်းကလေးတစ်ယောက် လိုပင်.........
မှော်ဆရာမ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးဒဏ်ရာ ဒဏ်ချက်တွေနှင့် ပြည့်နက်နေပြီး... အပြာရောင် ရေခဲကျောက်ဖြာကြီးတစ်ခုပေါ်တွင် လှဲလှောင်း နေသည်......
ထို့နောက် သူမသည်... ကျောက်တိုင်တစ်ခု ပေါ်တွင်ရေးဆွဲထားသည့် ကနုတ်ပုံသဏ္ဏာန် စာများကို ဖတ်ကာ......
မှော်ဆရာမ- ဒီနေ့ကစပြီး ကျွန်ုပ်ရဲ့ နောက်ဆုံး နေ့ အထိ မှော်အစွမ်းတွေ ကျွန်ုပ်ရဲ့ အသွေး အသားထဲ... စီးဆင်းပါစေသော် *Shout*
သူမပြောလို့လည်း ပြီးရော ဒဏ်ရာများ တဖြည်း ဖြည်းပျောက်ကာ... သူမလက်ထဲသို့ မီးကဲ့သို့ရဲနေသော ဓားတစ်ချောင်း အလို အလျောက် ရောက်လာလေသည်...... ပြီးနောက် သူမ ဖြည်းဖြည်းချင်းမတ်တပ်ထရပ်ကာ... ဂူအပြင်ကို ကြည့်လိုက်ပြီး......
ထို့နောက် သူမ အသံတိမ်လေးဖြင့် တီးတိုး ရေရွတ်လိုက်သည်......
မှော်ဆရာမ-*whisper* အဲ့ဒီအရာ စတင်နေပြီ
-----------------
သစ်ပင်ပန်းပင်များဖြင့် စိမ်းစိုကာ... သာယာ လှပသော ကုန်းမြင့် ဒေသလေးတစ်ခုတွင်...
ကောင်မလေး တစ်ယောက်မြင်းကို ဒုန်းစိုင်း စီးကာ သူ့အိမ်သို့ အပြေးလေးပြန်လာပြီး ... အိမ်ထဲသို့ အပြေးတပိုင်းနှင့်ဝင်သွားသည်Girl- တောနက်ပိုင်းထိသွားခဲ့ရတယ်. ဒါပေမယ့် ဦးလေးပြောတဲ့ အဲဒီ ဂျင်စင်းကိုရခဲ့တယ်...
အဲဒီကောင်မလေးရဲ့ ဦးလေးဖြစ်သူက... သူ့တူမ ပုခုံးကို အသာအယာပုတ်လိုက်ပြီး အိပ်ရာပေါ် လှဲနေသော ညီမဖြစ်သူကို ကြည့်လိုက်ရင်း...
Uncle- အခုဘာမှအသုံးမဝင်မှာဘဲ ကြောက် တယ်... မင်းတို့နှစ်ယောက်ကိုထားခဲ့တယ်... စကားပြောကြဦးပေါ့...
YOU ARE READING
THE SHANNARA: CHRONICLES
FanfictionMain: Yoona Jessica & other snsd members Yoonsic (fanfic) The Shannara: Chronicles သည် CJ ၏ စိတ်ကူးသတ်သတ်သာဖြစ်သော Soshi fanfic တစ်ပုဒ်သာ ဖြစ်ပါသည်......