အို ဘာလို့ မဖြစ်နိုင်ရမှာလဲ
ကံကြမ္မာ ဆိုတာ ဆန်းကြယ် ခြင်း ပဲလို့
တွေး မိလိုက် တဲ့ အခိုက်အတန့် လေးမှာပဲ
သူက သိပ်ကိုချောမော လှပပြီး ခမ်းနား ပါတယ်ဆိုတဲ့ အကြောင်းကို သွားသတိရလိုက်မိတော့
သက်ပြင်းလေး ခပ်သဲ့သဲ့ ချရင်းပဲ
အတွေးစတွေကိုရုတ်သိမ်းလိုက်မိတော့တယ်။
ကောင်းကင်ကျယ် ကို ငေးကြည့်မိတော့လဲ
ရာသီဥတု က မှ ကိုယ့်ဘက် မပါခဲ့ပဲလေ
ချစ်ရ သူ က ကိုယ်မမြင်နိုင်တဲ့ ဟိုဘက်ကမ္ဘာ တခြမ်းမှာ ဖြစ်နေခဲ့ပြီးသားမလား။
အိမ်မက်တွေပါပဲ
စိတ်ကူးယဉ်မှုတွေပါပဲ
အတွေးတွေ ထဲကနေ ဟို အဝေး ကိုထွက်သွားလိုက်ပါတော့ကောင်လေးရယ်
သူ မရှိမှပဲ ကိုယ် ပြုံးနိုင်တော့မယ်ထင်ပါတယ်။
တကယ်တမ်း ကျတော့
ကိုယ်တွယ်တာ မိတဲ့ အချစ်ဆိုတာကလဲ
ကိုယ့်လက်ပေါ်ကိုယ် ဖယောင်းစက် ချနေသလိုဖြစ်နေခဲ့တာမျိုးပဲမလား။
ဖယောင်းစက်လေးတွေ လက်ပေါ်ကျရင်စူးခနဲ စူးခနဲ ပူပဲပူလောင်သလို စပ်ဖျဉ်းဖျဉ်းပဲဖြစ်သလို
ဘာရယ်လို့ အဓိပ္ပါယ်သတ်မှတ်မရပေမဲ့လည်း အဲ့ဒီ ခံစားမှုကိုပဲ ထပ်ခါ ထပ်ခါ ခံစားချင်နေခဲ့တာလေ
ဘာကိုနှစ်သက် စွဲလန်း မှန်းမသိ ပါလို့ရယ်ပေါ့။
"စုလည်း မဆင်၊နောက်ထုံးရှင်နှင့်၊မြင်လျှင်ပင်ကို၊ကြိုးပါလိုလည်း၊ကုသိုလ် ကြမ္မာမမီပါခဲ့"တဲ့
ဘယ်လိုပဲ ကိုယ်ကချစ်ပါစေဦးတော့ ကုသိုလ်တို့ကြမ္မာတို့ဆိုတာ ရှိသေးတယ်လို့လေ။
အို ကံရဲ့ အကြောင်းကြောင်းတွေပါပဲ။
အိမ်မက်လေးတွေ ကို ခေါက်သိမ်းထားလိုက်ပြီး
ဒီနေရာလေးမှာ ပဲ တခန်းရပ်လိုက်တာကောင်းမယ်ထင်ပါတယ်ကွယ်။
ကိုယ်လိုချင်တဲ့ အချစ်က ကိုယ်လက်လှမ်းမီတဲ့ အရာမှ မဟုတ်ခဲ့ပါပဲ..........
အကြောင်းကံများ တိုက်ဆိုင်ခဲ့ရင်တော့
မမြင်နိုင်တဲ့ ဘဝ တကွေ့ မှာ ဆုံတွေ့ချင်မိပါသေးတယ်
ချစ်ရပါတဲ့....
YOU ARE READING
miss you
Short StoryThat's not Fiction.Just my feeling.But I dare say if you read this,you'll have different kinds of feeling. T_T