Exo L ဘဝကို ရပ်တန့်ဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့နေ့က ကောင်းကင်မှာ ကြယ်တွေရှာမရဘူး။
မိုးလင်းတော့ တိမ်တွေမတွေ့ဘူး။ကောင်းကင်ကလဲပြာမနေဘူး။နေခြည်ကလဲ မနွေးဘူး။
အဲ့နောက် ပိုင်း
အဲ့ဒီနောက်ပိုင်း။သူမ မပျော်ရွှင်ခဲ့တော့ဘူး။
အရယ်အပြုံးကင်းမဲ့နေချိနိ နှုတ်ခမ်းဖျားတွေလဲကော့ညွှတ်ကွေးတက်မလာခဲ့ဘူး။ရယ်သွမ်းသွေးချိန်တွေမရှိဘူး။
ဟန်ဆောင်တောင်ပြုံးမပြဖြစ်တော့ဘူး။
ဒီလိုနဲ့ ရက်တွေ ဆက်လာလိုက်တာ။
သူမ ဘဝ မှာ သူ မရှိဘူး။ သူတို့ မရှိဘူး။
နံရံ အဖြူမှာ အရင်က ပိုစတာတချက်ရှိခဲ့တာပဲ။
သူမ ရဲ့ နတ် ဘုရားက ဘယ်မှာလဲ။
သူမ ဘယ်အကြောင်း ကြောင့် သူ့ကိုထားရစ်ခဲ့ရသလဲ။ သူမ အဖြေရှာ မရဘူး။
နာကျင်ရလို့ထားရစ်ခဲ့ရတယ်။
ထားရစ်ခဲ့လို့နာကျင်ရတယ်။
မထားရစ်ခင် အချိန်တုန်းက သူ့ရူးသွပ်မှူလေးကြောင့် သူမ ရဲ့ အပြုံးတွေ ဝေဆာခဲ့တာပဲ။
ထားရစ်ခဲ့ပြီးတော့ ပျော်ရွှင် မှုတွေက ဘယ်မှာလဲ။
တရက်ပြီးတရက် ပြက္ခဒိန်မှာ အနီခြစ်တွေသာ လှိုင်ဝေသွားတယ်။ သူမ သူ့ကို မမေ့နိုင်ခဲ့ဘူး။
ငါနင့်ဆီ ပြန်လာနိုင်မလား။
တောင်းပန်ပါတယ်။ငါအရမ်းလွမ်းလို့ပါ။
ရှိုက်ကြီးတငင် ငိုကြွေးမိချိန်ဟာ သူမ ဘဝမှာ ပထမဆုံးပါ။မျက်ရည်တွေဟာ ပင်လယ်ရည်တွေအဖြစ်စီးဆင်းသွားတယ်။မိုးတွေတောင်ရွာတယ်။သူမဟာသူ့ကိုအဲ့သလောက်တောင်လွမ်းတယ်။
သူခြည်နှောင်ပေးလိုက်တဲ့ ကြိုးလေးတွေက အစွမ်းထက်တယ်။
သူမ ဘယ်တော့မှ သူ့ဆီက ရုန်းထွက်လို့ ရနိုင်မယ်မထင်တော့ဘူး။
အဝေးကြီးပြေးလဲ သူ့ဆီပြန်ရောက်ရတယ်။
သူက တကယ်ကို အစွမ်းထက်တယ်။
အချစ်ရှိရင် အချစ်ဆေးလေးတွေဟာ ဖော်လို့လွယ်တယ်။
ချစ်ခံရသူက သနားစရာလဲကောင်းတယ်။
ထားခဲ့တော့လဲ နေရစ်ခဲ့တယ်။
ရစ်ပတ်ထားတဲ့ ကြိုးလေးတွေ အပြင်ဘာမှထည့်မပေးလိုက်ဘူး
ဒီလိုနဲ့..
သူမလဲသူ့ရင်ခွင်ထက်မှာမျက်လုံးလေးတွေမှေးစင်းပြီး အိပ်မောကျသွားတယ်။
ငါနင့်ကိုဘယ်တော့မှ ခွဲမသွားတော့ဘူး။
ဒီလိုကျတော့လဲ သူ့ရင်ခွင်ဟာသိပ်နွေးထွေးတယ်။
BẠN ĐANG ĐỌC
miss you
Truyện NgắnThat's not Fiction.Just my feeling.But I dare say if you read this,you'll have different kinds of feeling. T_T