part~1

1.1K 111 6
                                    


"ခင်ဗျားဘဝမှာ သူမသာမရှိခဲ့ရင် ကျွန်တော်က
ခင်ဗျားအတွက် ပထမဆုံးသောသူလား
sehun::"°-°

*ပထမဆုံးတွေ့ဆုံမှု*

ဆုံးရှုံးရမှု ..Sehunဆိုတဲ့လူသားတယောက်
အတွက် တကြိမ်တခါမှဆုံးရှုံးမှုမျိုး မရှိနိုင်ခဲ့။
ခုချိန်မှာ သူအကြီးမားဆုံးဆုံးရှုံးမှုကြီးနဲ့ ရှောင်
လွဲလို့မရနိုင်အောင် ကြုံတွေ့ခဲ့ရပြီ....ချစ်ရသော
သူကိုဆုံးရှုံးမှုလောက် ..ခံစားရဆိုးရွားတဲ့.ဆုံးရှုံး
မှုမျိုးမရှိနိုင်တော့....
ကျွန်တော့်ဘဝက သူမကြောင့် ဖြစ်တည်လာခဲ့
ရသလို..သူမကြောင့် အသက်ရှင်ဖို့ ဖြစ်လာရသ
လိုပင်..

သူမမရှိတော့ဘူးဆိုတာကို ခုထိမယုံခဲ့သေး..
သူမက ကျွန်တော့်ကိုထားပြီးထွက်သွားမှာတဲ့
လား.သူမက ကျွန်တော့်ကိုသိပ်ချစ်တာ..
အရမ်းချစ်တယ်တဲ့ သူမအမြဲပြောနေကြစကား
လေး..
တကယ်တော့ ကျွန်တော့်အပြစ်တွေပါ အားလုံး
ကကျွန်တော့်အမှားကြောင့်..သူမကိုသာ
ကျွန်တော်သွားခေါ်မိခဲ့ရင် သူမသာကျွန်တော့်
ဆီမလာဖြစ်ခဲ့ရင် ဒီလိုသူမကျွန်တော့်အနားက
ထွက်သွားခဲ့မှာမဟုတ်ဘူး...။

Sohee..ကျွန်တော်ချစ်တဲ့သူမ..မျက်လုံးလေး
တွေပိတ်သွားတဲ့အထိ ရယ်ပြတတ်တဲ့သူမ..
ပါးဖောင်းဖောင်းလေးတွေနဲ့ နှုတ်ခမ်းလှလှနှင့်
သူမ..။
နှစ်ဖက်မိဘသဘောတူထားတဲ့.ကျွန်တော်တို့
၂ယောက်ရဲ့အချစ်ရေးကို..လူတိုင်းကအားကျ
ခဲ့ရသည်..။
မင်္ဂလာဝတ်စုံရွေးဖို့ သူမကကျွန်တော်နဲ့အတူ
သွားချင်တယ်လို့ ပြောလာခဲ့တယ်...
နောက်တော့ ကျွန်တော်ရှိရာ companyကို
သူမတယောက်ထဲထွက်လာခဲ့ချိန်....
ကားAccidentဖြစ်သွားခဲ့ပြီး သူမ ကျွန်တော့်
အနားက ထွက်သွားခဲ့ပြီ.....
မယုံနိုင်ဘူး ဘာလို့သူမကျွန်တော်မပါဘဲအခြား
တစ်နေရာကိုထွက်သွားခဲ့ရတာလဲ..
ချစ်လှပါရဲ့ဆိုကာ အခုတော့ သူမ ပျောက်ကွယ်
သွားပြီ..ကျွန်တော့်ကိုထားပြီး အဝေးကိုထွက်
သွားပြီ.......

ဒီနေ့ကသူမရဲ့ဈာပနအခမ်းအနား...

မဲမှောင်နေတဲ့ အခန်းထဲ...ပြတင်းပေါက်တွေအ
ကုန်ပိတ်ထားဆဲ...ကြမ်းပြင်ပေါ်မှာပြန့်ကျဲကျနေ
တဲ့ပစ္စည်းတွေ...ကွဲကြေနေတဲ့ ဖန်ခွက်တွေ...
ရှုပ်ပွနေတဲ့ကုတင်...ခြေချစရာနေရာမရှိလောက်
တောင်ကြမ်းပြင်ပေါ်မှာ ပစ္စည်းအကွဲအကြေတွေ
ကပြန့်ကျဲလို့.....
ကုတင်ကိုမှီကာ သူအသိစိတ်ကင်းမဲ့နေတဲလူ
တယောက်လို သူထိုင်နေမိသည်....။
လက်ချောင်းတွေကနေတစ်ဆင့် ..ကြမ်းပြင်ပေါ်
ကို တစက်ချင်းစီကျနေတဲ့..သွေးစက်တွေ...
အခန်းတစ်ခုလုံး ပြန့်ကျဲအောင် သူကိုယ်တိုင်ပင်
လုပ်ထားတာကြောင့် ..ဖန်ကွဲစတွေနဲ့ထိခိုက်မိ
သွားသလားမပြောတတ်...

Second Or FirstWhere stories live. Discover now