Part~8

545 84 2
                                    

"ဘဝမှာ တစ်ကြိမ်တခါပဲချစ်ခွင့်ရှိတာမဟုတ်မှန်း
သိပေမဲ့ ထပ်ချစ်ဖို့ကိုကြောက်ရွံ့နေမိသည်"

°°°Second Or First°°°

"ဟာ မဖြစ်နိုင်တာ ငါပဲသွားရမှာလား မင်းတို့က
ရော ...
ဟမ်!!သေလိုက်ပါတော့ကွာ..
ငါက ဘယ်လိုသွားရမှာလဲ  ဟူး....။"

ပြသာနာကစပြီ။ဟို၂ကောင်က ကိုယ်လွတ်ရုန်း
ူသွားပြီ  
ငယ်သူငယ်ချင်းတွေတွေ့ဆုံပွဲ..ရိုးရိုးပွဲမျိုးမ
ဟုတ်..ကိုယ့်ချစ်သူနဲ့ကိုယ် စုံတွဲခုတ်ကာတက်
ရတဲ့ပွဲမျိုး..ချစ်သူ သူကဘယ်ကချစ်သူရှိမှာလဲ
Chanyeolက အလုပ်ကိုအကြောင်းပြ Kaiက
လဲခရီးသွားရမည်တဲ့..သူပဲကျန်တယ် သူက
တော့မဖြစ်မနေတက်ရတော့မည် ထားပါ
သွားတာကထား..ရည်းစား..ဘယ်ကရှာရမှာလဲ
ဒီလိုပွဲမျိုးက ရည်းစားမရှိတဲ့သူဆို အသေနှိမ့်ဲရ
မှာ..ငါကဘယ်သူလဲ..Oh sehunလေ
ဒီလိုဝိုင်းစနောက်ပြောတာကိုတော့မခံချင်
ဘယ်လိုလုပ်ရမလဲတော့လဲမသိ

"Sehun!!ဘာဖြစ်လို့လဲဟင်"

တယောက်ထဲဖြစ်နေတဲ့သူ့အခြေအနေကြောင့်
Minseokက လှမ်းမေးသည်
သူခါင်းသာခါပြပြီး အလုပ်ဆက်လုပ်နေဖို့
လက်ဟန်နဲ့ပြလိုက်သည်...တကယ်ပါပဲ
ဘယ်လိုသွားရမှာလဲ...ဟို၂ကောင်ကလဲ
သွားဖို့အတင်းပြောနေကြပြီ ၃ယောက်စလုံး
မသွားနိုင်ရင်တောင်တစ်ယောက်လောက်တော့
သွားရမှကောင်းမယ်တဲ့ ..အလကားကောင်တွေ
သူတို့ကိုယ်လွတ်ရုန်းပြီးမှ...

"ကျွန်တော်ဘာကူညီရမလဲဟင်"

နောက်တခါထပ်မေးတဲ့Minseokကိုသူသေ
သေချာချာကြည့်ပြီး အကြံရသွားသည်
ဒါပေမဲ့..ပြောဖို့က အတော်လေးရှက်ဖို့ကောင်း
သည်..
"ရတယ် မလို......"
ဟူး!!ပြောလိုက်ပါတော့Sehunရာ..မျက်နှာပူ
ပေးမဲ့လဲ...
"ကူညီပေးမလား..."

"အင်း"

Minseokအဖြေကြားပြီးချက်ချင်းပင် 'လိုက်ခဲ့'
ပြောလိုက်သည်..မထူးတော့ပါဘူးလေ လုပ်ရ
တော့မှာလဲ

Second Or FirstDonde viven las historias. Descúbrelo ahora