Goodbye
Chapter - 4
" လင်းလက် . . . "
" ဘာဖြစ်လာပြန်တာလဲ "
လင်းလက်ဆိုတာ သူမလို ဝိညာဉ်မဟုတ်ပါ။
လူ့ဘဝတုန်းက သူကိုယ်စောင့်နတ်လုပ်ခဲ့ဖူးတဲ့
လူရဲ့ဝိညာဉ်က နတ်ပြည်သွားရမှာကို မသွားသေးဘဲ လူ့ပြည်မှာ တွယ်ကပ်နေလို့
နတ်ပြည်မရောက်ခင်အထိ လူ့ပြည်မှာနေပြီး
မကောင်းတာ မလုပ်ရအောင် ၊ ဖြစ်မလာရအောင် လမ်းပြပေးနေရတဲ့ နတ်သားတစ်ပါးပင် ဖြစ်သည်။သူ စောင့်ကြည့်နေရတဲ့ ဝိညာဉ်က နတ်ပြည်သွားဖို့ ဆုံးဖြတ်မှသာ သူလည်း နတ်ပြည်ကို ပြန်ခွင့်ရမှာ ဖြစ်သည်။
သူ စောင့်ကြည့်နေရတဲ့ ဝိညာဉ်က လိပ်ပြာဆိုတဲ့ သူမပင်။
" နင် ပြောတော့ . . . လူတွေနဲ့ ဝိညာဉ်က ထိကိုင်ခွင့် မရှိဘူးဆို "
" အင်းလေ "
" အဲ့ဒါဆိုရင် ဘာလို့ မဟာက ငါ့ခေါင်းကို ပုတ်လို့ရတာလဲ "
လိပ်ပြာစကားကြောင့် သူ မျက်မှောင်ကျုတ်လိုက်မိသည်။
" ဘာပြောလိုက်တာလဲ . . . စောနက . . . "
" မဟာ . . . ငါ့ခေါင်းကို ဒီနေ့ပုတ်လိုက်တယ် "
လင်းလက် . . . လိပ်ပြာကို အကြာကြီး စိုက်ကြည့်နေလိုက်ပြီးမှ သက်ပြင်းချလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတာကို နင် သိလား "
" ငါ အဲ့ဒါကို မေ့နေခဲ့တာပဲ "
" ဘာကြီးတုံး . . . ? "
" နင်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုခု မဟာ့မှာ ရှိနေတယ် "
" ဟင် . . . "
" အဲ့ဒါကြောင့် သူ နင့်ကို ကိုင်လို့ ရတာ "
" ငါနဲ့ဆိုင်တဲ့ ပစ္စည်းတစ်ခုခု . . . အဲ့ဒါ ဘာကြီးလဲ "
လိပ်ပြာ ကြောင်သွားရသည်။
" ဟင်း . . . ထားလိုက်ပါတော့ ၊
ငါက နင့်ကိုယ်စောင့်နတ်မလို့ နင်လုပ်တာ မှန်သမျှ မှတ်မိနေပေမယ့် နင်က နင့်အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေ အဖျက်ခံလိုက်ရတာဆိုတော့လည်း . . . "
YOU ARE READING
Goodbye
Romanceကောင်လေးတစ်ယောက်နဲ့ Ghost ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဝေဖန်ပေးကြပါဦးနော် ကျေးဇူးတင်ပါတယ် ^-^ ( My Own Creation ) Write in 2017