Goodbye
Chapter - 5
" ကြည့်ရတာ . . . မိုးက မဟာ့ကို စွဲလမ်းနေပြီထင်တယ် "
လိပ်ပြာ . . . မိုးကို ကြည့်ရင်း ပြောလိုက်မိသည်။
" ငါ . . . ဒီတစ်ပတ်လုံး မိုးကို စောင့်ကြည့်နေတာနဲ့ မဟာ့ဆီ မသွားဖြစ်ဘူးပဲ ၊ Hk . . . မသွားဖြစ်တာထက် တမင် မသွားတာဆိုရင် ပိုမှန်မယ်ထင်တယ် "
လိပ်ပြာ တစ်ချက် ပြုံးလိုက်သည်။
" သား . . . ဒါ သားရဲ့ ညီမလေး ၊ ညီမလေးက ချစ်ဖို့ မကောင်းဘူးလား "
" သားမှာ ဘယ်တုန်းက ညီမလေး ရှိသွားတာလဲ "
မဟာ့အမေးကြောင့် သူ့မိဘတွေ စိတ်ရှုပ်ကုန်မှန်း မဟာ ရိပ်မိလိုက်သည်။
ငါးနှစ်ကလေးကိုသာ လိမ်ချင်လိမ်လို့
ရပေမယ့် ဆယ်နှစ်ကလေးကို လိမ်လို့ မရဘူးဆိုတာကိုတော့ သူတို့ သိသင့်သည်။ပြီးတော့ . . . ညီမလေးဆိုတဲ့တစ်ယောက်က
မဟာ့ထက် ငယ်နေတာလည်း မဟုတ်ဘဲ
သက်တူရွယ်တူလေး။မဟာ . . . သူ့အဖေအနောက်မှာ ကွယ်ပြီး ရပ်နေတဲ့ ကောင်မလေးကို ဘုကြည့် ကြည့်နေလိုက်သည်။
" ခင် . . . သမီးကို သိပ်ချည် ၊ ကိုယ် သားကို နားလည်အောင် ပြောလိုက်ဦးမယ် "
ဒေါ်ခင်ခင်လေး . . . ဦးနေကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး နေရာကနေ ထွက်လာလိုက်သည်။
မဟာ့အမေက အဲ့ဒီ့ကောင်မလေးလက်ကို ကိုင်ကာ အထဲဝင်သွားတာကို ကြည့်ရင်း
မဟာ မကျေမနပ်ဖြစ်နေရသည်။" သားမဟာ . . . "
မဟာ ပြန်မထူးဘဲ ပေကပ်ကပ်လုပ်နေလိုက်သည်။
" ကလေးက သနားဖို့ ကောင်းတယ် ၊
သူ့အဖေနဲ့အမေက အဖေတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ၊ သူတို့နှစ်ယောက်လုံး ကားအက်စီးဒင့်ကြောင့် . . . "ဦးနေ ပြန်စဉ်းစားတိုင်း ဝမ်းနည်းနေမိသည်။
" ကလေးမှာ သူ့မိဘတွေကလွှဲရင်
ဆွေမျိုးသားချင်းတွေ မရှိဘူး ၊ အဲ့ဒါကြောင့်
အဖေတို့က သူ့ကို မွေးစားလိုက်တာ ၊
သားနဲ့အသက်သိပ်မကွာပေမယ့် သားထက်
လပိုင်းတော့ ငယ်တယ် ၊ သားက လိမ္မာပါတယ်ကွာ . . . ကိုယ့်မှာ ညီမလေးတစ်ယောက် ရသွားတယ်လို့ သဘောထားလိုက်ပေါ့ "
YOU ARE READING
Goodbye
Romanceကောင်လေးတစ်ယောက်နဲ့ Ghost ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဝေဖန်ပေးကြပါဦးနော် ကျေးဇူးတင်ပါတယ် ^-^ ( My Own Creation ) Write in 2017