part 5

1.7K 165 15
                                    

Update တာအရမ်းကြာသွားတယ်​မလား
တောင်းပန်​ပါတယ်​ခင်​​ဗျာ တကယ်​မရည်​ရွယ်​ပါဘူး၊
ကျ​နော်​ သင်​တန်းတစ်​ခုတက်​​နေရလို့ပါ၊ ဒီကြားထဲ ph ကြီးကလည်း ပျက်​သွား​တော့ အချိန်​​တွေပုတ်​သွားပြန်​တယ်​၊
အ​ကြောင်းပြချက်​​ပေး​နေတာ မဟုတ်​ပါဘူး ခင်​​ဗျာ၊
ဘာပဲဖြစ်​ဖြစ်​ ​ အချိန်​ ကို​ကောင်း ​ကောင်းမွန်​မွန်​အသုံးမချမိတဲ့ ကျ​နော့်​ အမှားပါပဲ၊ စိတ်​ဆိုးရင်​လည်းခံပါမယ်
နောက်​တစ်​ခု​ပြောချင်​တာက​တော့ ​နောက်​တစ်​ပိုင်းလည်းကြာမယ်​ထင်​တယ်​၊

ချစ်​သူ.....ဦးဦး

နှလုံးသားက ​ပေးတဲ့ ဒဏ်​ရာဆိုတာ အချိန်​ကကုစားရင်​​ပျောက်​တယ်​လို့ လူ​တွေ​ပြောကြတယ်​၊

ဒီစကားကို ငြင်းဆိုတဲ့သူ​တွေရှိကြပင်​မဲ့
နောက်​ဆုံး​တော့ သူတို့လက်​ခံကြရတယ်​၊ ဘာလို့လဲဆို​တော့ ကိုယ်​​တွေ့သိလိုက်​ရလို့ပါပဲ၊

ကျွန်​​တော်​က​တော့ အစကတည်းက မငြင်းဖို့စိတ်​ကူးမရှိခဲ့ပါဘူး၊ ဒါပင်​မဲ့  ​မေးစရာ​တွေ​တော့အများကြီးရှိ​နေတယ်​၊

အဲဒီဒဏ်​ရာ​တွေကို ဘယ်​​လောက်​ကြာ​ညောင်းတဲ့ အချိန်​​တွေတိုင်ေ​​အာင်​ကုသရမှာလဲ၊

ဘယ်​သူမှမခန့်​မှန်းနိုင်​ပါဘူး၊

ဒဏ်​ရာအတိမ်​အနက်​​ပေါ်မူတည်​လိမ့်​မယ်​လို့ အချိန်​သမား​တော်​ကြီးက ဆင်ခြင်​​သုံးသပ်​လိမ့်​မယ်​၊

တချို့ဒဏ်​ရာက ရက်​ပိုင်း၊ တချို့က လပိုင်း
တစ်​ချို့က နှစ်​နဲ့ ချီပြီး ကြာမှာ​ပေါ့

ဒါဆိုကုသ​နေစဉ်​အ​တောအတွင်းမှာ​ရော ဘယ်​လို ​ဝေဒနာ​တွေခံစားရနိုင်​ပါသလဲ

ကုသ​နေစဉ်​မှာ​တော့ ဒဏ်​ရာ​ပေးတဲ့ နာကျင်​မှုကို အသည်းအသန်​ခံစားရနိုင်​ပါတယ်​၊
လွယ်​လွယ်​​လေး ရိုးရိုးရှင်းရှင်း​လေ ​ပျောက်​သွားမယ်​လို့ အာမခံချက်​မ​ပေးနိုင်​ဘူး၊

ကုသပြီးတဲ့​နောက်​မှာ​ရော လုံးဝအမြစ်​ပြတ်​ ​ပျောက်​ကင်းသွားနိုင်ပါသလား

ချစ်​သူ ဦးဦးWhere stories live. Discover now