part 14

1.3K 132 23
                                    

ချစ်သူ...ဦးဦး

တင်းတောင် တင်းတောင်

တင်းတောင် တင်းတောင်

မနက်စောစောစီးစီး ဘဲလ်တီးသူမှာ အိုဆယ်တော့မဖြစ်နိုင်မှန်းသိ​နေ​သော်​လည်း အရူးတစ်​​ယောက်​လို ​မျှော်​လင့်​မိသည်​၊
မနေ့ညက သူမှတ်မိသလောက်ပြောရရင် အိုဆယ် အင်္ကျီတစ်စုံကို ယူပြီးပြန်ထွက်သွားသည်၊ ပြီးတော့ ပြန်လာလားမလာလား မသိတော့ သူအိပ်ပျော်သွားသည်ထင်သည်၊ အိုဆယ့်အင်္ကျီတွေကို ကျွန်​​တော်​ခိုးနမ်းမိတော့ အရင်ကနဲ့မတူညီသော ရေမွှေးအမျိုးအစားတွေကိုရှူရှိုက်မိလေသည်၊  အိုဆယ်အခုတလော ဘယ်မှာနေလဲ ဘာတွေလုပ်နေလဲ သိချင်ပင်မဲ့ နောက်ကနေလိုက်ပြီးတော့ မကြည့်ရဲ၊ မိန်းကလေးတစ်ယောက်ယောက်၏ အိမ်ထဲဝင်သွားတာမျိုး၊ တစ်စုံတစ်ယောက်နဲ့ နမ်းနေတာမျိုးတွေလည်းသူမမြင်ရဲ၊

တင်းတောင် တင်းတောင် တင်းတောင်

တွေ့လား သူအသိစိတ်က တံခါးဘဲလ်ကနေ အိုဆယ့်ဆီရောက်သွားတာ
မြန်​မြန်​သွားဖွင့်​​ပေးမှပဲ ​တော်​ကြာ အိုဆယ်​တစ်​​ယောက်​စိတ်​ဆိုး​နေမှ ဒီ​ကောင်​​လေးကလူကသာရှည်​တာ စိတ်​က​တော့ လက်​တဆစ်​ပဲရှိတာမလား၊

💦💦💦💦💦💦💦💦💦💦💦💦💦

မနက်​​စော​စောစီးစီ ကိုယ်​​နေ​နေတဲ့အိမ်​ကို ကားထဲမှခိုးပြီး​ချောင်း​နေရတာ ​တော်​​တော်​အဆင်​မ​ပြေတဲ့အလုပ်​ဟု ကျွန်​​တော်​ ထင်​မထားမိပါ၊  အိုဆယ်​ဟွန်းဆိုတဲ့ ခပ်​မိုက်​မိုက်​ ခပ်​​ချေ​ချေ ​ကောင်​​လေးမပီသ​စေတဲ့အရာ​ကလည်း ​ကျွန်​​တော့​ဘေးကထိုင်​ခုံ​ပေါ်မှာ၊

အိမ်​ကိုပြန်​လာရင်း လမ်းမှာ နှင်းဆီလှလှ​တွေကို မျက်​စိက​ရောက်​သွားသည်​၊ နီရဲရဲနှင်းဆီ​တွေဟာ မိန်းက​လေး​တွေရဲ့ သ​င်္ကေတဆိုရင်​ ကျွန်​​တော်​ချစ်​ရပါ​သော ဦးဦးရဲ့ သ​င်္ကေတက ဘာအ​ရောင်​များဖြစ်​မလဲ၊ ​ဟော​တွေ့ပြီ
ဦးဦးက ​ပေါက်​စီဖြူဖြူ​လေးဆို​တော့ အဖြူ​ရောင်​၊ ပြီး​တော့ ဦးဦးရဲ့ပါးနီနီဆို​တော့ ပန်း​ရောင်​၊ မကြာပါ အဖြူနဲ့ပန်း​ရောင်​နုနု ​ရောစပ်​ထား​သော ပန်းစီးတစ်​ခုပြီးဆုံးသွားသည်​၊

ချစ်​သူ ဦးဦးWhere stories live. Discover now