Next update!
©love_me_love_kpop
********Suho's POV,
အခန်းထဲကို ဝင်လာတဲ့တစ်စုံတစ်ယောက်ရဲ့ ခြေသံကြောင့် ကျွန်တော်နိုးလာတယ်။
Nurseး morneeပါ။ ဘယ်လိုလဲ။ သက်သာရဲ့လား။
သူနာပြုတစ်ယောက် ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကို နှုတ်ဆက်တယ်။
SHး nae သက်သာပါတယ်။
သူက ကျွန်တော့်အခြေအနေကြည့်ပြီး မှတ်တမ်းထဲရေးချနေတယ်။ နောက်တော့ ကျွန်တော်ကို ပြုံးပြပြီး အခန်းထဲက ထွက်သွားတယ်။ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ မှတ်တမ်းကို သိချင်တာနဲ့ လမ်းယူပြီး ဖတ်လိုက်တယ်။
ဟင်။
ကျွန်တော့်ဘယ်ဘက် လက်ခလယ်မှာ ငွေရောင်လက်စွပ်လေးရှိနေတယ်။ ဒီဟာကို မြင်ဖူးသလိုပဲ။
arrrr Kris!
ဒါ သူ့လက်စွပ်မှတ်လား။ ကျွန်တော့်ကို ပေးတာကို မယူဘူးလို့ငြင်းခဲ့တာ။ ခုဘာလို့ ကျွန်တော့်ဆီပြန်ရောက်နေတာလဲ။
လက်စွပ်လေးကို ကြည့်မိတယ်။ လှလိုက်တာ။ ဒီလိုလက်စွပ်မျိုးက ကျွန်တော့်အတွက်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ကုတင်ဘေးက စားပွဲပေါ်မှာ စာရွက်ခေါက်လေးကို သတိထားမိသွားတယ်။ ဘာများပါလိမ့်။
Good morning, Kim Suho!
မင်းနိုးလာတဲ့အချိန် ငါရှိမပေးနိုင်လို့ တောင်းပန်ပါတယ်။ ဒီနေ့ အရေးကြီးတဲ့ အစည်းအဝေးတစ်ခုရှိတယ်။ လွတ်လို့မဖြစ်လို့ပါ။ နေ့လယ်၁နာရီလောက်ဆိုရင်တော့ ငါမင်းဆီလာခဲ့မယ်။ ဒီနေ့တော့ ထပ်မငိုနဲ့တော့နော်။ ပြီးတော့ ကောင်းကောင်းအနားယူလိုက်ပါ။ မနက်ဖြန်ဆို မင်းဆေးရုံက ဆင်းလို့ရပြီတဲ့။
Kris
အောက်မှာထပ်ရေးထားတဲ့ စာကြောင်းတွေက အပေါ်ကလိုမျိုး သပ်သပ်ရပ်ရပ်မဟုတ်ပဲ ခပ်သော့သော့ရေးထားတာ။ ဒါမယ့်လဲ အာ့လဲKrisရဲ့လက်ရေးဆို ကျွန်တော်သိနေတယ်။
ဟို မင်းရဲ့လက်က လက်စွပ်ကို သတိထားမိမယ်နဲ့တူတယ်။ မင်းပဲသိမ်းထားလိုက်ပါနော်။ ငါ့လက်နဲ့က အရမ်းသေးနေတယ်။ မင်းနဲ့က ကွက်တိတော်နေလို့။
YOU ARE READING
Yes, I Do ( KrisHo Fanfic )
FanfictionThis is KrisHo version of a fanfic from aff. Hope you like it. A.N: © to owner 'love_me_love_kpop' from aff. Thank You!