ကျွန်တော့် ကလေးက ပန်းနုရောင်ခြယ်တဲ့ နှုတ်ခမ်းပါးလေးတွေရှိတယ်။ ဗနီလာရောင် ကိုယ်သင်းနံ့နဲ့ ခပ်ကြည်ကြည် မျက်လုံးတွေက မွေးရာပါပြုစားတတ်တာ ... ။ ၂၇ နှစ်ကြာ ငြိမ်သက်ခဲ့တဲ့ နှလုံးသားကို ကလေးက ခလုပ်နှိပ်လိုက်သလို တချက်ထဲ ၀ုန်းဒိုင်းကျဲအောင်လုပ်လိုက်တယ်။ အဲဒီနေ့က ပထမဆုံး ကျွန်တော့်ရင်ခုန်သံကို ကျွန်တော် ပြန်ကြားလိုက်ရတဲ့နေ့ ...... ။
ခပ်ဆွေဆွေနဲ့ အတောမသတ်ရွာနေတဲ့မိုးကို ... ကျွန်တော် စိတ်ပျက်လက်ပျက်ကြည့်ရင်း ဖတ်လတ်စ မဂ္ဂဇင်းစာအုပ်ကိုပိတ်လိုက်မိသည်။ ဒီ ကော်ဖီဆိုင်မှာ သောင်တင်နေတာ ၂ နာရီပြည့်တော့မည်။ ကော်ဖီဆိုင်က ရှိသမျှစာအုပ်တွေလဲ ဖတ်ပီးသွားပီ ..... နှစ်လမ်းကျော်မှာ ရှိတဲ့ ကျွန်တော့် ကွန်ဒိုကို ပြန်ဖို့ရာ မိုးက အခွင့်အရေးမပေးသေး။ တော်သေးတယ် ... ဒီနေ့ တနင်္ဂနွေမို့ပေါ့ .... ။ အပြင်သွားရင် ထီးယူသွားဖို့ ပျင်းတဲ့ ကျွန်တော် ... ကော်ဖီဆိုင်နားက မီနီမတ်မှာ ညနေစာချက်ဖို့ လာဝယ်ရင်း ... ခပ်ဖွဲဖွဲကျလာတဲ့ မိုးကြောင့် ဒီဆိုင်ထဲ ဘာရယ်မဟုတ် မိုးအတိတ်စောင့်မည်ဟု တွေးကာ ခိုနေမိခြင်းပင်။ ချောကလက်နံ့ခပ်သင်းသင်းနဲ့ Mocha တခွက်ကို အဖော်ပြုရင်း တဖြည်းဖြည်းမှိန်ကျလာသော အလင်းရောင်တွေကြားက မိုးစက်တွေကို မှန်အပြည့်နဲ ကော်ဖီဆိုင်လေးထဲက ငေးမောရတာ ... ကျွန်တော်အကြိုက်ဆုံး ခံစားချက်မဟုတ်တောင် တော်တော် လွမ်းမောဖွယ်ကောင်းသည်ဆိုတာ ၀န်ခံရမည်။
ခု အသက် ၂၇ထိ ရည်းစားတစ်ခါမှ မထားဖူးသည့် Seoul တက္ကသိုလ် သင်္ချာဌာန ဒု-ဌာနမှူး ကျွန်တော်သည် ... နဲနဲတော့ ...လက်တွေ့ဆန်တာ သဘောကျသူဖြစ်ကြောင်းဝန်ခံရမည်။"လက်ထပ်လက်စွပ်တွေကို ဘာလို့ ဘယ်ဘက် လက်သူကြွယ်မှာ ၀တ်လဲဆိုတော့ လက်သူကြွယ်က သွေးပြန်ကြော တစ်ချောင်းဟာ နှလုံးဆီကို တိုက်ရိုက်စီးဆင်းဆက်သွယ်နေလို့ပါတဲ့ ... ။ အဲ သွေးပြန်ကြောကို Vena Amoris သို့မဟုတ် Vein of Love လို့လဲ တင်စားခေါ်ဝေါ်ပါသတဲ့... ။ "ကျွန်တော် မဂ္ဂဇင်းစာအုပ်ကို ခပ်ပျင်းပျင်းနဲ့ ဒုတိယအကြိမ် ခွကျော်ဖတ်ရင်း ထိုစာပိုဒ်လေးအရောက်မှာ စိတ်ဝင်တစားဖတ်ကြည့်နေမိသည်။ ... ဘာကြောင့် Pinky Swear လို့ခေါ်သလဲ၊ ဘာကြောင့် လက်ထပ် လက်စွပ်တွေ ဘယ်ဘက်လက်သူကြွယ်မှာဝတ်လဲ စသည်စသည်ဖြင့် ဆောင်းပါးရေးသူက သိပ္ပံနည်းကျကျရော ဒဏ္ဍာရီလာ ယုံတမ်းစကားတွေစုပေါင်းရေးထားသည်။ ဟုတ်မဟုတ်တော့မသိ .. သူပြောတာတွေဆက်စပ်တွေးတော့လဲ မှန်သလိုလို .... ကျွန်တော် လက်ကျန်ကော်ဖီ တငုံစာကို ကောက်မော့ပီး ပြန်ချလိုက်သေည်။
YOU ARE READING
ဆိုခဲစေ ... ရတုပေါင်း သောင်းချီတိုင်အောင် မြဲစေ....။
FanfictionSpecial for Fishy Oppa's Birthday. I know it's late but ........... . #happydonghaeday #eunhae