Episode 1

21.6K 1K 27
                                    

✔Unicode✔

ဆိုးလ်လေဆိပ်တွင်...

"အား ... Park Chanyeol"

"Chanyeolyah. Saranghae.."

"Oppa!!!
Chanyeol oppa"

လေဆိပ်မှာ မိန်းကလေးတွေရော ယောကျ်ားလေးတွေရော အုန်းအုန်းကျက်နေအောင်ဆူညံနေကြသည်။
အကြောင်းကတော့ ဒီနေ့
Chanyeol .. China ကနေ ဇာတ်ကားရိုက်ပြီး ပြန်လာတာဆိုတော့ တိုးမပေါက်လောက်အောင်ပါပဲ။
တချို့ဆို မနက်အစောကြီးကတည်းကပင်
ရောက်နေကြသည်။တချို့က စားစရာအစုံ
အလင်နဲ့ ပျော်ပွဲစား ထွက်လာကြသည့်အတိုင်း...

အခုလဲကြည့် Chanyeolကိုမမြင်သေးဘူး
လေယာဉ်သံကြားတာနဲ့တင်
ပြဲပြဲလန်အောင် အော်နေကြသည်။
ဘေးနားကstaffတယောက်က အသင့်
ယူလာတဲ့ ဂွမ်းကိုနားတွင်ဆို့လိုက်သည်။
သူသိပြီးသားလေ Chanyeolပွဲမှာ
Securityလုပ်ရရင် ဒီ လို လော်စပီကာ
ထက်ကျယ်တဲ့အသံမျိုးကြားရမယ်ဆိုတာ...
Chanyeolဆိုတာ အဲလိုနာမည်ကြီးသူပါ...
.
.
.
.
Chanyeolပရိတ်သတ်များကိုလက်ပြပြီး စီးရမဲ့ကားထဲဝင်လိုက်သည်။fanတွေကကား
အနားထိတိုးလာတာကြောင့်
မှန်များပင်ချပစ်လိုက်သည်။
ကိုယ့်fanတွေအကြောင်းကိုယ်အသိဆုံးရယ်...

"Hyung မနက်ဖြန်အတွက် schedule တွေကဘာလဲ"

ကားမောင်းရန် အသင့်ဖြစ်နေသည့်
Manger Hyungကိုမေးလိုက်တော့Hyungက
လူအုပ်ကြီးကို ကျေနပ်ဖွယ်ကြည့်နေရာမှ
အနောက်လှည့်လာသည်။

"မနက်ပိုင်းကကြော်ငြာရိုက်ရမယ်၊
နေ့လည်ပိုင်းက interview ရှိတယ်၊
ညနေပိုင်းကတော့မရှိဘူး၊
ညကျရင် မင်းသူငယ်ချင်း Kris က ပါတီဖိတ်ထားတယ်၊ သီချင်းဆိုပေးရမယ်"

Hyungရဲ့ စကားသံအဆုံး Chanyeol ကားနောက်ကျော ပေါ်ပင်ပန်းတကြီးမှီချလိုက်သည်။
ဒီနေ့မှ ကားရိုက်ပြီးသွားပေမယ့်
အလုပ်တွေက ဇယ်ဆက်သလိုတသီတတန်းကြီး
အခုတောင် မနက်ဖြန် အတွက်scheduleပဲမေး
ထားမိလို့။

Entertainment နဲ့စာချုပ်ချုပ်ထားတာက
နှစ်နှစ်ပဲရှိသေးပေမယ့် အဲဒီနှစ်နှစ်အတွင်းမှာ
မယုံကြည်နိုင်လောက်အောင် အောင်မြင်လာ
တော့ လူကို စက်ရုပ်အလား ခိုင်းတော့တာပဲ...

𝙎𝙤 𝙄 𝙈𝙖𝙧𝙧𝙞𝙚𝙙 𝘼𝙣𝙩𝙞-𝙛𝙖𝙣[𝘾𝙊𝙈𝙋𝙇𝙀𝙏𝙀𝘿] (စာပြင်ရန်ရှိ)Where stories live. Discover now