Episode 12

6.2K 736 33
                                    

✔Unicode✔

"Park Chanyeolကြီး
တကယ်ပြောနေတာလား...
တကယ်လိုက်ရမှာနော်"

ဟိုနေ့က ကိစ္စကြောင့် နှစ်ယောက်သား
အတော်ကြာ အမ်းနေကြ၍ Chanyeol ကပဲ
အရင်လိုဖြစ်အောင် လုပ်ရသည်။

မကြာခင် ကျင်းပတော့မယ့်
အကယ်ဒမီဆုပေးပွဲကို
တက်ရောက်ဖို့ ဖိတ်စာ ရောက်လာတာနဲ့
Baekhyun ကိုပါ ခေါ်သွားဖို့ အကြံရပြီး
အမ်းတမ်းတမ်းအခြေအနေကို
မသိချင်ယောင်ဆောင်ပြီး လိုက်ခဲ့ဖို့မေးသည်။

Baekhyun ကလဲ ဘယ်လောက်တောင်
လိုက်ချင်နေတယ်မသိ။.၂ရက်လောက်
စကားမပြော မျက်နှာချင်းမဆိုင်ဘဲ
နေခဲ့တာ...ခုတော့ Chanyeol
မျက်နှာကို စေ့စေ့ကြည့်ပြီး
မြူးလို့...။

အပြောင်းအလဲကလဲ မြန်ပါ့။

"ငါကအားအားယားယား
လိမ်မလား"

"ပျော်လိုက်တာ ပျော်လိုက်တာ
တသက်နဲ့တကိုယ်မရောက်ရတော့ဘူး
ထင်နေတာ
ဟီး...."

Byun Baekhyun တို့
ပျော်နေပုံများ Chanyeol ကို
တောင် စကားနိုင်ပြန်မလု။

ဘာတွေတွေးလို့ တွေးမှန်းမသိဘဲ
ပြုံးနေရာမှ တဖြည်းဖြည်း ညိုးသွား
တဲ့ မျက်နှာကြောင့် Chanyeol
ကြောင်သွားသည်။ ရုတ်တရက်ကြီး
ဘာဖြစ်သွားတာလဲ...။

"ကျွန်တော်လိုက်လို့ဖြစ်ပါ့မလား
တော်ကြာ ခင်ဗျား ပရိတ်သတ်တွေက"

အော်...ဒီကောင်လေးက
Chanyeol ပရိတ်သတ်တွေ သူ့ကို
တခုခုလုပ်ကြမှာ စိုးရိမ်နေတာ။

"ငါ့ပရိတ်သတ်တွေက ဘာဖြစ်လို့လဲ
မင်းကို ဝိုင်းရိုက်ကြမှာ ကြောက်နေတာလား
စိတ်ချ ငါ့fanတွေက အဲလို မရိုင်းဘူး
ငါ့ fanအစစ်တွေက အခုထိငါ့ဘေး
မှာ ရှိနေတုန်းပဲ...

အင်း...ငါ့ရုပ်ကိုကြိုက်တဲ့
Fanတွေကတော့ အခုချိန်ဆို
ငါ့ဘေးက စွန့်ခွာသွားတာ
အတော်ကြာပြီ"

Chanyeol လက်ထပ်တဲ့ သတင်း
ကြားတုန်းက အတော်လေး ပွက်လော
ရိုက်သွားတာတော့ အမှန်။

အချို့ကလဲ ပေါက်ကွဲကြ။
အချို့ကလဲ Chanyeol သဘော
ဆိုပြီး နားလည်ပေးကြ။

ဒါမယ့် ဘယ်လောက်ကြီးတဲ့
ပြသာနာဖြစ်ပါစေဦးတော့
အလွန်ဆုံးကြာ တစ်ပတ်သာ။

𝙎𝙤 𝙄 𝙈𝙖𝙧𝙧𝙞𝙚𝙙 𝘼𝙣𝙩𝙞-𝙛𝙖𝙣[𝘾𝙊𝙈𝙋𝙇𝙀𝙏𝙀𝘿] (စာပြင်ရန်ရှိ)Donde viven las historias. Descúbrelo ahora