စာမျက်နှာ (၁)

541 61 23
                                    

12.1.2003

နှင်းပွင့်တွေ .........

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း နစ်ဝင်သွားတဲ့ နှင်းခဲပွင့်တွေ ......

အပြုံးတွေ ......

တစ်ခါတစ်ခါသူရယ်လိုက်တိုင်း ကပ်ပါနေကျ ပါးလေးထဲ နစ်ဝင်သွားတဲ့ သူ့အပြုံးတွေ ...

အေးချမ်းတယ် ......ပြီးတော့ နွေးထွေးချင်လာတယ်

ပြီးတော့ သူလှည့်ကြည့်တယ် အပြုံးတွေကြားမှာ

" အေးတယ်မလား ဂျောင်ဆူး ...... " တဲ့ ...

မှတ်မှတ်ရရ သူ့အပြုံးတွေထဲမှာ ကျွန်တော့်ကို စိုက်ကြည့်နေကျ မျက်လုံးလှလှလေးတွေရဲ့ ဂရုစိုက်မှုတွေကို တွေ့ခဲ့ရတယ် ...

အေးခဲ့ပေမယ့် နွေးခဲ့တယ် ............

ဒီနေ့ သူ ကျွန်တော့်ခေါင်းကို နှင်းခဲတွေနဲ့ ပေါက်တယ် ......ခေါင်းတစ်ခုလုံး နှင်းတွေနဲ့ ဖြူဖွေးနေတာကို သူကြည့်ပြီး ရယ်တယ်...

ပြီးတော့ ခေါင်းပေါ်က နှင်းခဲတွေကို မဖယ်ပေးပဲ နှင်းခဲတွေပေါ် လက်နှစ်ချောင်းထောင်ပြီး ဓာတ်ပုံရိုက်လေရဲ့ ......

ကျွန်တော့်မျက်နှာဆူပုတ်ပုတ်နဲ့ မျက်လုံးစွေစွေတွေ

သူ့အပြုံးတွေနဲ့ မျက်လုံးလှလှတွေနဲ့ ပြောင်ချော်ချော် pose လေး ......

ဒီနေ့ က ကျွန်တော့် မွေးနေ့ ......

ကျွန်တော်ချစ်တဲ့သူ ဘေးမှာရှိတဲ့ ကျွန်တော့်ရဲ့ မွေးနေ့ ......

ဒါပေမဲ့ ထုံးစံလို Ph.call လေးအဝင် သူ့စကားလေးတွေ အထွက် အာ့ဒီအချိန်ကို ကျွန်တော့်မျက်လုံးထဲက ဖြစ်ရပ်တွေထဲက ထုတ်ပစ်ချင်ရုံပါ ......

"အင်း ချစ်တယ် အန်နာ မွမွ ... ဒီနေ့ ဂျောင်ဆူးမွေးနေ့မို့ ဒီကောင့်ဆီက ဝါးတီးဆွဲရမယ် ......" တဲ့ ......

သူပြုံးပြီး ကျွန်တော့် နှာခေါင်းကိုလာညစ်ပြီး ရမ်းနေတယ် ...စိတ်တိုတိုထအော်တော့ လက်ကလွှတ်ပေးပြီး လူကတော့ ပြောင်ပြနေမြဲ

ဒီနေ့ပျော်ရတယ် ......ရယ်လဲ ရယ်ရတယ်

ချန်းယောလ်ရှိနေသ၍ ကျွန်တော်စိတ်ပျော်ရွှင်ရတယ်

ပြီးတော့ .........

ချန်းယောလ်ရှိနေသ၍ ကျွန်တော်မျှော်လင့်နေတယ်

မရ နိုင်တဲ့ မွေးနေ့လက်ဆောင် ဆုတောင်းတစ်ခုကို ကိုယ်တိုင် တောင်းမိတယ် ......

".............................. "


Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Nov 01, 2016 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

 ❄Snowflakes❄Dove le storie prendono vita. Scoprilo ora