Part 1

482 41 8
                                    

        နှင်းနုနုတို့ကျနေသော ညနေစောင်း
တွင် လေပြေနုနုတို့ကတစ်ချက်တစ်ချက်
အသည်းခိုက်မတတ် တိုးဝင်လာသည်။
မြေပြင်ပေါ်တွင် အရည်မပျော်သေးသော
အဖြူ ရောင်နှင်းတို့ကို အနီရင့်ရောင်
ရှူးဖိနပ်လေးတစ်ရံက နင်းခြေဖြတ်ကျော်
လာသည်။အေးစက်စက် စိုစွတ်စွတ်
အုတ်နံရံကို ထိတွေ့နေသော မသွယ်သော်လည်း ရှည်လျားသည့်လက်
ချောင်းလေးများ မီးရောင်အောက်တွင်
တုန်ရီနေသယောင်ယောင်ပင်။အနက်စွေး
စွေးမာဖလာကမျက်နှာတစ်ဝက်ထိဖုံးကွယ်
ထားသော်လည်း တစ်ချက်တစ်ချက်မြင်
လိုက်ရသည့် မျက်ဝန်းမှေးမှေးတို့က အရည်လဲ့နေသည်။
       လမ်းတစ်ဖက်ခြမ်းမှလျှောက်လာသော
သူ့အား  အကြောင်းအရင်းမရှိပဲ ငေးကာ
သူ့ခြေလှမ်းနှင့်ထပ်တူပင် လိုက်လျှောက်
လာမိသည်။ရုတ်တရတ် ခြေလှမ်းများကို
ရပ်ကာ ဖျတ်ခနဲလှည့်ကြည့်လိုက်သော
သူ့မျက်ဝန်းများကြောင့် အကြည့်များကို
သွေဖယ်ရင်း ကားဂိတ်သို့သာ မြန်မြန်လျှောက်လာလိုက်သည်။

      ရုတ်တရတ် အေးစက်သွားသော
လက်ကောက်ဝတ်မှ အထိအတွေ့ကြောင့်
လှည့်ကြည့်မိတော့ သူ။

'' ဘာလုပ်......''

    စိုစွတ်သောအထိအတွေ့က နှုတ်ခမ်း
ပေါ်တွင် စွန်းထင်လေသောအခါ မိန်းမော
တွေဝေမှုကို ခံစားလိုက်ရသည်။
ထို့နောက် နာကျင်မှု။
ထို့နောက် တမ်းတမှု။
ထို့နောက် တက်မက်မှု။

အောက်နှုတ်ခမ်းကိုဆတ်ခနဲကိုက်လိုက်
သော နာကျင်မှုကြောင့်အသိစိတ်တို
ပြန်ဝင်ကာထိုသူ၏ ရင်ဘတ်ကိုလက်နှစ်ဖက်ဖြင့် တွန်းရင်း ထိန့်လန့်စွာကြည့်မိသည်။

'' Jimin ''

    အနားသတ်ညီညာတဲ့ နှုတ်ခမ်းပါးမှ
ခပ်တိုးတိုးရေရွတ်လိုက်သော နာမည်
ကြောင့် နာကျင်လာသောခေါင်းကို ဖိကိုင်
ရင်း သူနှင့်ဝေးရာသို့ ပြေးထွက်လာမိသည်
     အမှောင်ရိပ်တစ်နေရာတွင်ခြေလှမ်း
တို့ကိုရပ်လိုက်ရင်း မောဟိုက်လာသော
ကြောင့် အုတ်နံရံကိုမှီကာ ထိုင်ချလိုက်သည်။နာကျင်မှုကြောင့် အုံခဲ
နေသော ခေါင်းမှဆံပင်တို့ကို လက်ဖြင့်
ခပ်နာနာဆွဲဖွလိုက်သည်။

'' Jimin.....''

'' Jimin.....''

'' Jimin.....''

     နားထဲတွင်ပဲ့တင်ထပ်နေသော ထိုအသံသည် နီးကပ်လာသလိုလို ဝေးကွာသွားသလိုလိုပင်။အေးစက်တုန်ရီ
နေသောလက်ဖြင့် မျက်နှာကို အုပ်လိုက်မိသည်။

'' ဟင်....''

     ပူနွေးနေသောမျက်ရည်အချို့က အေးစက်နေသောလက်ဖဝါးထဲသို့ပျော်ဝင်
သွားသည်။

ကျွန်တော် ငိုနေပါသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 20, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

My Sad LullabyDonde viven las historias. Descúbrelo ahora