Episode.1

7.1K 613 11
                                    

(Zawgyi)

*My Polar Bear*

::: *Who are you, Polar bear?* :::

'ဂရုစိုက်နော် kyung soo
ဟိုမှာက အရမ်းအေးတယ်'

လေယာဉ်ပေါ်တက်ခါနီး တဖွဖွ မှာနေတဲ့ suhoကို ကြည့်ကာ kyung soo ပြုံးပြလိုက်ပြီး

'ဒီလောက်တော့ ကိုယ်ကိုယ့်ကို ဂရုစိုက်တတ်ပါတယ်  ကျနော် ကလေးမှာ မဟုတ်တာ  သွားးးပြန်တော့  အိမ်မှာ Yixing hyung တစ်ယောက်တည်း သူက နေကောင်းတာ မဟုတ်ဘူးး' 

အမှန်ဆို ဒီခရီးစဉ်က suhoသွားရမှာ တိုက်တိုက်ဆိုင်ဆိုင် suho hyungရဲ့ချစ်သူ Yixing hyung အူရောင်ရောဂါ ပြန်ဖြစ်နေလို့လေ အဲဒါ သူခမျာ ချစ်သူကိုလည်း ထားခဲ့ရမှာ စိတ်မချ . . ညီဖြစ်သူ kyung sooက သူအစားသွားပေးမယ်ဆိုတော့ အားနာတာရော စိတ်ပူတာရောကြောင့် တတွတ်တွတ်ဟြေနေတဲ့ suhoကို kyung soo အတင်းပြန်လွှတ်လိုက်တယ်

animalလေးတွေကို ချစ်တတ်တဲ့ သူအတွက်ကတော့ animalလေးတွေနဲ့ အမြဲ ထိတွေ့နေရတဲ့ ဒီအလုပ်က ပျော်မွေ့စရာပါပဲ  တောတွင်း တောင်ပေါ် ကန္တာရ စတဲ့နေရာစုံလည်း ရောက်ဖူးတယ် အခုဆို တာဝန်ကျရာ ဝက်ဝံထိန်းသိမ်းရေး အဖွဲ့အစည်း ရှိရာ နေရာကို kyung soo ထွက်ခွာခဲ့ရပါပြီ  . .
kyung sooဆီနေတဲ့ လေယာဉ်လေး ဦးတည်ပျံသန်းနေတဲ့ နေရာကတော့  မျိုးတုန်းခါနီးနေတဲ့  ဝင်ရိုးစွန်းဒေသမှာ နေထိုင်တဲ့ ပိုလာဝက်ဝံတွေ တည်ရှိနေရာဖြစ်တယ် 

------------------------------------------

The Arctic the area round the North Pole . . . .

*Hello . . Arctic* 

kyung sooတစ်ယောက် လေဆိပ်ထဲက ထွက်လာတာနဲ့ တစ်ခါမှ အဲလောက်အေးတာမျိုး မကြုံဖူးတာကြောင့် ဝတ်ထားတဲ့ သားမွေးလောင်ကုတ်ထဲ ခန္ဓာကိုယ် ပိုကြုံလာသလိုလို ဖြစ်နေတာကြောင့် စိတ်ထဲကနေသာ တိုးတိုးသာသာ ရေရွတ်နေတယ်

မှန်တစ်ခုရှေ့ကို ဖြတ်လျှောက်တော့ မှန်ထဲက သူပုံရိပ်ကို kyung sooကြည့်ပြီးးး

*အခုမှပဲ အာတိတ်ဝင်ရိုးမှာ နေထိုင်တဲ့ Eskimoလူမျိုးတွေနဲ့ တူနေပြီ ဟိဟိ* 

kyung sooမှန်ကြည့်နေတုန်းးး

'Do Kyung Soo!!!! '

ကြားလိုက်ရပါပြီ byun baekhyunရဲ့ အောင်မြင်လှတဲ့ အသံပါဝါ  . . . ဒါတောင် လေဆိပ်ရှေ့မှာ ရပ်ထားတဲ့ ကားပေါ်က မဆင်းသေးဘူး လူတွေ့တာနဲ့ အရင်အော်ခေါ်နေတာ  . . . . baekhyunရဲ့ ဘေးနားမှာတော့ အမြဲတွေ့နေရတဲ့ Park Chanyeol အခုလည်း driverအနေနဲ့ ပါလာပြန်ပြီ . . . chanyeolလို company ပိုင်ရှင်တစ်ယောက်က ကျနော်တို့လို နေရာစုံသွားနေရတဲ့သူတွေနောက် အမြဲလိုက်ပေးနိုင်တာ တော်ရုံskillတော့ မဟုတ်ဘူးး အော် . . . သူက ချစ်တာကိုးးး အဲတော့ သူချစ်သူဝါသနာပါရာ လုပ်ခိုင်းပြီး ဘေးနားမှာ အမြဲနောက်က လိုက်နေတာ. . သူတို့အတွဲကို ကြည့်ရင်း အားကျမိတာ အမှန်ပဲ.

My Polar Bear || COMPLETED || Where stories live. Discover now