Part Four

67 10 8
                                    

Be My Girl
Part Four

♢♢♢♢♢

ဂျွန်​ဟွန်း Lamborghini ကား အဖြူ​ရောင်​​လေးဆီ​ပြေးကာ ကားတံခါး ဖွင့်​၍ ကျွန်​မကို ​စောင့်​​နေသည်​ ။

' တက်​ပါ ​ဆိုယန်း '

' ဟုတ်​ '

ကျွန်​မတက်​ပြီး​တော့ သူ ကားတံခါးပိတ်​လိုက်​သည်​ ၊ဒီလိုကားအ​ကောင်းစား စီးနိုင်​သည်​ဆိုရင်​​တော့ ​တော်​ရုံလူမဟုတ်​ ပိုက်​ဆံ​တော်​​တော်​​ပေါမည့်​သူပင်​ဟု ကျွန်​မ​တွေးလိုက်​သည်​ ။

' ဆိုယန်းက ​မေ့တတ်​တယ်​နဲ့တူတယ်​ '

' ရှင်​ '

ကျွန်​မ ဘာကို ​ပြောမှန်းနားမလည်​​သေးပဲ သူ့ကိုပြူးကြည့်​​နေသည်​ ။

' ဒီတိုင်း​လေး ငြိမ်​ငြိမ်​​နေပါ '

ဂျွန်​ဟွန်း ကျွန်​မ မျက်​နှာနားသို့ ကပ်​​ပြောပြီး ခါးပါတ်​ကြိုးကို ဆွဲယူကာ ချည်​လိုက်​သည်​ ၊ မီးခိုး​ရောင်​နဲ့ အဖြူ​ရောင်​ ​ရောစပ်​ထား​သော သူ့ဆံပင်​အ​ရောင်​မှာ ဆွဲ​ဆောင်​မှုရှိ​သော သူ့အပြုံး​လေးနှင့်​ အ​တော်​လိုက်​ဖက်​သည်​ ။

ကျွန်​မ​နေရာတွင်​ တခြားမိန်းက​လေးဆို ​ကြွေသွား​လောက်​သည်​ ၊ ထူးဆန်းသည်​က ကျွန်​မမှာ ​ကြွေဖို့မ​ပြောနှင့်​ ရင်​​တောင်​မခုန်​​ပေ ။

' သီချင်းနား​ထောင်​မလား '

' မ​ထောင်​​တော့ပါဖူး ဒါနဲ့ ဂျွန်​ဟွန်းက ဘယ်​သွားမှာလဲ '

' ကျွန်​​တော်​လည်း အဲ့တာပဲ စဉ်းစား​နေတာ ဆိုယန်းက​ရော ဘယ်​သွားချင်​လဲ '

' ကျွန်​မက ကိစ္စမရှိပါဖူး ဂျွန်​ဟွန်းသွားချင်​တဲ့​နေရာသာ သွားပါ '

' ဒါဆို ရုပ်​ရှင်​သွားကြည့်​ကြမလား '

' အဆင်​​ပြေတာပဲ '

' ဆိုယန်းမှာ ရည်းစားရှိလား '

' ရှင်​ '

' ဘာဖြစ်​လို့လဲ '

' ​မေးခွန်းက ကျွန်​မတို့အတွက်​ဆိုရင်​ နည်းနည်းများ တစ်​မျိုးကြီးဖြစ်​​နေမလားလို့ '

Be My GirlWhere stories live. Discover now