Part Five

97 9 2
                                    

Be My Girl
Part Five

♢♢♢♢♢

ချွဲမင်​ဟို

တီ တီ တီ....

ကျွန်​​တော်​ဖုန်းလာ၍ ကိုင်​လိုက်​ရာ ဆိုင်​ပိုင်​ရှင်​ သူ​ဌေးဆီမှ ဖြစ်​သည်​ ၊ ကျွန်​​တော့်​ကို သူ့ သူငယ်​ချင်းဆီက ​တွေ့ချင်​​နေ၍ ချက်​ချင်းလာခဲ့ရန်​ ​ပြောသည်​ ။ဘာကိစ္စရှိမှန်းမသိ​သော်​လည်း ကိုယ့်​သူ​ဌေး​ခေါ်​သော​ကြောင့်​ သွားရမည်​ပင်​ဖြစ်​သည်​။

' ​ရောက်​လာပြီလား '

ကျွန်​​တော်​​ရောက်​သွား​တော့ သူ​ဌေးက နှုတ်​ဆက်​သည်​။

' ဟို​ကောင်​ ဂျွန်​ဟွန်းက မင်းကို​ခေါ်​ပေးဆိုပြီး ​သောင်းကျန်း​နေလို့ အားနာပါတယ်​ကွာ ညဖက်​ကြီး '

' ရပါတယ်​ '

' အဲ့တာဆို သူနဲ့ခဏ​တွေ့လိုက်​ဦး ငါ ​ဆေးဆိုင်​မှာ အမူး​ပြေ​ဆေး သွားဝယ်​လိုက်​ဦးမယ်​ '

သူ​ဌေးလည်း အမြန်​ ထွက်​သွားသည်​ ၊ ကျွန်​​တော်​လည်း ဂျွန်​ဟွန်းဆို​သောသူဆီ သွားသည်​ ၊ သူ့စားပွဲ​ပေါ်မှာ​တော့ ဘီယာဗူးခွံ​တွေ အများကြီးပင်​ ။

' ဟို​လေ '

ဂျွန်​ဟွန်း ကျွန်​​တော့်​ကို တစ်​ချက်​​မော့ကြည့်​သည်​။

' ကျွန်​​တော်​က ချွဲမင်​ဟိုပါ ခင်​ဗျားက ဘာကိစ္စ​ကြောင့်​ ​တွေ့ချင်​တာလဲ '

ဂျွန်​ဟွန်း တစ်​ချက်​ ရယ်​လိုက်​သည်​ ။

' မင်းက ချွဲမင်​ဟိုလား '

စားပွဲ​ပေါ်ရှိ ဘီယာဘူးများ ဖန်​ခွက်​များ ကို လက်​ဖြင့်​ ခပ်​ကြမ်းကြမ်းတိုက်​ချလိုက်​သည်​ ၊ ထို့​နောက်​ ထိုင်​ရာမှထ၍ ယိုင်​တိယိုင်​တိုင်​ဖြင့်​ ကျွန်​​တော့်​ဆီ​လျှောက်​လာကာ အင်္ကျီ​ကော်​လံကို လှမ်းဆွဲလိုက်​သည်​ ။

' မင်းက ဘာ​ကောင်​မို့လို့ ငါ့ရဲ့ ဆိုယန်းကို လာလုရတာလဲ '

' ဘာကို​ပြောတာလဲဆိုတာ ကျွန်​​တော်​နားမလည်​ဖူး '

' ဆိုယန်းကို မင်းပဲလုသွားတာ​လေ မင်းက ဘာ​ကောင်​မို့လို့များ '

You've reached the end of published parts.

⏰ Last updated: Nov 10, 2016 ⏰

Add this story to your Library to get notified about new parts!

Be My GirlWhere stories live. Discover now