Hanbin သန့်ရှင်းရေးပြီးလို့အခန်းထဲရောက်တော့ဘယ်သူမှမရှိတော့....သူ့လွယ်အိတ်ယူပြီးထွက်သွားမည်အလုပ် Ah Young ခုံပေါ်မှ လွယ်အိတ်ကိုမြင်သွားလေ
သည်။Hanbin pov *** သူပြန်မလာသေးတာလား???
လွယ်အိတ်ယူပြီး အခန်းပြင်ထွက်လာတော့ တစ်ကျောင်း
လုံးတွင် မည်သူမှပင်မရှိတော့...ခြေလှမ်းကျဲကျဲ များဖြင့်
သာအိမ်သို့လမ်းလျောက်ခဲ့ရသည်.........................................................
June :: Yah Kim Hanbin တစ်လောကလုံးကိုအရူံး
ပေးလိုက်ရတဲ့ရုပ်နဲ့အိမ်နဲ့ပြသနာတက်လာတာလား...Hanbin :: မဟုတ်ပါဘူးကွာ...အတန်းခေါင်းဆောင်
ဘယ်မှာလဲ...Yunhyeong :: စောစောစီးစီး အတန်းထဲရောက်လာထဲ
ကဘာလို့အတန်းခေါင်းဆောင်ကိုရှာနေတာလဲ??Donghyuk :: လာပါပြီ ဟိုမှာ...
အတန်းထဲသို့စာအုပ်တွေပိုင်ပြီးဝင်လာသော သူမဆီသို့
တည့်တည့်မတ်မတ် လျောက်သွားသောကျတော်ကို
လည်းတစ်တန်းလုံးက အထူးအဆန်းဖြင့်လိုက်ကြည့်နေ
ကြသည်... သူမရှေ့ရောက်သ်ာနှင့်ပြောရမည့်စကားလုံး
တို့ပင်ပျောက်ရှသွားသည်...
" ဒီနေ့မှသူမဘာလို့ ထူးထူးခြားခြားလှနေရတာလဲ "
မတတ်နိုင်တော့ တစ်ညလုံးပြောမည်ဟူ၍လေ့ကျင့်ထား
သောစကားလုံးများအားဖွင့်ဟရန်အတွက် သူမလက်
တစ်ဖက်ကို လှမ်းကိုင်လိုက်တော့ တစ်တန်းလုံးမှ တီးတိုး
သံအစုံထွက်လာတော့သည်...Hanbin :: အတန်းခေါင်းဆောင်......
Ah Young :: ဟင်...
မျက်လုံးအဝိုင်းသားလေးဖြင့်ပြန်ဖြေလေသည်...
Hanbin :: ငါနင့်ကိုသဘောကျတယ်... အဲ့တာ...အဲ့တာ...ငါ့ကိုစဉ်းစားပေးနိုင်မလား....
တီးတိုးသံတွေပင် ပီပြင်စွာ ကြားရလေတော့သည်...
ကျောင်းသားသစ်က အတန်းခေါင်းဆောင်ကို Daebak...
အာမေဋိတ် အသံမျိုးစုံဖြင့် ဝေဖန်နေကြသူရှိသလို သဘောကျ အားပေးနေသူတွေကလည်းရှိသေးသည်...ခဏကြာတော့....
သူမဆီက စကားလုံးတစ်ခုကို ကြားလိုက်ရသည်....