written by - S M A
main cast - Kim Minseok &
Kim JongdaeTrue Love Never Ends
.......................................
ကျနော်ရောက်နေတာ သိပ်ကိုလှပပြီး ရောင်စုံပန်းမျိုးစုံ အလှချင်းပြိုင်နေကြတဲ့တောနက်တစ်နေရာပါ
ဒါပေမဲ့ ကျနော့်လို ကဝေတစ်ယောက်အတွက်ဒီအလှပတွေကိုရှုစားချိန်မရှိပါဘူး လူသားတွေလက်ထဲကလွတ်အောင် ထွက်လာခဲ့ရတာမို့ပါအခုချိန်ကစုန်းကဝေတွေဆို ကြောက်လန့်တကြားအမဲဖြတ်သလို မီးရှို့သတ်ဖြတ်ချင်နေကြတယ် ဒါပေမဲ့လည်း ရယ်ရတာက သူတို့သတ်ဖြတ်နေကြတာ သူတို့လိုသာမန်လူသားတွေလေ ဒါကိုသူတို့တွေ သိရင်သိပ်ကောင်းမှာပဲ
ကျနော်ခရီးဆက်တာကြာပြီ ဒီတော့ခဏနားတုန်း ရေအနည်းငယ်ဖန်တီးလိုက်ပြီး ကျနော့်မြင်းကို တိုက်လိုက်တယ် ကျနော်ကသာမန်ဆို မှော်ပညာထုတ်မသုံးတတ်ပါဘူး တံမြက်စည်းပျံထက်လဲသက်ရှိမြင်းတစ်ကောင်ကိုစီးရတာပို
ကြိုက်ပါတယ်ကျနော်ခဏနားနေတုန်းမှာပဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရင်ကို ဆို့နင့်သွားစေပါတယ် ကျားရိုင်းတစ်ကောင်က မိန်းမငယ်လေးတယောက်ကို အစိမ်းလိုက်ဝါးစားတော့မယ်ထင်ပါရဲ့
" ဟေ့ ဘာမှမကြောက်နဲ့နော် ကိုယ် ရှိတယ် ငြိမ်ငြိမ်လေးနေ "
ဟိုကဘာမှပြန်မဖြေတာနဲ့ လက်ထဲက လေးနဲ့မြားကို ခြောက်
လှန့်ပစ်ပြလိုက်တယ် ကျားရိုင်းလဲ ရှပ်ထိသွားတဲ့ ဒဏ်ရာကြောင့်ပြေးပြီလေ မှော်နည်းနည်းသုံးလိုက်တာလဲပါတာပေါ့" ဘာဖြစ်သွားသေးလဲ မိန်းမလှလေးတစ်ယောက်ကို ဒီလိုတောနက်ထဲမှာတွေ့ရတာ အံ့သြစရာပဲ ကိုယ့်နာမည်က Minseok လို့ခေါ်တယ်မှတ်ထားနော် "
ကျနော်တော့ရူးပြီ ဘာတွေသွားပြောနေတာလဲ ဟိုကဖြင့်မျက်လုံးစိမ်းနဲ့ကြည့်ပြီး စိတ်တိုနေသလို အမှန်ဆိုကျေးဇူးတင်စကားလောက်တော့ပြောသင့်တာပေါ့
ကျနော်တို့လို ကဝေဖြူတွေက လူတွေကိုဒုက္ခမပေးတတ်သလို အကူညီလဲမပေးတတ်ပါဘူး
ကျနော်ကူညီဖူးတာ ဒီမိန်းကလေး ပထမဆုံးပါ" မင်းနာမည်ကရော "
"......"
" ဒီတောနက်ထဲမှာ ဘယ်သူတွေနဲ့နေတာလဲ ကိုယ် ဘယ်ကို
လိုက်ပို့ပေးရမလဲ "ဘာမှပြန်မဖြေပါလား ကျနော့်ကိုကြောက်လို့များလား အတွေးမဆုံးလိုက်ခင်ပဲ အနီရောင်အိတ်လေးကို သူဖြေလိုက်ပြီးကျောက်စရစ်ခဲလေးတွေထုတ်ကာစာစီပြပါတယ် အော် သူစကားမပြောနိုင်ရှာဘူးကိုး
" ဟင် ခုနကကျားက မင်းမိတ်ဆွေဟုတ်လား ငါစိတ်မကောင်းပါဘူး ခွင့်လွှတ်ပါနော် "
" .... " (ခေါင်းညိတ်ကာ)
" ဒါနဲ့ မင်းနာမည်က "
နဘေးကလှပစွာပွင့်နေတဲ့ ပန်းတချို့ကိုသူလက်ညှိုးထိုးပြတယ် ဒီတော့
" Sakura "
" ......"(ခေါင်းခါပြီး)
သူရေးပြတာက သူဆိုလိုတာ ဒီတောနက်ထဲက ပန်းပွင့်လေး
တွေမှာနာမည်ရှိပေမဲ့ သူ့မှာတော့မရှိသေးဘူးတဲ့ ကျနော့်ရင်ထဲတစ်မျိုးဖြစ်သွားတယ်" မင်းနာမည် Sakura ဖြစ်သွားပြီ ဒါပေမဲ့ မင်းက ဒီပန်းလေးတွေထက်တောင်ပိုလှလို့ မင်းနဲ့လိုက်ဖက်တဲ့နာမည်မပေးနိုင်တာတောင်းပန်ပါတယ် "
" ...."
" နောက်နေ့တွေ့ခွင့်ရှိဦးမလား "
သူပြုံးတယ် ပြီးတော့ ခေါင်းညိတ်တယ် ကျနော်ဘယ်လောက်တောင်ကံကောင်းလိုက်လဲ
++++++++++++++++++++++++++++++++
2beC အမှန်ကလေ yaoi ဆိုပေမဲ့ normal နည်းနည်းပါသေးတယ်နော် ဘာတွေလဲတော့သိဝူးရေးကြည့်တာ အမှန်က wp မှာ မရေးဖူးလို့
follow ကလဲမရှိ ကျော့် wp ကိုသိပ်မသိကြဘူးရယ်
ဘာမှမှ မupတာ ဘယ်သိပါ့မလဲ ဟဲ
YOU ARE READING
True Love Never Ends
RandomXiuChen (Yaoi) အချစ်စစ်ရဲ့အဆုံးသတ်ဟာ ဘာလဲ ကျနော့်အထင် happy ending လဲမဖြစ်နိုင်သလို sad ending လဲ မဟုတ်လောက်ဘူး ဘာလို့လဲဆိုတော့ တကယ့်စစ်မှန်တဲ့ချစ်ခြင်းက အဆုံးဆိုတာမှမရှိတာ