Part - 4

1.3K 116 4
                                    

စောင့်ရတာကို မုန်းပေမဲ့ ကျနော့်ချစ်ရသူကိုစောင့်ရမယ်ဆိုရင်တော့နှစ်ပေါင်း
တစ်ထောင်ဖြစ်ဖြစ်
တစ်သောင်းဖြစ်ဖြစ်စောင့်နိုင်ပါတယ်ဗျာ
***********************
True Love Never Ends
*

********************

ကျနော့်ဇနီးမရှိတော့ကတည်းက ကျနော့်ဘဝကအသက်မဲ့နေသလိုပါပဲ သိပ်ကိုကြာလွန်းတယ်အချိန်တွေရယ် မြန်မြန်ပြီးဆုံးပါတော့လား

" မြင်မြင်သမျှကလွမ်းမောစရာ
ပန်းလေးတွေပွင့်ရင်လွမ်းတယ်
နှင်းပွင့်လေးတွေကျရောက်လာရင်လွမ်းတယ်
တစ်ချိန်လုံးလွမ်းတယ် တစ်နေကုန်တမ်းတမိတယ်
တခါလေရူးမတတ်ပဲ
ဒါပေမဲ့ သည်းခံနိုင်ပါတယ်
မင်းတနေ့ပြန်ပေါ်လာမယ်ဆိုတဲ့အသိနဲ့ပေါ့ "

ရာစုနှစ်ဆယ်စုလောက်ကြာညောင်းခဲ့ပြီ အရာအားလုံးလဲပြောင်းလဲကုန်ပြီပေါ့ လူသားတွေကအရင်လိုမဟုတ်ဘဲ ဥာဏ်ရည်မြင့်မားလာကြတယ် မှော်အစွမ်းမပါဘဲ ထူးဆန်းတဲ့အရာတွေဖန်တီးနိုင်ကြပြီလေ
ကျနော့်တွက်ကတော့
နတ်သမီးကြီးဟောကိန်းထုတ်ခဲ့သလို
ကျနော့်ဇနီး ပြန်မပေါ်လာခဲ့ပါဘူး ကျနော်မတွေ့သေးတာပဲဖြစ်မှာပါ

တွေးမဆုံးလိုက်.........

" Sir, ဟိုနားကရုံလေးတွေ့လား အဲ့မှာသိပ်မှန်တဲ့ ဗေဒင်ဆရာငယ်ငယ်လေးရှိတယ် သွားမေးကြည့်ပါလား "

နဘေးက လူတယောက်ပြောသွားပုံကြည့်ရတာ တန်ခိုးရှင်နဲ့တွေ့ခဲ့ရတဲ့ အတိုင်းပဲ ဘယ်လိုလူမျိုးပါလိမ့်
သိချင်စိတ်မထိန်းနိုင်တော့တာနဲ့

" ကြွပါ ဒီဘက်ကို "

" မင်းက ......"

" ရှေ့ဖြစ်သိချင်လား နောက်ဖြစ်သိချင်လား "

အသက်ကခပ်ငယ်ငယ် အလွန်ဆုံးအထက်တန်းနောက်ဆုံးနှစ်လောက်ပေါ့ ကလေးသာသာက ရှေ့ဖြစ် နောက်ဖြစ်ဟောမယ်တဲ့ ခံစားချက်မဲ့နေတဲ့ ကျနော့်မျက်နှာမှာ အနည်းငယ်ပြုံးမိသွားသယောင်

" မင်းအသက်ဘယ်လောက်လဲ ဒီအလုပ်လုပ်တာ မင်းမိဘတွေရောသိရဲ့လား "

True Love Never EndsWhere stories live. Discover now