အပိုင်း(၅)

75 11 0
                                    

အရုပ်မလေးမှာတော့ ကြွေသားနှလုံးသားလေးကြေမွပျက်စီးနေလေပြီ

~~~~~Dolly~~~~~

ရုတ်တရက်မို့ကြောင် သွားရသည်ပြီးမှသတိဝင်လာ၍ ကျွန်တော် ဘတ်​ခ်​ ကိုဆွဲခွာလိုက်သည်

ပြီးမှစိတ်မလုံစွာနှင့် ဆူး ကိုကြည့်မိသည်

သူမငိုမနေပါ...သူမ.ကျွန်တော့်အပေါ်ခံစားချက်ရှိ
သည်ကိုကျွန်တော်သိသည်...သို့သော်ယခုသူမငို
မနေခဲ့ပါ

ဘာလို့လဲ.....ဘာဖြစ်လို့သူမ မငိုရတာလဲ
ကျွန်တော်ထင်တာမှားနေလို့လား

“ ချန်​​ယောလ်​  ဘာဖြစ်လို့လဲ”

ချွဲနွဲ့စွာမေးလာတဲ့ဘတ်​ခ်​ ကို ချန်​​ယောလ်​ ဆွဲယူကာနမ်းလိုက်သည်

တကယ်က သူနမ်းချင်၍မဟုတ် ဆူး မျက်နှာကခံစားမှကင်းသောပုံစံပေါက်နေသောကြောင့်စိတ်တိုကာနမ်းလိုက်ခြင်း

*နေပါဦးငါကဘာလို့ ဆူး  ကိုစိတ်ဆိုးနေရတာလဲ
စိတ်ထိန်းစမ်း ပတ်​ချန်​​ယောလ်​  သူက ကျိန်စာသင့်နေတဲ့အရုပ်မသက်သက်ပဲ*

~~~~Dolly~~~~~~

ဒီအရွဲ့တိုက်နမ်းလိုက်တဲ့ကိစ္စ ဒီလောက်ကြီးလိုက်မယ်ဘယ်သူထင်မှာလဲ

တကယ်ဆို ဒီလိုဖြစ်လာတာကိုဘယ်သူ့ကိုအပြစ်တင်မှာလဲ

ဘယ်သူမပြုမိမိမှုတဲ့

ဒီစကားအရင်ကအမှုမဲ့အမှတ်မဲ့နေခဲ့ကြတဲ့ကျွန်တော်တို့ဒီကိစ္စလေးဖြစ်ပြီးနောက်မှာ....

~~~~~~Dolly ~~~~~~

............

  မဆုံးနိုင်တဲ့ ချန်​​ယောလ်​ ရဲ့အနမ်းတွေကိုကြည့်ရင်း
ခံစားနေရတဲ့ကျွန်မခံစားချက်ကိုဘယ်ကမ္ဘာကျော်
စာရေးဆရာမှရေးနိုင်စွမ်းလိမ့်မယ်မဟုတ်သလို
ကျွန်မလည်းမပြောပြခဲ့ပါ

သူကလူကျွန်မကအရုပ်မ

မေတ္တာဆိုတာအလျားအနံမရှိပေမယ့်အသွားအပြန်
တော့ရှိတယ်တဲ့

ကျွန်မအတွက်တော့အသွားသာရှိပြီးအပြန်မရှိသလိုပဲ

အေးပေါ့လေသူ့နားအမြဲမနေနိုင်တဲ့ကျွန်မထက်
နေနိုင်တဲ့သူ့လိုမိန်းကလေးကပိုသာတာပေါ့

Dolly(အရုပ်​မ​လေး)Where stories live. Discover now