My Lodestar - ep 2

3.8K 455 14
                                    

Baek's pov ;

" baek စောင့်နေတာ ကြာပြီလား ? "

ဂျူ တီကုတ်ကို အလျင်အမြန် ၀တ်လာဟန်တူသော Yeol ရဲ့ နဖူးပေါ်မှာ ချွေးတွေကစို့လို့ ..

ပြတင်းပေါက်ကို လှမ်းကြည့်ကာ တစ်ယောက်တည်းတွေးနေတုန်း သူဝင်လာတော့ အတွေးစများ ပျက်သွားကာ နှုတ်ခမ်းထက် အပြုံးများ ရောက်လာလေသည် ။

" ဟင့်အင်း မကြာသေးပါဘူး "

အမှန်တစ်ကယ်က မျက်လုံးနှစ်လုံး စဖွင့်လိုက်ကတည်းက သူ့အား စောင့်နေမိသည်ကိုတော့ မသိစေလို ..

စောင့်နေသည်ဆိုတာကတော့ ဒီနေ့ သူနဲ့အတူ Physiotherapy word ( ပြန်လည်သန်စွမ်းရေးဌာန) သို့ အတူသွားရန် ..

အစကတော့ Kai နဲ့ အတူ လေ့ကျင့်ခန်းသွားလုပ်ရန် ပြင်ဆင်ထားပေမယ့် yeol က သူလိုက်ပေးပါ့မယ်ဟု တောင်းဆိုလာလေရဲ့ .. ဒါကြောင့် ကျွန်တော်ကတော့ ၀မ်းမြောက်စွာ သူ့အဆိုအား လက်ခံမိခြင်း ..

" လာခါနီးမှ အရေးပေါ် patient တစ်ယောက်ရောက်လာလို့ နောက်ကျသွားတာ .. တောင်းပန်ပါတယ် "

ကျွန်တော့်အား ပြာပြာသလဲ ရှင်းပြနေသည့်သူကြောင့် ကျွန်တော်ပင် ပြန်အားနာလာမိတဲ့အထိ ..

ထို့ကြောင့် သူ ပြေးလာလေသလား .. နောက်ကျမည်စိုး၍လေ ..

ဘာရယ်မဟုတ် ကျွန်တော့်စိတ်ထဲ ကြည်နူးမိပြန်သည် ။

" ရပါတယ် .. Yeol က အလုပ်ဒီလောက်များတာကို နားလည်ပါတယ် .. "

" ကောင်းပါပြီဗျာ .. ကဲ သွားကြတာပေါ့ "

Yeol ရဲ့ ဦးဆောင်မှုနဲ့အတူ လေ့ကျင့်ခန်းလုပ်ရန် အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည် ။

" byun baekhyun shi .. လက်မောင်းရင်းကို အရင်ဆုံး စစ်ဆေးကြည့်မယ်နော် "

" ဟုတ်ကဲ့ "

ဆရာဝန် စစ်ဆေးနေသည့်အတောအတွင်း ကျွန်တော့်စိတ်တွေက ကယောက်ကယက် .. အဆင်ပြေပါ့မလား ? အရင်လို ရေပြန်ကူးနိုင်ပါဦးမလား ?

စိုးရိမ်စိတ်များကြောင့် လူက တုန်ရီစွာ တံတွေးကိုသာ မြိုချနေမိသည် ။ လက်များလည်း ကြောက်စိတ်ကြောင့် အေးစက်လာသလို ..

My LodestarWhere stories live. Discover now