Ep - 3 ( Final )

4.1K 446 9
                                    

Baek's pov;

" baek အတွက် ထာဝရ လမ်းပြပေးနိုင်တဲ့ .. အလင်းရောင်ပေးနိုင်တဲ့ လမ်းပြကြယ်လေး ဖြစ်ခွင့်ပေးပါ "

ကျွန်တော့် မျက်လုံးထံ စူးစိုက်ကြည့်ကာ ချစ်စကားဆိုလာတဲ့အခါ ကျွန်တော်ရဲ့ နှလုံးသားလေးဟာတော့ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လျက် ..

" ချစ်တာလား ? ဒါမှမဟုတ် သနားတာလား ? "

အချစ်ဆိုရင်တော့ ကျွန်တော် ၀မ်းမြောက်စွာ ခံယူနိုင်ပေမယ့် သနားတာဆိုရင်တော့ သူ့ရဲ့ အချစ်ကို ကျွန်တော် ငြင်းပယ်မှာပါ .. သနားစရာ ကောင်လေးတစ်ယောက်အဖြစ် သူ ကျွန်တော့်အား မြင်သည်ကို မကြိုက် .. ။

သူကတော့ ကျွန်တော့်အမေးအဆုံး ပါးချိုင့်ပေါ်သည်အထိ နူးညံ့စွာ ပြုံးလေရဲ့ ..

" ကိုယ်ကတော့ အချစ်ဆိုတာကို တစ်ခြားအရာတွေနဲ့ ရောပြီးမတွေးစေချင်ဘူး .. ဒီအတိုင်းလေး အချစ်ကို အချစ်လို့ပဲ သီးသန့်တွေးပေးလို့မရဘူးလား ? ကိုယ်မင်းကို ချစ်တယ် .. တန်ဖိုးထားတယ် .. စောင့်ရှောက်ပေးချင်တယ် .. ပင်ပန်းနေတဲ့အချိန် ကိုယ့်ရဲ့ပခုံးကို မှီတွယ်စေချင်တယ် .. ဒါအချစ်ပဲ မဟုတ်ဘူးလား ? "

သူ့စကားအဆုံး ကျွန်တော့်ရင်ထဲ ကြည်နူးမှုက လှိုက်ခနဲ .. သူ ကျွန်တော့်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သူ့မျက်ဝန်းကတစ်ဆင့် မြင်နိုင်သည်လေ ..

" ကိုယ့်ကို ချစ်လား ? "

ကျွန်တော့် ပခုံးကို သူ့လက်ဖြင့် ဆုပ်ကိုင်ထားကာ မေးခွန်းထုတ်လာလေတော့ ကျွန်တော့်ဟာ ရှက်ရွံ့စွာပဲ ခေါင်းငုံ့မိလျက်သား ..

" ကိုယ့်ကို ကြည့်ပြီး ဖြေပါကွာ.. နော် "

" အင်း "

သူ့မျက်နှာအား မကြည့်ရဲသည်မို့ ခေါင်းငုံ၍သာ အသံပြုမိသည် ။

" အာ !! ကိုယ့်မျက်နှာကို ကြည့်ပြီး ချစ်တယ်လို့ ဖြေလေ "

အင်း လို့ဖြေပြီးပြီကို ရစ်နေသောသူ့အား အလိုမကျစွာ ခေါင်းမော့ကာ မျက်စောင်းထိုးမိတော့ သူက ခေါင်းကိုလှန်ကာ ဆွဲဆောင်မှုရှိစွာ ခပ်ဟဟရယ်လေရဲ့ ..

You've reached the end of published parts.

⏰ Last updated: Dec 21, 2016 ⏰

Add this story to your Library to get notified about new parts!

My LodestarWhere stories live. Discover now