~17~

703 66 5
                                    

Reader's POV,

'N' Hotel

ဟိုတယ်ရှေ့မှာ limousineတစ်စီး စိုက်လာတယ်။ ကားပေါ်က ဆင်းလာတဲ့သူတွေက Krisနဲ့ Hayoung။ ဧည့်ကြိုရဲ့ လမ်းညွှန်ပေးမှုနဲ့ ပွဲရှိရာ နေရာကို သူတို့ရောက်သွားကြတယ်။ သန့်သန့်ပြန့်ပြန့် သားသားနားနား အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူတွေက ခန်းမထဲမှာ ပြည့်နေတယ်။

တစ်ခြားနာမည်ရကုမ္ပဏီတွေက CEOတွေလဲ ပွဲလာတက်ကို သတိထားမိတယ်။ တော်တော်များများ ဖိတ်ထားတာပဲ။ Krisလဲ သူ့အသိမိတ်ဆွေတွေနဲ့ ဝင်ရောနေလိုက်တယ်။ Hayoungကတော့ တစ်ခြားနေရာကို ထွက်သွားတယ်။

"Wu Kris?"

နာမည်ခေါ်သံကြားလိုက်လို့ Krisလဲ လှည့်ကြည့်မိတယ်။ အနောက်တိုင်းဝတ်စုံနဲ့ ခပ်ချောချော အမျိုးသားတစ်ယောက်ကို တွေ့လိုက်တယ်။ အဲလူကို Krisမသိပါဘူး။

SWး ကျွန်တော့်နာမည်က Shinwooပါ။

ထိုလူက သူ့လက်ကို Krisဆီ ကမ်းပေးပြီး Krisနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။

Krisး Wu Krisပါ။

SWး သိပါတယ်ဗျာ။ ခင်ဗျားက ကျွန်တော်အရမ်းအားကျရတဲ့ လူတစ်ယောက်ပဲ။

Krisး ဒါနဲ့ ခင်ဗျားက။

SWး LPရဲ့ CEOပါ။ ပြီးတော့ ကျွန်တော်တို့က ရွယ်တူလောက်ပါပဲ။ စကားကို သက်သာသက်သာပြောလို့ ရပါတယ်။

Krisး nae အဲလိုဆို ပိုကောင်းတာပေါ့။

SWး နေပါဦး။ Hayoungကိုလဲ ဖိတ်လိုက်ပါတယ်။ သူမလာဘူးလား။

Krisး သူခဏထွက်သွားလို့။ အော် ဟိုမှာပြန်လာပြီ။

HYး Kris Op------p---------a

SWး မတွေ့တာ ကြာပြီ။ Hayoung ssi

ထုံးစံအတိုင်း Shinwooရဲ့ ညာဘက်နှုတ်ခမ်းထောင့်လေးက အပေါ်ကို တက်သွားပြီလေ။


=-=-=-=-=-=-=-=

Hayoung's POV,

Jung Shinwoo!!!

သူက ဘာလို့ဒီမှာ ရှိနေရတာလဲ။ သူ့အပြုံးကလဲ အရင်အတိုင်းပဲ။ သူဘာလို့ ကျွန်မအရှေ့ကို ရောက်နေရတာလဲ။

Krisရဲ့ အရှေ့မှာတော့ မျက်နှာမပျက်အောင် ထိန်းထားရပေမယ့် တကယ်တော့ ဒီကနေ ချက်ချင်းပြေးထွက်သွားချင်တာ။

You've reached the end of published parts.

⏰ Last updated: Nov 21, 2016 ⏰

Add this story to your Library to get notified about new parts!

True Love Means ( KrisHo Fanfic )Where stories live. Discover now