Chap.1

117 5 0
                                    

ခရမ်းသွေး

အသက် ဆယ်ကိုးနှစ်အရွယ် မိန်းကလေးတစ်ယောက် သူမူစိတ်ဝင်စားသည်က ယခုခေတ်လူငယ်တွေကြားခေတ်စားနေတဲ့ ကေပေါ့အဖွဲ့များ နှင့် ဝါသနာပါသည့် ဘာသာစကားသင်တန်းများနှင့် သူမမိသားစု သူမရဲ့တစ်ဦးတည်းသော သူ့ဆိုသိပ်ဂရုစိုက်လေ့မရှိသော သူငယ်ချင်းမကိုသာ ဖက်တွယ်နေသည့် သူမသည် သာမန် မိန်းကလေးတစ်ယောက်ဖြစ်လေသည်။

ဆူးသွေးဆိုသည့်သူမသည် မဟုတ်မခံစိတ်ရှိသည်။မေးနှစ်ခွနှင့်သူမသည် ချောမောလှပမှုနှင့်ပြီးပြည့်စုံသည့်မိန်းကလေးမဟုတ်သော်လည်း ထင်ရှားသည့်ပြက်သားသည့်မျက်နှာပေးနှင့် ဆွဲဆောင်မှုရှိသည့် ရုပ်ရည်ပိုင်ဆိုင်ထားသည်။သိပ်မရှည်ပေမယ့် အချိုးကျကျ ခန္ဓာကိုယ်နှင့်သူမသည် ဗိုက်လေးမဆူ့တဆူရှိသည်။ထိုသည်ကိုပဲသူမ ကိုယ်သူမ sexy ကျသည်ထင်နေလေသည်။

ငယ်ရွယ်နုနယ်သည့် သူသည် စိတ်ဝင်စားမှုများပြားသည်။နိုင်ငံရေးလည်း သူပါချင်သလို စီးပွားရေးဆိုလျှင်လည်း သူစိတ်ဝင်စားလေ့ရှိသူ။ခရီးသွားရတာ သဘောကျသလို စာဖတ်ရတာချစ်မြတ်နိုးသည်။အဖြူရောင် မီးခိုးရောင်တွေကြိုက်နှစ်သက်သလို အနီရောင် အပြာရောင်တွေကိုလည်း ချစ်သည်။

ပေါ့ပါးလွတ်လပ်စာဝတ်စားတတ်တဲ့သူသည် ဂါဝန်တိုတို စကပ်တိုတို လက်ပြက်ကိုယ်ကျပ်တွေထက် တီရှပ်နှင့် ဂျင်းကိုသာ ရှုးဖိနပ်တစ်ရံနှင့် တွဲဝတ်လေ့ရှိသူဖြစ်သည်။

အရာရာကို သိလိုစိတ်ပြင်းပြတဲ့သူမသည် အချစ်ဆိုတဲ့ အရာကိုပါစူးစမ်းချင်သည့် အပျိုဖြန်းလေးတစ်ယောက်လို တစ်ခါတစ်လေပြုမူလေ့ရှိသလို ယောက်ျားဆန်ဆန်နေလေ့ရှိသည့်အခါမျိုးတွေလည်းရှိသည့်သူ့ကို တော်တော်များများက ယောက်ျားလျာလို့ထင်ကြဖူးသည်။

ထက်မြက်သလို ပျော်ပျော်နေတတ်သည့်သူသည် စိတ်တိုလွယ်သလို စိတ်ပြေလွယ်သည်။ရည်းစားတွေထည်လဲတွဲနေသည့် သူမသူငယ်ချင်းသည် သူမနှင့်ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။လိုအပ်ရင်ခေါ်ကာ မလိုအပ်လျှင်ပစ်ထားတတ်သည့် ထိုသူငယ်ချင်းအား သူမမုန်းသလို စိတ်လည်းမဆိုးခဲ့ပါ။ကျင့်သားရနေသည့် တစ်ယောက်တည်းကမ္ဘာသည် ဆူးသွေးအဖို့နေတတ်နေပြီဖြစ်သည်။

White LiesWhere stories live. Discover now