ကော်ဖီပူပူတစ်ခွက်ကို ဖျော်လိုက်ပြီးနောက် အိမ်ရှေ့ဧည့်ခန်းမှာထိုင်လိုက်ပြီး ph လေးကို ဖွင့်လိုက်သည်။ညက စကားပြောခဲ့သည့် Conversation တွေဆီပြန်ဖတ်ရင်း စိတ်မကောင်းဖြစ်မိသည်။ညက...
Flash back.
ကုတင်ပေါ်လှဲနေရာကနေ သွေးတစ်ယောက်ထထိုင်လိုက်မိသည်။မဟော်ထံမှပို့လိုက်သည့် ဓာတ်ပုံတစ်ပုံ လက်ဖျံ အတိအကျဆိုရင် ဘယ်ဘက်လက်ဖျံ ပြည့်ပြည့်လေးဖြစ်နေသည့် လက်ဖျံတွင် အချွန်တစ်ခုခုနှင့် ဆွဲထားသည့်အရာများ နီရဲသွေးစို့နေသည်က လောလောလက်လက်ပုံစံ
လက်ဖြူဖြူလေးတွင် လက်ဖျံတစ်လျောက်သွေးစို့နေသည်မှာ လန့်ဖွယ်ရာ မည်မျှနာကျင်မည်ကို သွေးတွေးမိရုံနှင့် လန့်မိသည်။*လှတယ်မဟုတ်လား မ' hk hk*
*ဒါဘာလဲ မောင်*
မောင် ခေါ်လိုက်တိုင်း ရင်ထဲကျေနပ်တဲ့လှိုင်းကလေးကို သွေးသဘောကျမိသည်။သူမထက် သုံးနှစ်ငယ်သည့် မောင်လေးဖြစ်တာကြောင့် *မောင်* ဟုအဖျားဆွတ်ခေါ်ဖြစ်သည်။မဟော်ကတော့ ပြောပါသည်။အဲ့သလိုခေါ်တိုင်း ကျနော်ရင်တွေအရမ်းခုန်တာပဲတဲ့။စချင်နောက်ချင်တာကြောင့်ရော ခေါ်ချင်စိတ်ရှိတာကြောင့်ရော မဟော့်ကို သွေးက မောင် ဟုခေါ်ဖြစ်နေခဲ့သည်။
''သြော် လက်လေ မရဲ့ ဘာလို့တုန်း မလှဘူးလား ဟီး"
"မောင် ဒါရယ်စရာမဟုတ်ဘူး ဘယ်သူ့လက်လဲ မ ကိုအမှန်အတိုင်းပြောစမ်း*
တစ်ကယ်လည်း ရယ်စရာမဟုတ်သလို သွေးရင်ထဲ မောင့်လက်မဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိသည်။
''မေမေဆူလို့ အမှတ်နည်းလို့တဲ့ မောင့်ကိုရိုက်တယ် နာတယ်မရယ် ရင်ထဲကနာတယ် ဒီလောက်လေးနဲ့ မောင့်ကို နာနာကျည်းကျည်းရိုက်တယ်"
စိတ်မကောင်းလွန်းလို့ သူမဘာလုပ်ရမှန်းမသိ အောက်နှုတ်ခမ်းသာကိုက်ထားမိသည်။
"မောင်ရယ် ဒါနဲ့များ ကိုယ့်လက်ကို ဒီလိုလုပ်ရလား မိုက်လှချည်လား"
"hkhk မရယ် ဘာဖြစ်လဲ မေမေရိုက်သလောက်မနာပါဘူးဗျ မေမေပြောသလောက်လည်းမနာဘူး အစကတည်းကမမွေးခဲ့ရင် ပြီးရောဗျာ...''
![](https://img.wattpad.com/cover/91173341-288-k215443.jpg)