မောင်

7.9K 697 4
                                    

"ဘယ်သွားနေတာလဲ မောင် ဒါ အိမ်ပြန်တဲ့လမ်းမှ မဟုတ်တာ....."

"ညဈေး သွားမယ်လေ...Nini နဲ့ နှစ်ယောက်တည်း လျှောက်မသွားရတာ ကြာပြီမလား.....ဘာလဲ မသွားချင်ဘူးလား..."

"ဟင့်အင်း သွားချင်တယ်....."

ကျွန်တော် မျက်လုံးများမှိတ်အောင် ရယ်ပြရင်း ဖြေလိုက်သည်။ မောင်ကလည်း သူ့ သွားတက်လေးများပေါ်အောင် ပြန်ရယ်ပြလေသည်။ မောင် အဲ့လိုရယ်ပြရင် ကျွန်တော် သိပ်ချစ်သည်။

'သူများတွေကို အဲ့လိုမျိုး ရယ် မပြပါနဲ့လားနော် မောင်....ကျွန်တော် တစ်ယောက်တည်း ကြည့်ချင်လို့ပါ......'

"ကဲ ရောက်ပြီ...."

မောင်က ကားကို ညဈေးနဲ့ မနီးမဝေးတစ်နေရာမှာ ရပ်ရင်းပြောလိုက်သည်။

©©©©©©©©

မောင်နဲ့ ကျွန်တော် မုန့်အရင်စားဖို့ ဆုံးဖြတ်ကာ ဆိုင်တစ်ဆိုင်တွင် bibimbap နဲ့ tteokbokki ဝင်စားတာ ဗိုက်လည်းတော်တော်တင်းသွားသည်။ ထို့နောက် ဈေးဆိုင်တွေကို လိုက်ကြည့်ရန် ထွက်ခဲ့ကြသည်။
ဈေးမှာ လူတွေသိပ်များသောကြောင့် ကျွန်တော် မောင့်လက်မောင်းကို ဆွဲထားမိသည်။ ဒါကို မောင် လူဆွဲခံရမှာကြောက်လို့လားဆိုပြီး စနေတာကြောင့် မျက်စောင်းတစ်ချက်သာထိုးလိုက်၏။ သူပြောတာလည်း မှန်နေသည်ကိုး....။
ဈေးဆိုင်တွေ ပတ်ကြည့်ရင်း မောင်ကတော့ snapback တစ်လုံး ဝယ်ဖြစ်ခဲ့သည်။ ကျွန်တော်ကတော့ ဘာမှမဝယ်ဖြစ်ပါ။

"Nini ဟို အင်္ကျီဆိုင်လေးထဲ ဝင်ရအောင်...."

ပြောပြောဆိုဆိုပင် ကျွန်တော့်ကို ဆိုင်ထဲဆွဲခေါ်သွားသည်။ ဆိုင်ထဲရောက်တော့ မောင် တစ်ယောက် အင်္ကျီများရွေးရင်း အလုပ်များနေလေရဲ့.......။

"Nini ဘယ်အရောင်နဲ့ ပိုလိုက်လဲ....အပြာရောင်လား အနက်ရောင်လား ....."

မောင် က အင်္ကျီနှစ်ထည်ကို ကိုယ်ပေါ်မှာ ကပ်ပြရင်းမေးလာသည်။ မောင်က အသားဖြူသူမို့ ဘယ်အရောင်မဆို လိုက်ပါတယ်။ ကျွန်တော်ကတော့ မောင့်ကို အနက်ရောင်လေးနဲ့ ပိုသဘောကျသည်။

"အနက်ရောင်..."

"အနက်ရောင်လား ဒါဆို ဒါလေး တော်မတော် ဝတ်ကြည့်လိုက်မယ်နော်...တော်ရင် ဒါပဲယူလိုက်တော့မယ်....."

စောင်းငဲ့ကြည့်ဦး~~~Unde poveștirile trăiesc. Descoperă acum