Baek's pov ;
" ဟေ့ကောင်ရေ .. ဟိုမှာ မင်းရဲ့ ဘိုးတော်ကြီးတော့ တာဝန်ဝတ္တရားအတိုင်း မပျက်မကွက် ရောက်လာပြီဟေ့ !! "
နားချိန် ၁၀ မိနစ်မို့ ဖုန်းလေးကလိနေတုန်း ဘေးနားက luhan နဲ့ kyungsoo ရဲ့ အသံသေးအသံညောင်နဲ့ ပြောပြီးရယ်နေသံကြောင့် ဖုန်းကိုချကာ အခန်းပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ..
" ကျစ် .. ဒီလူကြီးကတော့နော် "
စာသင်ခန်းရှေ့က ၀ရံတာကို စတိုင်ကျကျမှီထားပြီး ကျွန်တော်ကို စိုက်ကြည့်နေသော လူကြီးကို မျက်စောင်းထိုးရင်း မကျေမနပ် ရေရွတ်လိုက်မိသည် ။
" မင်းကလည်းကွာ .. ဒီလောက်လန်းလွန်းတာကို ဘာတွေ ငြင်းနေမှန်းမသိ .. "
Luhan ပြောလည်း ပြောချင်စရာပင် .. Park chanyeol ဆိုတဲ့ ကျွန်တော့်ထက် တစ်နှစ်ကြီးတဲ့ စီနီယာ .. သူများပြောပုံအရ သူ့မိဘတွေကလည်း ကိုးရီးယားမှာ တော်တော်နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ .. ရုပ်ရှည်ကလည်း ပြောစရာမလိုလောက်အောင် ပြည့်စုံလွန်းသည် ။
ကျောင်းမှာ အချောဆုံး စာရင်းဝင် .. သူ့ကို လိုချင်တဲ့ ကောင်မလေး ကောင်လေးတွေဆိုတာ ဒုနဲ့ဒေး ..
ဒီလောက် ပြည့်စုံလွန်းတဲ့လူက ဘယ်လိုကဘယ်လို မျက်စိကျပြီး ကျွန်တော့်ကို သဘောကျသွားလဲမသိ ..
ဒါပေမယ့်လည်း အဲ့လူကြီးက အချေဗျ .. ကျွန်တော့်ကို သဘောနေတယ်သာ ပြောတာ သူကတစ်ခါမှ ကျွန်တော့်ကို စကားတောင်လာမပြော .. သူ့သူငယ်ချင်းတွေမှတစ်ဆင့် ကျွန်တော် သူငယ်ချင်းတွေ လာပြောမှ သူကျွန်တော့်ကို သဘောကျမှန်း သိရတာ ..
တစ်နေ့တစ်နေ့ အခန်းရှေ့လာမယ် .. လူကို မီးပွင့်မတတ် စိုက်ကြည့်မယ် .. ပြီးတော့ နှုတ်ခမ်းတွန့်ရုံလေး အထာကျကျ ပြုံးပြမယ် .. သူအဲ့လို ပြုံးပြလိုက်တိုင်း အခန်းထဲ မိန်းမတွေဆိုတာကလည်း တုံးပိသလို အော်လိုက်ကြတာဆိုတာ ..
" အမြင်ကို ကတ်တယ် .. "
ကျွန်တော် နှုတ်ခမ်းဆူကာ မကျေမနပ်တိုးတိုးရေရွတ်လိုက်တော့ ဘေးနားက luhan နဲ့ kyungsoo ပခုံးတွန့်ရင်း မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းခါလိုက်ကြလေရဲ့ ..
YOU ARE READING
1K Special Collections
FanfictionFinally, The Group has reached to 1K followers. So we all prepared a present for you guys who followed and reading fictions of this gp.... please enjoy.