"ကဲ..အမိမြေကို ပြန်ရောက်လာတဲ့ ခံစားချက်လေး ပြောပါဦး.."
ပါးစပ်နားလေးမှာ လက်သီးဆုပ်လေးထိုးပေးပြီး မိုက်ပုံစံလုပ်ရင်း မေးခွန်းမေးလာတဲ့ JongInလက်ကို ကျနော် ပုတ်ထုတ်လိုက်ရင်း..
"တော်စမ်း..ငါတနှစ်တခေါက်တော့ ကိုရီးယားကို အရောက်ပြန်ပြန်လာကြပဲကို..အပိုတွေ..။"
JongInက ကျနော့်အပြောကို တဟီးဟီး ရယ်ရင်း ကျနော့်ပခုံးကို ခုန်ဖက်လိုက်ပြီး..
"ပြောပါဦး..ဒီတခေါက်ရော ဘယ်လောက်ကြာကြာနေမှာလဲ designerကြီး Park Chanyeolရဲ့.."
သူ့အမေးကို ကျနော် စဉ်းစားလိုက်ပြီး...
"မသိသေးပါဘူးကွာ..အနည်းဆုံး တစ်ပတ်ကျော်ကျော်ပေါ့ကွာ..."
JongInကတော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာပြီး...
"မင်းfanတွေ လာမကြိုပါလား ဒီတခေါက်တော့.."
သူပြောမှ ကျနော် လေဆိပ်ပေါက်ကို ကြည့်လိုက်တော့ အရင်နှစ်တွေကလို ကျနော့်ကို လာကြိုတဲ့ ကျောင်းသူကောင်မလေးတွေရှိမနေ..။
ကျနော် သဘောတကျ ရယ်လိုက်ပြီး...
"ဘယ်ရှိမလဲ..သူတို့က ငါမနက်ဖြန်မှ ရောက်မယ်လို့ သိကြတာလေ..."
"ဒါဆို မင်းက တရက်စောပြန်လာတာပေါ့.."
"သေချာတာပေါ့..ငါစောပြန်တာထက် ငါပြန်မယ့်ရက်ကို တရက်နောက်ကျပြီးမှ ပြောလိုက်တာဆို ပိုမှန်တယ်..."
JongInကတော့ ကျနော့်ကို မျက်နှာရှုံ့မဲ့ ကြည့်လာပြီး...
"မလွယ်တဲ့ကောင်ပဲ..ကိုယ့်fanကိုတောင် ပြန်လိမ်ပြောတဲ့ကောင်..."
"ငါလည်း အိမ်ကို စောစောပြန်နားချင်လို့ပါကွာ.."
မျက်နှာငယ်လေးနဲ့ ကျနော်ပြောလိုက်မှ အနှီသကောင့်သားလေးက စာနာသွားတဲ့ရုပ်လေးနဲ့...
"အေးနော်..မင်းဒုက္ခကလည်း ခက်သား..၊Idolလည်းမဟုတ်ရပါဘဲနဲ့ ကောင်မလေးfanတွေရှိနေတာ..."
"ဒါကတော့ ငါက ရုပ်ရည်လည်း ရှိတာကို.."
မာန်ချီရင်း ပြောလိုက်တဲ့ ကျနော့်ပုံစံကြောင့် JongInက ချောင်းတဟွတ်ဟွတ်ဆိုးပြလာတယ်...။
YOU ARE READING
1K Special Collections
FanfictionFinally, The Group has reached to 1K followers. So we all prepared a present for you guys who followed and reading fictions of this gp.... please enjoy.