Otp-Hunhan
Type-Fantasy, normalတောနက်ကြီးထဲတွင်သားရဲတိရစ္ဆာန်ပေါင်းစုံ ကျင်လည်ကျက်စားနေကြသည်။တစ်ချို့က သာမန်တိရစ္ဆာန်များဖြစ်သောလည်းတချို့ကတော့မှော်လောက၏တမန်တော်များဖြစ်ကြ ပေသည်။သူတို့သည်မှော်ပရ လောကနှင့် လူသားတို့နေထိုင်ရာလောကကြီးကိုဆက်သွယ်ပေးကြလေသည်။သူတို့သည်အများအားဖြင့် ကြောင်၊ မြေခွေး၊ ကျီးကန်း စသည်တို့ဖြစ်ကြ လေသည်။သို့သော်သာမန်များမဟုတ်။ အနှစ်တစ်ရာမှနှစ်ထောင်ပေါင်းများစွာအသက်ရှင်နေသောကြောင်၊ မြေခွေး၊ ကျီးကန်းများ သာလျှင်ဆက်သွယ်မှုပြု နိုင်ကြပြီးသူတို့အား သိကျွမ်းသူများက..အနှစ်တစ်ထောင်မြေခွေး၊ အမြီးကိုးချောင်းမြေခွေး၊ အမြီး၁၀ချောင်းကြောင် ၊အနှစ်တစ်ထောင်ကြောင်၊ မှော်ဝင်ကျီးကန်း စသည်ဖြင့်ခေါ်ခဲ့ကြလေသည်။
"ဘုတ်"
"ဟင်း..."
မှော်လောကအကြောင်းရေးထားသောထိုစာအုပ်အားပိတ်လိုက်ကာသက်ပြင်းချလိုက်သူမှာ Oh Young Min...
Min-"ဒါမျိုးတွေကတကယ်ရှိနေတယ်။"
ထိုစဉ်Oh Young Min၏သားဖြစ်သူOh Sehunစာကြည့် ခန်းထဲဝင်လာပြီး-
Hun-"မဖြစ်နိုင်ပါဘူးAppaရယ်...ဒါမျိုးတွေက ယုံတမ်းစကားတွေပါ။"
Min-"သူတို့ကတန်ဖိုးရှိတဲ့မျိုးစိတ်တွေကွ။သူတို့ဒါကြောင့်သူတို့ကိုတွေ့ပေမယ့်တွေ့တဲ့သူ တွေကလျှို့ဝှက်ထားခဲ့ကြတာ။သူတို့ကိုတန်ဖိုး ထားရမယ်။"
Hun-"ကျွန်တော်ကတော့မယုံပါဘူး။Aww.. Appaထမင်းစားရအောင်။"
Sehunရဲ့Ommaကတော့ဆုံးပါးသွားတာ၂နှစ် လောက်ရှိပါပြီ။
တောနက်ကြီးထဲကတစ်နေရာမှာလည်းကြောင်မလေးတစ်ကောင်ပြေးလွှားနေလေသည်။ သူကတော့ရှေးဟောင်းရွာကြီးထဲမှာနေတာပါ။ ရိုးရိုးကြောင်တော့မဟုတ်ပါဘူး။အမြီးဆယ်ချောင်းကြောင်မလေးပေါ့။ တခြားမှော်ဝင်ကြောင်တွေရှိပေမယ့်အမြီးဆယ်ချောင်းဆိုလို့သူတစ်ကောင်တည်းရှိတာပါ။ အဲဒါကြောင့်သူ့ကိုသူတို့မျိုးနွယ်စုခေါင်းဆောင် ရဲ့အိမ်မှာပဲထိန်းသိမ်ထားတယ်လေ။မိဘတွေကတော့ဆုံးပါးသွားပါပြီ။ဒါပေမယ့် သူကအမြဲခိုးထွက်လေ့ရှိပါတယ်။သူက မျိုးနွယ်စုထဲမှာစွမ်းအားအကြီးဆုံးကို။သူ့နာမည်ကLuhan...
မျိုးနွယ်စုခေါင်းဆောင်LSM-"Luhanခိုးထွက်ပြန် ပြီလား။"
Zoro-"ဟုတ်ကဲ့။"
LSM-"ချက်ချင်းရှာပြီးပြန်ခေါ်ခဲ့ပါ။နောက်တစ်လပွဲတော်အချိန်အထိသူရှိနေမှဖြစ်မယ်။"
Zoro-"ဟုတ်ကဲ့။"
LSM pov/အဲဒီနေ့ကြမှမင်းရဲ့လည်ချောင်းသွေး ကိုသောက်ပြီးအဆုံးမရှိတဲ့ခွန်အားတွေရယူရ မယ်Luhan။ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့က လက်တစ်ကမ်းအကွာမှာပါကွာ။/
Luhanပြေးရင်းပြေးရင်းမြို့ထဲကိုရောက်လာသည်။သူအမြဲတမ်းမြို့ထဲလျှောက်သွားရင်းဟိုဟို ဒီဒီငမ်းနေကြလေ။လျှို့လျှို့ဝှက်ဝှက်တော့သွား ရတာပေါ့နော်။ဒါပေမယ့်ရုတ်တရက် နောက်ကနေသူ့ကိုအိတ်နဲ့အုပ်ဖမ်းတာခံလိုက် ရပါတယ်။
Hun၏အိမ်တွင်-
Min-"သားရေ..Oh Sehun..."
Hun-"ဗျာ.."
Min-"သားအတွက်မွေးနေ့လက်ဆောင်ပါတယ်။လာကြည့်အုံး။"
Hun-"ဘာကြီးလဲ။လှုပ်စိလှုပ်စိနဲ့။"
အိတ်ကိုဖွင့်ပြလိုက်သော်အိပ်ပျော်နေသော အမြီးဆယ်ချောင်းနဲ့ကြောင်ဖြူ လေး။Hunအရမ်း အံဩသွားမိသည်။
Hun-"ကြောင်လေးကချစ်စရာလေးနော်။၃နှစ်သားလောက်တော့ရှိပြီထင်တယ်။"
Min-"ဟုတ်လောက်တယ်။"
အမှန်တော့Luအသက်ကနှစ်၃၀၀ကျော်နေပါပြီ။အိပ်ဆေးငွေ့ကြောင့်နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ် ပျော်နေတာပါ။
Hun-"ကျွန်တော်မွေးလို့ရတယ်မလား။"
Min-"ရတာပေါ့။"
ကြောင်လေးကိုပွေ့ချီပြီးသူ့အခန်းထဲကိုခေါ်သွားတော့သည်။
Hun-"မင်းကအိပ်ယာမရှိသေးတော့ငါနဲ့ပဲအတူတူအိပ်ရမယ်နော်။"
ထိုနေ့ညတော့ကြောင်လေးကိုSehunဖက်ထား ပြီးအိပ်လိုက်လေသည်။
နောက်တစ်နေ့မနက်-
Lu pov/အင်း...ငါ့ခန္ဓာကိုယ်ကနွေး...နွေး..ဟင် ငါဘယ်ရောက်နေတာလဲ။ငါ့ကိုဖက်ထားတာ ဘယ်သူကြီးလဲ။/
Luလန့်သွား၍Hunလက်ထဲမှထွက်ရန်ကြိုးစား တော့သည်။ထိုအချိန်Hunထလာပြီး-
Hun-"ကြောင်လေး..နိုးပြီလား။အေးပေါ့။မင်းက ဘယ်လိုလုပ်နေသားကျအုံးမှာလဲ။မင်းကိုငါမွေးစားမယ်လေ။မင်းမှာမိဘတွေရှိ မယ်မထင်ဘူး။"
Lu pov/မွေးစားမယ်ဆိုပါလား။ငါနေကြည့်ရ ရင်ကောင်းမလား။ဟိုချုပ်ချယ်တဲ့ဘိုးတော်ကြီး ဆီမှာနေရတာထက်စာရင်ပိုကောင်းပါတယ်။ ဒါပေမယ့်သူသိသွားရင်ကော..အာ..သိခါမှ သိရော။အခုတော့နေလိုက်အုံးမယ်။/
LuကိုHunပွေ့ခေါ်သွား၍မီးဖိုချောင်ထဲ၌ချလိုက်ပြီး-
Hun-"နွားနို့ကြိုက်တယ်မလား။ရော့..သောက်"
Lu pov/ငင့်..ဘယ်လိုတောင်ငါ့ကိုကြမ်းပြင်ကြီး ပေါ်ဇလုံနဲ့ချကျွေးတာတုန်း။/
Luhanတစ်ကောင်..အဲ..တစ်ယောက်ထိုင်ခုံပေါ်အတင်းကုတ်ကပ်တက်၍ထိုင်နေလိုက်သည်။
Hun-"Ya..အဲဒါငါ့Appaနေရာ။မင်းAppaဆို လည်းဟုတ်တာပေါ့။"
Lu pov/ဟယ်...ငါတော့အဖေအသစ်ရပြီ။ အဖေအသစ်လည်းငါ့ကိုဂရုစိုက်ပေးရင်ကောင်း မှာပဲ။/
Luhanကိုဂုတ်ကနေဆွဲမလိုက်ပြီးသူ့ပေါင်ပေါ် တင်ထားလိုက်လေသည်။
Lu pov/Omma...ကောင်စုတ်..ငါ့ကိုဂုတ်ကဆွဲ မ တယ်။/
Hun-"နွားနို့မကြိုက်လို့လား။အဲဒါဆိုပြန်လာရင် ကြောင်စာဝယ်ခဲ့မယ်နော်။ဒါနဲ့မင်းကိုဘယ်လို ခေါ်ရမလဲ။Vi Vi.."
Lu pov/ငင့်...ကြိုက်ဘူး။/
Hun-"ကောင်းတယ်မလား။"
Luhanတစ်ယောက်ခေါင်းခါပြလိုက်လေသည်။
Hun-"မကြိုက်ဘူးလား။အဲဒါဆိုငါအလုပ်ကနေ ပြန်လာမှစဉ်းစားခဲ့ပေးမယ်နော်။bye bye...မွခ်ျ။"
Luhan၏ခေါင်းလေးကိုနမ်း၍ထွက်သွားလိုက် လေသည်။
Lu pov/ဝါး...ဘယ်လိုလူလဲဟ။ငါ့ကိုလည်းပိုင်စိုးပိုင်နင်းနမ်းသွားသေးတာ။ ဟုတ်သားပဲလေ။သူ့အမြင်မှာတော့ငါက ကြောင်ကိုး။လူကိုရင်ခုန်အောင်လုပ်တယ်။ မျက်နှာတွေတောင်ပူလာပြီ။/
Hunတို့သားအဖထွက်သွားသည်နှင့်Luလွတ်လပ်ရေးရသွားတော့သည်။အမှန်တော့သူတိုမျိုး နွယ်မှာပုံစုံပြောင်း၂မျိုးရှိသည်။ပထမတစ်မျိုး ကကြောင်။ဒုတိယတစ်မျိုးကတော့ လူပုံစံဖြစ်သည်။ရွာမှာတော့လူပုံစံဖြင့်သာ နေကြသည်။အဝတ်အစားကတော့သူတို့ အမွှေးအရောင်အတိုင်းရှေးခေတ်တရုတ်ရိုးရာဆန်ဆန်အဝတ်အစားတို့ဖြစ်သည်။
အခုလည်းLuလူပုံစံပြောင်းလိုက်၍-
Lu-"အင်း...အခုသူတို့ကငါ့သခင်ဖြစ်သွားပြီဆို တော့အိမ်မှုကိစ္စတွေငါကတာဝန်ယူပေးရမှာပေါ့။"
ယောက်ျားလေးနှစ်ယောက်သာနေသောအိမ် ဖြစ်သောကြောင့်သန့်ရှင်းသော်လည်းအရမ်း မသပ်ရပ်။ထို့ကြောင့်သန့်ရှင်းသပ်ရပ်နေအောင် Luကရှင်းလင်းလိုက်လေသည်။Hunပြန်လာသော်အရမ်းသန့်ရှင်းနေသာအနေအထားကိုတွေ့ရှိရသောကြောင့်အရမ်းအံ့ဩ မိလေသည်။
တစ်လကြာသော်-
LSM-"Luhanကိုဘယ်မှာမှရှာမတွေ့ဘူးလား!"
Zoro-"မတွေ့ပါဘူး။တောထဲလည်းနှံ့နေပါပြီ။"
LSM-"ဟာကွာ...သွား!ပြန်သွားရှာ။မတွေ့မချင်းရွာကိုမပြန်ခဲ့နဲ့။"
Zoro-"ဟုတ်ကဲ့။"
အမှန်တော့Luhanမြို့ကိုသွားမှန်းZoroသိသည်။ဒါပေမယ့်ငယ်ကတည်းကညီမလေး တစ်ယောက်လိုစောင့်ရှောက်ခဲ့တဲ့သံယောဇဉ် ကြောင့်ကောLSMရဲ့အစီအစဉ်ကိုရိပ်မိတာကြောင့်ကောLuhanကိုလွှတ်ပေးခဲ့သည်။အခုထိ လည်းLuနှင့်အဆက်အသွယ်ရှိနေသေးသည်။
Sehunတို့အိမ်တွင်လည်းSehunဘယ်လိုဖွသွား ဖွသွားပြန်လာရင်အားလုံးရှင်းထားပြီးသား။Luကလည်းကြောင်စာကိုထိပင်မထိ။အစားအသောက်တွေလည်းလျော့လျော့နေသည်။ Oh Young Minလည်းအံ့ဩနေသည်။ထို့ကြောင့် CCTVတပ်ရန်ဆုံးဖြတ်လိုက်တော့ သည်။
Min-"သားစောင့်ကြည့်ထားလိုက်ပါ။Appaခရီး သွားစရာရှိလို့။နည်းနည်းကြာမယ်။"
ခေတ်ယဉ်ကျေးမှုတော်တော်များများကိုLuhan သိပေမယ့်CCTVကိုတော့သူမသိပါ။ထို့ကြောင့် ခါတိုင်းလိုပဲနေနေလေသည်။Sehunအလုပ်က ပြန်လာတော့CCTVကိုပြန်စစ်ကြည့်လိုက်ရာ ကြောင်အဖြစ်မှလူသားအဖြစ်ကိုပြောင်းလဲ သွားသောကောင်မလေးကအိမ်သန့်ရှင်းရေး ကိစ္စများကိုလုပ်ဆောင်နေသည်ကိုတွေ့ရလေ သည်။သူ့မျက်လုံးကိုပင်သူမယုံနိုင်တော့၍ အခေါက်ခေါက်ခါခါပြန်ကြည့်မိသည်အထိပင်။
အခန်းထဲဝင်လိုက်သော်ကုတင်ပေါ်တွင်ခွေခွေ လေးအိပ်နေသော Luhan..
Hun pov/ငါဘာလုပ်ရမလဲ။သတ်ပစ်လိုက်ရ ရင်ကောင်းမလား။/
ရုတ်တရက်LuhanထလာပြီးSehunနားပြေး လာလေသည်။Sehunနောက်ကိုဆုတ်သွားပြီး-
Hun-"ငါ့နားမလာပါနဲ့။မင်းကရိုးရိုးကြောင် မဟုတ်ဘူးမလား။"
Lu pov/သူဘယ်လိုလုပ်သိသွားတာလဲ။ငါ ထွက်ပြေးလိုက်ရင်ကောင်းမလား။/
ဒါပေမယ့်Sehunနားကထွက်သွားဖို့ဆိုတာ Luအတွက်တော့ခက်ခဲပါတယ်။ဘာလို့လဲဆိုတော့Sehunကိုသူချစ်မိသွားခဲ့လို့ ပါပဲ။အဲဒါကြောင့်သူလူပုံစံကိုပြောင်းလိုက်ပါ တယ်။ခါးလောက်ဆံပင်ရှည်ဖြောင့်ဖြောင့်လေး နဲ့ဝတ်စုံအဖြူ လေးနဲ့နတ်သမီးလေးလိုလှတဲ့Lu ကိုတွေ့လိုက်တာနဲ့Hunရဲ့နှလုံးသားစတင်လှုပ် ရှားလာပါတော့တယ်။
Lu-"ကျွန်မကိုကြောက်နေတာလား။"
Hun-"မင်းကဘာလဲ။"
Lu-"ကျွန်မကနှစ်တစ်ထောင်အမြီးဆယ်ချောင်း ကြောင်ပါ။မှော်ဝင်ကြောင်မျိုးနွယ်ကပေါ့။ကျွန်မ ရှင့်ကိုအန္တရာယ်မပြု ပါဘူး။ရှင်ကကျွန်မကို မွေးစားထားတာဆိုတော့ကျွန်မသခင်ပဲပေါ့။"
Hun-"တကယ်ပြောတာလား။"
Lu-"ဟုတ်တယ်။ကျွန်မနာမည်ကLuhanပါ။ ရှင်ခေါ်နေတဲ့Vi Viဆိုတဲ့နာမည်ကြီးမကြိုက်ဘူး"
Hun-"အဲဒါဆိုလည်းLuလို့ခေါ်မယ်လေ။ရတယ် မလား။"
Lu-"ပြီးတာပဲလေ။"
Luနဲ့Hunတို့အရင်ကထက်ပိုပိုပြီးရင်းနှီးလာခဲ့ ကြသည်။Luနဲ့အတူရှိနေတဲ့အချိန်Hunပျော် သလိုHunနဲ့အတူရှိနေရရင်လည်းLuပျော်ပါ သည်။ပြီးတော့Luကိုအခန်းတစ်ခုသပ်သပ်ပေးခဲ့ သည်။
Lu-"ဒီနေ့ကျွန်မမွေးနေ့။"
Hun-"ဟုတ်လား။ဘယ်နနှစ်ပြည့်လဲ။"
Lu-"၃၂၆နှစ်။"
Hun-"wooo....အဖွားကြီးဖြစ်နေပြီပဲ။"
Lu-"ဘာပြောတယ်။သာမန်လူတွေနဲ့တွက်ရင် အခုသက်တမ်းက၂၆နှစ်အရွယ်ပဲရှိသေးတာကို ဘာအဖွားကြီးလဲ။"
Hun-"ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်Lu အတွက်လက်ဆောင်ဝယ်လာတယ်။"
Hunပေးတဲ့လက်ဆောင်လေးကဂါဝန်အဖြူ ရောင်လှလှလေး။
Hun-"တခြားအရောင်ဆိုကြောင်ပြာတို့၊ကြောင်နီတို့၊ကြောင်စိမ်းတို့ဖြစ်သွားမှာစိုးလို့ အဖြူ လေးပဲဝယ်လာတယ်။"
Lu-"ခ်ခ်...ကျေးဇူးပဲ။အရမ်းလှတယ်။"
Hun-"Lu.."
Lu-"ဘာလဲ။"
ဟုပြောရင်းHunဘက်လှည့်လိုက်စဉ်HunကLu နှုတ်ခမ်းပါးလေးပေါ်အနမ်းတစ်ပွင့်ချွေလိုက် လေသည်။
Hun-"အရမ်းချစ်တယ်Lu။ကိုယ်Luကိုအရမ်း ချစ်တယ်။"
Luရှက်လွန်း၍မျက်နှာလည်းနီရဲနေပြီးခေါင်းကို လည်းငုံ့ထားလေသည်။
Lu-"Lu...Luလည်းHunကို..ချစ်ပါတယ်။"
LuကိုHunထွေးပွေ့ထားလိုက်လေသည်။ ထို့နောက်အနူးညံ့ဆုံးအနမ်းတို့ကိုဖန်တီးခဲ့ကြလေသည်။
ရွာတွင်-
LSM-"ပွဲတော်ရောက်ဖို့ကတစ်ပတ်ပဲလိုတော့ တယ်။မဖြစ်တော့ဘူး။သူ့ကိုငါ့ကိုယ်တိုင်ရှာမှ ဖြစ်မယ်။"
Hunတို့အိမ်တွင်ပွဲတော်မရောက်ခင်တစ်ရက်-
Hun-"ကိုယ်Luကိုလက်ထပ်ချင်တယ်။"
Lu-"မဖြစ်ဘူးထင်တယ်။ကျွန်မကလူစစ်စစ်မှ မဟုတ်တာ။"
Hun-"ဘာပဲဖြစ်ဖြစ်လေ။လက်ထပ်လို့ရတာပဲကို။"
Lu-"အဲဒါဆိုကျွန်မတို့နှစ်ယောက်တည်းတိတ် တိတ်လေးရိုးရာအတိုင်းလက်ထပ်ထားကြမယ် လေ။"
Hun-"ကောင်းတယ်။"
ထိုနေ့မှာပဲသူတို့နှစ်ယောက်ဘုန်းကြီးကျောင်း မှာလက်ထပ်ဖြစ်ခဲ့ကြသည်။လက်ထပ်လက်စွပ် လည်းဝတ်ဆင်ခဲ့ကြသည်။
ညရောက်သော်-
Hun-"Lu..."
Lu-"ဘာလဲ။"
Hun-"ဒီတစ်ညတော့အတူတူအိပ်မယ်လေ။"
Lu-"ဘာတွေလာပြောနေတာလဲ။ရှက်စရာကြီး။"
Hun-"ဒီတိုင်းပဲဖက်ထားချင်လို့ပါကွာ။လူသိရှင်ကြားလက်မထပ်ရမချင်းLuကိုဘာမှ မလုပ်ဘူး။စိတ်ချ။"
Lu-"ဟွန့်..ပြီးတာပဲ။"
Luတို့နှစ်ယောက်ထိုညလေးကိုတော့ဖြူ စင်စွာ ပဲကုန်ဆုံးစေလိုက်တော့သည်။
နောက်တစ်နေ့မနက်-
Hunထလာတော့သူ့ကိုပြုံး၍ကြည့်နေသောသူ့ ချစ်ရသူ။
Lu-"ထတော့လေHunရဲ့။Luတောင်မနက်စာ တွေအကုန်ချက်ပြီးနေပြီ။"
Hun-"ထချင်သေးဘူး။"
Lu-"ကလေးလည်းမဟုတ်တော့ပဲနဲ့။"
ဟုပြော၍Hunကိုရင်ခွင်ထဲဆွဲပွေ့လိုက်လေသည်။Hunကလည်းLuရဲ့ခါးကိုဖက်ထား၍ပြန်အိပ် နေလေသည်။
Lu-"ထပါဆိုနေမှ။အလုပ်နောက်ကျတော့မယ်"
Hun-"ပြီးတာပဲ။ထပြီထပြီ။"
Lu-"Aigoo...Hunကအိပ်ယာကထတာတောင် ချစ်စရာလေး။ရော့...သွားတိုက်တံနဲ့တဘက်။ ရေပါချိုးခဲ့နော်။အဝတ်တွေထုတ်ထားပေးမယ်။"
Hun-"ကိုယ့်Luလေးကအမေကြီးကျနေတာပဲ။"
Lu-"ကျွန်မရဲ့Hunကလည်းကလေးပေါက်စ ကျနေတာပါပဲရှင်။"
Hunအလုပ်သို့အသွားတစ်စုံတစ်ယောက်က မေ့ဆေးနှင့်အုပ်လိုက်ရာHunမေ့လဲသွားတော့ သည်။Luဆီသို့လည်းစာတစ်စောင်ရောက်လာ တော့သည်။
:မင်းသခင်ကိုကယ်ချင်ရင်ရွာကိုပြန်လာခဲ့။:
Luရောက်လာသောအချိန်ကပွဲတော်ချိန်နဲ့ကွက် တိပင်။တစ်ရွာလုံးကလူတွေရှိနေပြီးLSMက တော့စင်ပေါ်မှာ။Hunကိုတော့တိုင်မှာကြိုးနဲ့ ချည်ထားသည်။
Lu-"ကျွန်မရောက်လာပြီ။Hunကိုလွှတ်ပေးလိုက်ပါ။"
LSM-"ငါလည်းသူ့ကိုဖမ်းချင်လွန်းလို့မဟုတ်ပါဘူး။မင်းကိုပြောစရာရှိလို့။အခုပွဲတော်မှာငါတို့ ရိုးရာအတိုင်းထူးခြားတဲ့ကြောင်တစ်ကောင်ကို စတေးရမယ်။အဲဒါမှငါတို့မျိုးနွယ်ဘေးကင်းမှာ။"
Hun-"ဘာ!"
Lu-"ကျွန်မကိုစတေးခံစေချင်တာလား။"
LSM-"ငါတို့မျိုးနွယ်အတွက်လုပ်ပေးစေချင် တယ်။"
Hun-"မလုပ်နဲ့Lu!!!"
Lu-"တောင်းပန်ပါတယ်Hun..Luစတေးရလိမ့် မယ်။"
ယစ်ပလ္လင်ထက်မှာLuလှဲလိုက်ပြီးလက်တွေ၊ ခြေထောက်တွေကိုကောကြိုးတုတ်လိုက်တော့ သည်။ထို့နောက်LSMကမှော်စာအုပ်ကိုကြည့် လိုက်ပြီးဂါထာတွေစရွတ်တော့သည်။စာအုပ် ထဲတွင်ရေးထားသည်က"အပျိုစင်ဖြစ်သော အမြီးဆယ်ချောင်းကြောင်မ၏လည်ချောင်းသွေး ကိုသောက်လျှင်အဆုံးမရှိသောအစွမ်းများကို ပိုင်ဆိုင်မည်။"ဟူ၍။
LSMဓားကိုထုတ်လိုက်ပြီးLu၏လည်ချောင်းမှ အဓိကသွေးကြောကိုဖြတ်လိုက်လေသည်။ အောက်တွင်လည်းခွက်တစ်ခုခံထားလိုက် သည်။Hunကတော့မျက်လုံးတို့ကိုမှိတ်ထား၍ ငိုကြွေးနေမိသည်။ထိုစဉ်Lu၏သွေးတို့ကိုLSM သောက်လိုက်လေသည်။ချက်ချင်းမိုးတွေမဲတက် လာ၍လေတွေလည်းပြင်းထန်စွာတိုက်ခတ်လာ လေသည်။
LSM-"ဟားဟားဟားဟား...အဆုံးမရှိတဲ့စွမ်း အားတွေရပြီကွ။"
ရွာသား၁-"ခင်ဗျားဘာတွေပြောနေတာလဲ။"
LSM-"မင်းတို့အလိမ်ခံခဲ့ရတာကွ။အခုငါက အဆုံးမရှိတဲ့စွမ်းအားတွေရတော့မှာ။"
ရွာသား၂-"မင်းကငါတို့ရွာရဲ့ရတနာကိုကိုယ်ကျိုးအတွက်သုံးပစ်တယ်ပေါ့။မိုက်ရိုင်းတဲ့ကောင်။"
LSM-"မကြာခင်မင်းတို့လည်းသေရတော့မှာပါ"
ထိုစဉ်မိုးတွေသည်းထန်စွာရွာလာပြီးLSM၏ ပတ်ဝန်းကျင်ရှိမြေကြီးများအက်ကွဲကာတစ်ဖြည်းဖြည်းနစ်ဝင်လာတော့သည်။
LSM-"ဟင်!ငါဘာဖြစ်တာလဲ။"
ရွာသား၃-"အဲဒါမင်းကိုနတ်မင်းတွေကဒဏ်ခတ် လိုက်တာပဲ။"
ထိုစဉ်Zoroရောက်လာပြီး-
Zoro-"မဟုတ်ဘူး။ခင်ဗျား..အစီအရင်မှားတာ။"
LSM-"ဘာ!"
Zoro-"အမှန်တော့Luကလက်ထပ်ပြီးသား။သူ့ အပျိုစင်ဘဝမဆုံးရှုံးသေးဘူးဆိုပေမယ့်သူက လက်ထပ်ထားတာ။"
LSM-"မင်း..မင်းဘယ်လိုသိတာလဲ။"
Zoro-"Luပြောပြတာပေါ့။အခုတော့ခင်ဗျား အပြစ်တွေပြန်ပေးဆပ်လိုက်ပါအုံး။"
မကြာခင်ပဲLSMကြီးမြေကြီးအောက်ထဲရောက်ရှိသွားတော့သည်။Hunကိုလည်းZoro ကြိုးဖြည်ပေးလိုက်သည်။Hunလည်းLuနားကို ချက်ချင်းပြေးသွားလိုက်သည်။
Hun-"Lu...Lu"
Hunဘယ်လောက်ခေါ်ခေါ်Luကတော့မကြား နိုင်တော့။Luကိုဖက်ထား၍Hunငိုမိသည်။ ထိုနေ့မိုးတွေလည်းသည်းထန်စွာရွာနေခဲ့ပါသည်။Luခန္ဓာကိုယ်လေးလည်းပြာမှုန့်များအဖြစ် ပြောင်းလဲသွားပြီးHunနဲ့အတူကျန်ခဲ့သည်က လက်ထပ်လက်စွပ်လေး...
၅နှစ်ကြာသော်-
Hun-"Lu!Lu!"
Hunအိပ်ယာမှလန့်နိုးလာသည်။Luထွက်သွားပြီးကတည်းကHunတစ်ယောက်တည်းခက်ခဲခဲ့သည်။Luထွက်သွားသည့်နေ့ကို လည်းမကြာခဏအိပ်မက်မက်ခဲ့သည်။အခု အချိန်ထိလည်းLuကိုစောင့်နေတုန်းပင်။
နောက်တစ်နေ့Hun, Luတို့ရွာကိုသွားလည်ခဲ့ သည်။ရွာသားတွေနဲ့လည်းတော်တော်ရင်းနှီး နေပြီဖြစ်သည်။
Zoro-"ရောက်လာပြီလားယောက်ဖ။"
Hun-"ဟုတ်ကဲ့။"
Zoro-"ကျွန်တော်တစ်ခုပြောစရာရှိတယ်။ မနေ့ကစာတစ်စောင်ရောက်လာတယ်။ယောက်ဖအတွက်ဆိုပဲ။ဒီမှာပါ။"
Hunဖတ်ကြည့်လိုက်သော်-
/ယစ်ပလ္လင်ကိုလာခဲ့ပါ/
Hunနာကျင်စရာအတိတ်တွေကိုပြန်မကြည့် ချင်တော့ပေမယ့်ထိုနေရာကိုတော့သွားခဲ့ပါ သည်။Hunမမြင်လိုက်သည်ကZoro၏လျှို့ဝှက် သောအပြုံး...
ယစ်ပလ္လင်သို့ရောက်သော်-
Hun-"ဘယ်သူမှလည်းမရှိဘူး။"
ရုတ်တရက်နောက်မှလက်တစ်စုံကHunခါးကို ဖက်လိုက်လေသည်။Hunလည်းလန့်ပြီးနောက် လှည့်ကြည့်လိုက်ရာ-
Hun-"Lu...."
Lu-"စောင့်ရတာကြာသွားလား။"
Hun-"ဘယ်လိုလုပ်...ကိုယ်အိပ်မက်မက်နေတာမဟုတ်ပါဘူးနော်။"
Lu-"မဟုတ်ပါဘူး။Luဒီလိုပြန်ဖြစ်အောင်မနည်း လုပ်ထားရတာ။အခုတော့လူသား တစ်ယောက်အဖြစ်အသက်ရှင်နိုင်ခဲ့ပြီလေ။"
Hun-"လူသား?"
Lu-"Luလူဖြစ်သွားပြီ။"
Hun-"ဟုတ်လား။ကောင်းတာပေါ့။ပြန်လာ ပေးလို့ကျေးဇူးတင်ပါတယ်Lu..အခုကိုယ်နဲ့ အတူလိုက်ခဲ့ပေးနိုင်မလား။"
Lu-"အင်း.."
Hun-"ချစ်တယ်Lu..."
Lu-"Luလည်းချစ်ပါတယ်Hun.."
Hunလည်ပင်းကိုLuလက်နှစ်ဖက်နှင့်သိုင်းဖက် ထားလိုက်ပြီးနှုတ်ခမ်းနှစ်ခုတို့ကိုထပ်တူ ကျစေလျက်အနမ်းတို့ဖြင့်အလှပဆုံးသောအချိန်လေးကိုပုံဖော်လိုက်ကြတော့သည်။
💗 ပြီးပါပြီ💗
🐱🐱🐱🐱🐱🐱🐱🐱🐱🐱🐱🐱🐱🐱🐱
ဒါကauthorရဲ့ပထမဆုံးone shotလေးပါ။
ကောင်းရဲ့လားဟင်...အရေးအသားမကောင်း ရင်ခွင့်လွှတ်ကြပါနော်။